သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-07
မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေ အခြေခံရပိုင်ခွင့်တွေ အမှန်တကယ်ရရှိရေးနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် အလုပ်သမားရေးရာ ဒု-တာဝန်ခံ ဒေါ်မာမာဦး၊ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ အာရှလူ့အခွင့်အရေးကော် မရှင်က ရှေ့နေ ဦးမင်းလွင်ဦးတို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2016-05-07
ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာနေပါတယ်။
2016-05-07
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးကို ရန်ကုန်မြို့ ၉ မိုင်က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရုံးမှာ ကျင်းပခဲ့ပါတယ်။
2016-05-07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို အရင်အစိုးရ ပြဌာန်းခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေအရ အမှုဖွင့်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။
2016-05-07
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ပညာရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီး သဘောထားအမြင် ရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ ကျင်းပမယ်လို့ သိပါတယ်။
2016-05-07
တရုတ် မြန်မာနယ်စပ် ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က မိုးကြီးပြီး ရေတိုက်စားတာကြောင့် နေအိမ် ၂ဝဝ ကျော် ပြိုကျပျက်စီးခဲ့သလို လမ်းတံတားတွေလည်း ပျက်စီးခဲ့ပါတယ်။ ကယ်ဆယ်ရေးအတွက် တပ်မတော် လေယာဉ်နဲ့သာ သွားလာနိုင်တဲ့ နေရာဖြစ်တာကြောင့် အခုမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။
2016-05-07
မြန်မာနိုင်ငံမှာ အနာဂတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပေးမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အသစ်ပြင် ဆင်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
2016-05-07
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အရှေ့မြောက်ဘက် ၁၀ မိုင်ကျော်အကွာက နန့်စန်း ၃ ကျေးရွာ တစ်ဝိုက်မှာ အစိုးရရဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် စကခ - ၇ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အကြား ဒီကနေ့ မနက် ၁၀ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။
2016-05-07
လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက ငြိမ်း ချမ်းရေးကို လိုချင်မှသာ ပြည်တွင်း စစ်ပြဿနာတွေ ရပ်စဲသွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ပြောပါတယ်။
2016-05-07
မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ် လမ်းမကြီး ၃ ခုမှာရှိတဲ့ ကျူးကျော်ဈေးဆိုင်နဲ့ နေအိမ် စုစုပေါင်း ၆၀ ကျော်ကို ၁၀ ရက် အတွင်း ဖယ်ပေးဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက ညွှန် ကြားထားပါတယ်။
2016-05-07
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ မြေနေရာတွေ မှာ ဒေသခံရွာသားတွေက ထွန်ယက် စိုက်ပျိုးဖို့ပြင်ဆင်နေတဲ့ အတွက် ကုမ္ပဏီ ဝန်ထမ်းတွေက တားမြစ်ရာမှာ နှစ်ဖက် အငြင်းပွားမှုဖြစ်နေတာကြောင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဒီနေ့ သွားရောက်ညှိနှိုင်းပေမယ့် ပြေလည်မှုမရရှိ ခဲ့ပါဘူး။
2016-05-07
ရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အထူးဒေသ ၄ NDAA မိုင်းလား ဒေသမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့လို့ လူ ၆ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားပါတယ်။
2016-05-07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုထားတဲ့ အစီအရင်ခံစာအတိုင်း အကောင်အထည်ဖော် မပေးတဲ့အတွက် စီမံကိန်းကို ရပ် ဆိုင်းပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာ ရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီရှေ့မှာ မြေယာလျော်ကြေးငွေ မယူ ထားတဲ့ ဒေသခံတောင်သူ တစ်ရာလောက်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-05-07
NLD အစိုးရကို တိုင်းရင်းသားတွေ အားကိုးလို့ မရတော့ကြောင်းနဲ့ တိုင်းရင်းသား မဟာမိတ် အဖွဲ့တွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်တွေကိုသာ အားကိုးရမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
2016-05-07
တရုတ်-မြန်မာနယ်စပ် ကချင်ပြည် နယ် ဆော့လော်မြို့နယ်မှာ မိုးကြီးလေပြင်း တိုက်ခိုက်ပြီး တောင်ကျချောင်းရေ တိုက် စားမှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရ တဲ့ ဒေသခံ တစ်ထောင်ကျော်အတွက် အစိုးရနဲ့ တပ်မတော် တို့ ပူးပေါင်းပြီး ဒီကနေ့အထိ ငွေ ကျပ်သိန်းလေးရာနီးပါးနဲ့ ဆန်အိတ် နှစ်ထောင်ဝန်းကျင်ကို လှူဒါန်းခဲ့ပါတယ်။