သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-10
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ မြိုင်ကြီးငူ ဆရာတော်က စေတီများတည်နေတဲ့ကိစ္စဟာ ဥပဒေနဲ့ရော ဝိနည်းနဲ့ပါ မကိုက်ညီဘူးလို့ မန္တလေးမြို့ မြဝတီကျောင်းတိုက်က အရှင် အရိယာဘိဝံသ က မိန့်ပါတယ်။
2016-05-10
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ဖို့ အစီစဉ်ရှိ၊ မရှိ လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့သလို အမျိုးသားလွှတ်တော် မှာလည်း ဥပဒေကြမ်းကော်မတီက အဲ့ဒီဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းကို မေလ ၆ ရက်နေ့က တင်သွင်းထားပါတယ်။
2016-05-10
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာ နဲ့ ရွှေဂွန်းကျေးရွာတို့မှာ မြိုင်ကြီးငူဆရာတော် တည်ထားတဲ့စေတီတွေကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဒီနေ့ လာရောက်ကြည့်ရှုခဲ့ပါတယ်။
2016-05-10
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူနဲ့ လုံးခင်းကျေးရွာတဝိုက်မှာ မနေ့ကညအထိ ပေါက်ကွဲမှု ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်မှာလည်း မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
2016-05-10
နိုင်ငံတကာ သတင်းလောကရဲ့ အမြင့်ဆုံး သတင်းထူးချွန်ဆု ပူလစ်ဇာဆု ရရှိခဲ့တဲ့ ကချင်တိုင်းရင်းသူ သတင်းထောက် Esther Htusan နဲ့ အမေရိကန်အစိုးရက ချီးမြှင့်တဲ့ မျိုးဆက်သစ် ကမ္ဘာ့လူငယ်ခေါင်းဆောင်ဆု ရရှိခဲ့တဲ့ မသဉ္ဇာ ရွှန်းလဲ့ရည်တို့ကို အမျိုးသမီး အရပ်ဘက် အဖွဲ့အစည်းတွေက ဂုဏ်ပြုပွဲကျင်းပခဲ့ကြပါတယ်။
2016-05-10
ရခိုင်ပြည်နယ်မှာ ဆားလုပ်ငန်းတွေ ပြန်လည်ဖ့ွံဖြိုး တိုးတက်လာဖို့အတွက် ပညာရှင်တွေနဲ့ ဒေသခံ ဆားတောင်သူတွေ စစ်တွေမြို့မှာ မတ်လ ၈ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
2016-05-10
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နဲ့အတူ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-05-10
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ကို ဒေသခံတောင်သူတွေက လေးရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။
2016-05-10
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ NLD ပါတီအစိုးရ တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မေလ ၇ ရက်နေ့က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2016-05-10
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ "ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ" ကို ပြန်လည်ပြင်ဆင်ဖို့ မရှိဘူးလို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မေလ ၉ ရက်နေ့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2016-05-09
စင်ကာပူနိုင်ငံကို လာရောက်လည်ပတ် တဲ့ မြန်မာနိုင်ငံသားတွေ သိသိသာသာ တိုးများလာနေတယ်လို့ စင်ကာပူ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ပြောကြားလိုက်ပါတယ်။
2016-05-09
ရှမ်းပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်ဆိုင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတစ်ရပ် မကြာခင်ကျင်းပမှာဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်မယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကပြောပါတယ်။
2016-05-09
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သား အလုပ်သမားတွေအပေါ် အလုပ် သမားအခွင့်အရေး တန်းတူပေးစေလိုကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ထိုင်းနိုင် ငံခြားရေးဝန်ကြီးနဲ့ ဒီနေ့တွေ့ဆုံစဉ် ပြောပါတယ်။
2016-05-09
ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး ဝန်ကြီး သူရဦးအောင်ကိုဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း မြိုင်ကြီးငူဆရာတော်မှ စေတီများတည်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လျောက်ထားဖို့ ဒီကနေ့ ကရင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။
2016-05-09
အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တိုင်းမှာ ပါသင့်ပါထိုက်သူတွေ ပါဝင်ခွင့် ရရှိရေးကို ဦးတည်ဆောင်ရွက်ကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းလိုက်ပါတယ်။