သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-03
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် မြို့မရဲစခန်းက ရဲတပ်သား ၁၆ ဦးနဲ့ စခန်းတာဝန်ရှိသူတွေဟာ အလုံမြို့နယ်က ရပ်ကွက်နှစ်ခုမှာ ပြည်သူတွေနဲ့ ဒီနေ့ လိုက်လံတွေ့ဆုံခဲ့ပါတယ်။
2016-05-03
ရခိုင်ပြည်နယ် စစ်တွေမြို့က ဘောဒူဖ အမှတ်(၂) မွတ်စလင် ဒုက္ခသည်စခန်းမှာ ဒီနေ့မနက်က မီးလောင်ကျွမ်းခဲ့ရာမှာ ၈ ခန်းတွဲ တဲတန်းလျားပေါင်း ၅၅ လုံး ပျက်စီးပြီး လူပေါင်း ၁၇၀၀ ကျော် လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေပါတယ်။
2016-05-03
မြန်မာ့လယ်ယာနဲ့ စိုက်ပျိုးရေးကဏ္ဍ ရဲ့ နိုင်ငံခြားပို့ကုန်မူဝါဒတွေ တိုးတက်ကောင်းမွန်ဖို့နဲ ဒေသခံတောင် သူတွေရဲ့ဘဝ မြင့်တက်ဖို့ USAID အနေနဲ့ အကူအညီပေး သွားမယ်လို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ အုပ်ချုပ်ရေးမှူး Gayle Smith က ဒီကနေ့ ပြောလိုက်ပါတယ်။
2016-05-03
မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့်အတန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၄၃ နေရာမှာ ရှိနေတာကြောင့် သတင်း လွတ်လပ်ခွင့်တိုးတက်လာဖို့ ဝိုင်းဝန်းဆွေးနွေးကြဖို့ လိုအပ် တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် က ပြောလိုက် ပါတယ်။
2016-05-03
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဂျပန်နိုင် ငံခြားရေးဝန်ကြီး Fumio Kishida တို့ဟာ သမ္မတ အိမ်တော်မှာ ဒီနေ့ တွေ့ဆုံပြီး သီလဝါအထူး စီးပွားရေးဇုန်မှာ ဂျပန်လုပ်ငန်းရှင်တွေ ဆက်လက် ရင်းနှီး မြှုပ်နံှရေးအပါအဝင် အချက် ၇ ချက်ကို ဆွေးနွေးခဲ့ ကြပါတယ်။
2016-05-03
'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ခေါင်းဆောင်တွေနဲ့ ၀ ဒေသ ပန်ဆန်းမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင် ဦးစိုးဌေးကို ကော်မတီဝင်အဖြစ်ကနေ ဒီနေ့ ထုတ်ပယ်လိုက်ပါတယ်။
2016-05-03
နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံ့အကြီး အကဲတွေကို ဖေ့ဘွတ်စ်မှာ ပုတ်ခတ်ရေး သားခဲ့တဲ့အတွက် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ချုပ် က ဦးဝေယံအောင်က ဧရာဝတီ တိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့် လိုက်ပါတယ်။
2016-05-03
မကွေးတိုင်း ရေနံချောင်းမြို့မှာလည်း အလုပ် သမားနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။
2016-05-03
မန္တလေးတိုင်း ရမည်းသင်းမြို့က လေဘေးသင့် ပြည်သူတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မေလ ၁ရက်နေ့က သွားရောက်တွေ့ဆုံပြီး အလှူငွေနဲ့ စားနပ် ရိက္ခာတွေ ထောက်ပံ့ခဲ့ပါတယ်။
2016-05-03
အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့အတွက် နေပြည်တော်ကို လမ်းလျှောက် ချီတက်လာကြတဲ့ စစ်ကိုင်းမြို့က Myanmar Veneer စက်ရုံအလုပ်သမားတွေ ဟာ ဒီကနေ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာ ကို ရောက်ရှိလာကြပါတယ်။
2016-05-03
မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အလုပ်သမား စေလွှတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို မေလအတွင်း လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2016-05-03
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးအတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား... စတဲ့ မြို့နယ် ၉ ခု နဲ့ ရန်ကုန်မြို့မှာ မေလ ၁ ရက်နေ့က တပြိုင်တည်း ဆန္ဒပြခဲ့ကြပါတယ်။
2016-05-03
မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေကို ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နဲ့ နေပြည်တော်က ပျဉ်းမနားသကြားစက်ရုံတို့မှာ ကျင်းပခဲ့ပြီး၊ သမ္မတဦးထင်ကျော်က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
2016-05-03
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းတွေ စုပေါင်းပြီး အခြေခံ လုပ်အားလစာ အပြည့်အဝ ရရှိရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတခုကို ချင်းမိုင်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-05-03
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန် ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အလုပ်သမားစေ လွှတ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်ကို မေလအတွင်း လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။