သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-19
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နဲ့မိုင်းရယ်မြို့နယ်တွေမှာ အစိုးရ တပ်မတော်နဲ့SSPP/SSA တပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နမ္မကျေးရွာအုပ်စုက ဒေသခံတွေ သီပေါနဲ့လားရှိူးမြို့တွေကို ထွက်ပြေးလာနေကြပါတယ်။
2016-05-19
ဖမ်းဆီးခံထားရတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံက သပိတ်မှောက် အလုပ်သမားတွေနဲ့ ဝန်းရံကူညီသူ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ ကျောင်းသားတွေကို လွှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
2016-05-19
မြန်မာတောင်တက်သမား ၂ ဦးဟာ အမြင့်ပေ ၂၉ဝ၂၉ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ဒီကနေ့ မနက်က တက်ရောက်နိုင်ခဲ့ပါပြီ။
2016-05-19
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူ မှုတွေကြောင့် ဘဏ်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိတယ်လို့ သိရတဲ့အတွက် ပိတ်ဆို့အရေးယူမှုကို ပြန်လည် သုံးသပ်ပြီး ပြင်ဆင်လိုက်တာဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောပါတယ်။
2016-05-19
မကွေးတိုင်းအစိုးရအနေနဲ့ မြေယာပြဿနာတွေ၊ ရေနံ တွင်းတွေကနေ အခွန်မှန်မှန်ကန်ကန်ရဖို့ ကိစ္စတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုနှိမ်နင်းရေး အပါအဝင် အခြားကိစ္စတွေ ဆောင်ရွက်နေသလို၊ ဒီလုပ်ရပ်တွေ အကောင်အထည်ဖေါ်တဲ့အခါ အထွေထွေအုပ်ချုပ်ရေးမှူးတွေရဲ့ ပူးပေါင်းဆောင် ရွက်မှု အားနည်းတာတွေရှိနေတယ်လို့ သိရပါတယ်။
2016-05-19
ဘင်္ဂလားပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ 01B (ဇီးရိုးဝမ်းဘီ) လို့ခေါ်တဲ့ မုန်တိုင်းဟာ လာမယ့် ၄၈ နာရီအတွင်း အားကောင်း လာနိုင်ပြီး ရခိုင်ကမ်းရိုးတန်းဒေသတွေဘက်ကို မုန်တိုင်း အဖျားခတ်ပြီး မိုးကြီးနိုင်တဲ့အတွက် သတိထားကြဖို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြား လိုက်ပါတယ်။
2016-05-19
မိုးကုတ်မြို့က ရေပူဆရာတော် ဦးဣန္ဒကကို "တရားမဝင်သစ် သိမ်းဆည်းထားမှု" နဲ့ ငွေဒဏ် ၂ သောင်း ပေးဆောင်ဖို့၊ မပေးဆောင်နိုင် ရင် ထောင်ဒဏ် ၃ လကျခံဖို့ ပြင်ဦးလွင်မြို့နယ် တရားရုံးက ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။
2016-05-19
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမတွေကို ၂ဝ၁၇- ၂ဝ၁၈ ပညာသင်နှစ်ကစပြီး လက်ရှိ ထောက်ပံ့ချီးမြင့်ငွေထက် ၂ ဆ တိုးပြီး ထောက်ပံ့သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
2016-05-19
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အသီးသီးမှာ အမှိုက်သိမ်းစနစ် ပိုမိုကောင်းမွန်ရေးနဲ့ လာမယ့်မိုးရာသီမှာ အမှိုက်တွေပိတ်ဆို့ပြီး ရေကြီး၊ ရေလျှံတွေမဖြစ်အောင် အမြန်ဆုံး ဖြေရှင်းပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။
2016-05-19
နေပြည်တော်ကို ချီတက်ဆန္ဒပြနေတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ ဝန်းရံကူညီသူတွေကို တပ်ကုန်းမြို့အနီး နေပြည်တော်ကောင်စီနယ်မြေအဝင်မှာ ရဲတပ်ဖွဲ့က တားဆီးလိုက်ပြီး၊ အလုပ်သမားတွေနဲ့ ဝန်းရံသူတွေကို ဖမ်းဆီးလိုက်ပါတယ်။
2016-05-19
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အားလုံး ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရရှိလာစေဖို့နဲ့၊ ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က တိုက်တွန်းလိုက်ပါတယ်။
2016-05-19
တနင်္သာရီတိုင်း မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ကုန်းဖောက်ရပ်ကွက်မှာ ထူးထူးတိုး အပြည်ပြည်ဆိုင်ရာ ဥစားကြက်မွေးမြူရေးခြံကနေ ရေအပုပ်တွေဟာ အနိမ့်ဖက်လူနေရပ်ကွက်တွေက သောက်သုံးရေတွင်းတွေထဲ စိမ့်ဝင်နေသလို ကြက်ခြံကထွက်တဲ့ အနံဆိုးတွေကြောင့် အနီးနားကရပ်ကွက်တွေ နေထိုင်မရဖြစ်နေပါတယ်။
2016-05-19
စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ ဝန်းရံ ကူညီသူတွေကို ရန်ကုန်-မန္တလေး လမ်းဟောင်းက တပ်ကုန်းမြို့အနီး နေပြည်တော်ကောင်စီနယ်မြေ အဝင်မှာ ရဲတပ်ဖွဲ့က အလုပ်သမားတွေနဲ့ ဝန်းရံသူတွေအားလုံးကို ဖမ်းဆီးခဲ့ပြီး အလုပ်သမားခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေကို တရားစွဲမယ်လို့ ပြောပါတယ်။
2016-05-19
တနင်္သာရီတိုင်း မြိတ်မြို့မှာ အနံ့ဆိုးတွေ ထွက်နေတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ ၅ ခုနဲ့ ကြက်မွေးမြူရေးခြံကို မြို့ထဲကနေဖယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
2016-05-19
၂၀၁၆ -၂၀၁၇ ပညာသင်နှစ်မှာ ကျောင်းအပ်နှံမယ့် ကျောင်းသားမိဘတွေဆီကနေ ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းလက်ခံတာ၊ ကျောင်းသုံးပစ္စည်းရောင်းချတာတွေ မလုပ်ဖို့ ပညာရေးဝန်ထမ်းတွေကို ဝန်ကြီးဌာနက မနေ့က သတိပေးကြေညာချက်ထုတ်လိုက်ပါတယ်။ ဒါ့အပြင် အစိုးရက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအလိုက် ကျောင်းသား ကျောင်းသူတွေကို ကျောင်းသုံးပစ္စည်း ထောက်ပံ့တာတွေ၊ ကျောင်းလခ ကင်းလွတ်ခွင့်ပေးတာတွေ စီစဉ်ထားကြောင်း လည်း ပါရှိပါတယ်။