သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-18
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲကို မြန်မာဘက်ကပစ်ခတ်မှုမရှိဘူးလို့ မြန်မာအစိုးရက ငြင်းဆိုပါတယ်။ မေလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် The Daily Star သတင်းစာမှာ မြန်မာဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နယ်စပ်ထဲ ကျရောက်တယ်လို့ ရေးသားထားကြောင်း သိရပါတယ်။
2016-05-18
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးသစ်ဆင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-05-18
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဘေး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီထောက် ပံ့ပေးကြဖို့ ရန်ကုန်အခြေစိုက် ရခိုင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေး ပူးပေါင်းကော်မတီက မနေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး၊ ပြည်တွင်းပြည်ပ က စေတနာရှင်တွေကို ပန်ကြားလိုက်ပါတယ်။
2016-05-18
စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ ဝန်းရံကူညီသူတွေကို နေပြည်တော်ကောင်စီနယ်မြေအဝင်မှာ မနေ့က လူစုခွဲ ဖမ်းဆီးခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Equality Myanmar အဖွဲ့က ဒါရိုက်တာ ဦးအောင်မျိူးမင်း ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-05-18
မြန်မာသမ္မတ ဦးထင်ကျော်ဟာ ရုရှားနိုင်ငံ ဆိုချီမြို့မှာ ဒီကနေ့ မေလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ရုရှား-အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဆိုချီမြို့မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
2016-05-18
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဟာ လာမယ့်ဇွန်လအတွင်း မြန်မာနိုင်ငံကို အလည်ပတ်လာရောက်မယ်လို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
2016-05-18
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိတာကြောင့် အမေရိကန်သံရုံးက ရိုဟင်ဂျာ လို့ ခေါ်ဝေါ်သုံးနှုန်းတာကို ကန့်ကွက်ကြောင်း ဧရာဝတီတိုင်း အမျိုးသားရေးညွန့်ပေါင်း အဖွဲ့က ပုသိမ်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-05-18
ရန်ကုန်ဆိပ်ကမ်းမှာ စုပြုံရောက်ရှိနေတဲ့ ကုန်သေတ္တာ ကွန်တိန်နာ အလုံးရေ တစ်သောင်းကျော်ကို ဆိပ်ကမ်းကနေ လာမယ့်သုံးပတ်အတွင်း အမြန်ဆုံးဖယ်ရှားပေးဖို့ စီပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပိုင်ရှင်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေကို ပြော ကြားလိုက်ပါတယ်။
2016-05-18
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အားလုံး ဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိလာစေဖို့နဲ့ ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို လေးစားလိုက်နာကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2016-05-18
မြန်မာနိုင်ငံမှာ ပြည်ထောင်စုစနစ်ကို ဦးတည်သွားမယ်ဆိုရင် လူများစု တိုင်းရင်းသားနဲ့ လူနည်းစု တိုင်းရင်းသား အခွင့်အရေးတွေကို ဟန်ချက်ညီအောင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောပါတယ်။
2016-05-18
ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်မကျေးရွာ အနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် SSPP/SSA တပ်တွေ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2016-05-18
ကရင်အမျိုးသား နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ထိုင်း မြန်မာနယ်စပ် KNU ထိန်းချုပ် နယ်မြေ လော်ခီးလာ (ခေါ်) လေးဝါး စခန်းမှာ မေလ ၁၆ ရက်နေ့က စတင်ပြီး ၅ ရက်ကြာ ကျင်းပနေပါတယ်။
2016-05-18
မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒက ကို တရားမဝင်သစ် လက်ဝယ် ထားရှိမှုနဲ့ ပြင်ဦးလွင်မြို့နယ် တရားရုံး က ငွေဒဏ် ကျပ် ၂သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချလိုက် ပါတယ်။
2016-05-18
အစိုးရသစ်လက်ထက်မှာ ပထမဆုံးချေးငွေ အဖြစ် ကမ္ဘာ့ဘဏ်ကနေ အမေရိကန် ဒေါ် လာ သန်း ၂၀၀ ချေးယူဖို့ နိုင်ငံတော်သမ္မတ က တင်ပြတာကို ပြည်ထောင်စု လွှတ်တော် က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-05-18
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာ မနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန်က ကောင်းခါးကျေးရွာမှာ ရောက် ရှိနေတဲ့ ခမရ ၅၀၃ စစ်ကြောင်းမှူးအပြင် စစ်ကြောင်းမှာပါတဲ့ တပ်မတော်သားအားလုံးကို စစ်ဆေးမေးမြန်းဖို့ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ထံ တောင်းဆိုလိုက်ပါတယ်။