သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-18
စစ်ကိုင်းမြို့Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမား သပိတ် စစ်ကြောင်းမှာ ပါဝင်သူအားလုံး ကို နေပြည်တော် တပ်ကုန်းမြို့အဝင်အနီး မှာ ဒီကနေ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး၊ သပိတ်ခေါင်းဆောင်တွေနဲ့ ဝန်းရံသူတွေကို တရားစွဲဆိုသွား ပြီး အလုပ်သမားတွေကို စစ်ကိုင်းပြန်ပို့မယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။
2016-05-18
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ မှာ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာ မတွေအတွက် ထောက်ပံ့ကြေးကို လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ နှစ်ဆတိုးမြှင့်ပေးသွား မှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-05-18
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီ အဖွဲ့ဝင် ၈ ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်တာဟာ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရဲ့ သဘော တူညီချက် နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။
2016-05-18
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မှာ မြန်မာဘက် က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကြောင်း ရေးသားတဲ့ ကိစ္စဟာမှားယွင်းကြောင်း မြန်မာဘက်က ပစ်ခတ်တာ မရှိကြောင်း မြန်မာအစိုးရက ငြင်းဆိုလိုက်ပါတယ်။
2016-05-18
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာမှာ စင်္ကာပူလိုဖြစ်အောင် ဆောင်ရွက်မှာ မဟုတ် ဘဲ မြန်မာပြည်ရဲ့ ကိုယ်ပိုင်ပုံစံနဲ့သာ တိုးတက်အောင် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-05-18
တနင်္သာရီတိုင်း မြိတ်မြို့က တိရစ္ဆာန်အစာ ထုတ် လုပ်တဲ့ ငါးအမှုန့်ကြိတ်စက်ရုံ ၅ ခု ရှိနေပါတယ်။ ဒီစက်ရုံတွေကထွက်တဲ့ အပုပ်နံ့ဆိုးတွေကြောင့် မြို့ခံတွေက စက်ရုံတွေရွှေ့ပေးဖို့ လိုလားနေကြ ပါတယ်။
2016-05-18
ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်က မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးကို အသစ်ပြန်ဆောက်ဖို့အတွက် ဈေးသူဈေးသားတွေရဲ့ ဆန္ဒသဘောထားကို မဲရယူပြီးနောက် ဈေးသစ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်
2016-05-18
စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ကနေ ၅ မိုင်အကွာမှာရှိတဲ့ ပြတိုက်ကျေးရွာမှာ ရောက်ရှိနေပါတယ်။ ဒီအလုပ်သမားတွေ နေပြည်တော်ကို မဝင်ဖို့အတွက် ရဲတပ်ဖွဲ့က တားဆီးထားပါတယ်။
2016-05-18
တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၇ ခု တည်ဆောက်ဖို့ အရင်အစိုးရ လက်ထက်ကတည်းက လျာထားခဲ့ပြီး၊ တချို့စက်ရုံတွေက နားလည်မှုစာချွန်လွှာတွေ ထိုးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်ရုံတွေ တည်ဆောက်မယ့်အစီအစဉ်ကို လက်ရှိ အစိုးရလက်ထက်မှာ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောလိုက်ပါတယ်။
2016-05-18
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်တဲ့ဥပဒေကို ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ထုတ်ပြန်လိုက်ပါတယ်။
2016-05-18
ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က စတင်ပြီး စစ်ကိုင်းမြို့ ကနေ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာ တဲ့ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ဒီနေ့ နေပြည်တော်ကောင်စီ နယ်မြေကို ရောက်ဖို့ ၅ မိုင်အကွာက ရမည်းသင်းမြို့ နယ်၊ ပြတိုက်ကျေးရွာကို ရောက်ရှိနေပါတယ်။
2016-05-18
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ပိုမိုများလာ တာကြောင့် တိုက်ပွဲတွေရပ်ဆိုင်းရေးအတွက် အစိုးရအနေနဲ့ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေး အရ ဆွေးနွေးသင့်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်း က ပြောပါတယ်။ ဦးထွန်းအောင်သိန်းကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-05-17
အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း ပြည်သူတွေ ကြုံနေရတဲ့ မီးပျက်မှု၊ ရာသီဥတု ပူပြင်းမှု၊ မိုးခေါင်ရေရှားမှု ဒုက္ခတွေလျော့ပါးသက်သာရေးအတွက် ဘာတွေဦးစားပေးလုပ်ဆောင်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ပြည် သူတွေအရေး ဆောင်ရွက်နေသူ မြန်မာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် အဖွဲ့ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2016-05-17
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုကို ပြင် ဆင်ဖြည့်စွက်မှုတွေနဲ့အတူ နောက်ထပ်သက်တမ်း တစ်နှစ်တိုးလိုက်ပါတယ်။
2016-05-17
မြန်မာနိုင်ငံမှာ နိုင်ငံရေးအသွင်ကူးပြောင်း မှုတွေ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ မှုတွေကြောင့် အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေး ယူမှုတချို့ကို ဖယ်ရှားပေးလိုက်သလို၊ တစ်ဘက်မှာလည်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ မြောက်ကိုရီးယား နဲ့ ကုန်သွယ်ဆက်ဆံမှုတွေကြောင့် ပိတ်ဆို့အရေးယူမှုတချို့ ကို သက်တမ်းတိုးလိုက်ကြောင်း သမ္မတ အိုဘားမား က မေ လ ၁၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။