သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-09
၁၉၇၅ ခုနှစ်က ပြဌာန်းထားတဲ့ နိုင်ငံတော် အား နှောင့်ယှက်ဖျက်ဆီးလိုသူများရဲ့ ဘေး အန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ပြန်လည်ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-05-09
သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင် စုဝန်ကြီး သူရဦးအောင်ကိုက မြိုင်ကြီးငူ ဆရာတော် ဦးသုဇနကို ဒီနေ့ မနက်ပိုင်းက သွားရောက်တွေ့ဆုံဖို့ ကြိုးစားပေမဲ့ တွေ့ဆုံခွင့်မရခဲ့ဘူူးလို့ ကရင်ပြည်နယ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက ပြော ပါတယ်။
2016-05-09
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ် ချုပ်ရေး ဥပဒေကို လတ်တလော မှာ ပြင်ဆင်ရေးဆွဲဖို့ အစီအစဉ် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက် ပါတယ်။
2016-05-09
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မှာ ဘောကထ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပိုင်တဲ့ သူးလေကုမ္ပဏီနဲ့ နော်ေ၀ Norconsult ကုမ္ပဏီတို့ နှစ်နှစ်ကြာ လေ့လာမှု ပူးပေါင်းပြု လုပ်ပြီးနောက်မှ ဆက်လုပ်သင့် - မလုပ်သင့် ဆိုတာ ဆုံးဖြတ်မှာဖြစ်ကြောင်း စီမံကိန်းနဲ့ပတ်သက်တဲ့ တာဝန်ရှိ သူတွေက ဒေသခံတွေကို ဒီနေ့ ပြောကြားခဲ့ပါတယ်။
2016-05-08
ရခိုင်ပြည်နယ်မှာ ဆားလုပ်ငန်းတွေ ပြန်လည် ဖ့ွံဖြိုး တိုးတက်လာဖို့အတွက် ပညာရှင်တွေနဲ့ ဒေသခံ ဆားတောင်သူတွေ စစ်တွေမြို့မှာ ဒီနေ့ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-05-08
ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ အထောက်အပံ့တွေ ရရှိစေရေး နဲ့ပတ်သက်ပြီး ရခိုင်ပါတီကိုယ်စားလှယ်တွေက ဒီကနေ့ကျင်းပမဲ့ ပြည်သူလွှတ်တော်မှာ အရေးကြီးအဆို အဖြစ် တင်သွင်းမယ်လို့ သိရပါတယ်။
2016-05-08
သမ္မတ ဦးထင်ကျော် မေလ ၇ ရက်နေ့က ဖွဲ့စည်းပေးလိုက်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်စုစုနွေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-05-08
ဖားကန့်မြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးနှစ်ကြိမ်ကွဲခဲ့ပါတယ်။
2016-05-08
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း ဆောင်ရွက်တာ မဟုတ်ဘူးဆိုပြီး ဒေသခံတွေက ၄ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှာ တင်ပြမေးမြန်းသွားမယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောပါတယ်။
2016-05-08
မြေယာသိမ်းမှုပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ရေး အတွက် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်မယ့် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဖဲ့ွစည်းပေးလိုက်ပါတယ်။
2016-05-08
တစ်နိုင်ငံလုံးက မူလတန်းပြဆရာ၊ ဆရာ မတွေ ရာထူးတိုးစာမေးပွဲ ဖြေဆိုရမယ် ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းပေးစေလိုကြောင်း ဆရာ ဆရာမတွေက တောင်းဆို လိုက်ပါတယ်။
2016-05-08
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မှာ စိုက်ပျိုးမြေအဖြစ် လုပ်ပိုင်ခွင့်ချထားပေး တဲ့ မြေနေရာတွေမှာ ခြံစည်းရိုးခတ်ပြီး အကွက်ရိုက်ရောင်းချနေတာတွေကို တိုင်းဒေသကြီး အစိုးရက မနေ့ကစပြီး လိုက်လံဖယ်ရှားနေပါတယ်။
2016-05-08
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာ ဟာ ပါတီကနေ နှှုတ်ထွက်လိုက်ပါတယ်။
2016-05-08
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်က ကျေးရွာတွေမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်တွေ ဒီရက်ပိုင်း အတွင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ပိုများလာ ပါတယ်။
2016-05-08
ဒီကနေ့ မေလ ၈ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ စစ်ဖြစ်ပွားတဲ့နေရာတွေ အပါအဝင် သဘာဝဘေးအန္တရာယ် နဲ့ လူမှုဒုက္ခခံစားရသူတွေကို ကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။