သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-24
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲ သမိန်ကျေးရွာမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေး အဆောက်အဦ တစ်ခုနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံခဲ့ရတယ် လို့ ပဲခူးတိုင်းဒေ သကြီး အစိုးရအဖွဲ့က ပြောပါတယ်။
2016-06-24
၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ က ကျောက်မျက်ကုမ္ပဏီ ၈၀၀ က ကုန်သည် ၁၈၀၀ ကျော် အပါအဝင် ပြည်တွင်းပြည်ပ ကုန်သည်ပေါင်း ၃၄၀၀ နီးပါး တက်ရောက်ဖို့ စာရင်းပေးသွင်းထားတယ်လို့ သိရပါတယ်။
2016-06-24
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ရဲ့ တွဲဖက်အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မိမိတို့ကွန်ရက်ကို လုပ်ငန်းစဉ်တွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်ဖွဲ့စည်းမယ်လို့ ပြောကြားလိုက်ပါတယ်။
2016-06-24
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ ကျွဲနဲ့ စက်လှေမှောင်ခိုဂိုဏ်း ကြီးထွားနေပြီး သက်ဆိုင်ရာက မနှိမ်နင်းနိုင်ဘဲ ရှိနေတဲ့အကြောင်း တောင်သူ လယ်သမားအရေး ဆောင်ရွက်နေတဲ့ ဘိုကလေးမြို့က ဦးအောင်မြင့် ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-24
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ သောင်း နဲ့ချီပြီး မဟာချိုင်မြို့ ထလေထိုင်းမှာ လာရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် စက်ရုံတချို့က စီစဉ်တဲ့ အလုပ်သမားအနည်းငယ်ကို သာ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရခဲ့ပြီး၊ မိုးရွာ ထဲမှာ စောင့်နေခဲ့ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုနဲ့ စကားပြောခွင့် မရခဲ့ပါဘူး။
2016-06-24
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က ရခိုင်စစ်ပြေး ဒုက္ခသည်စခန်းနဲ့ အောင်မင်္ဂလာ မွတ်စလင်ရပ်ကွက်ကို သွားရောက်ခဲ့ပါတယ်။
2016-06-24
ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက်မဟာချိုင်မြို့အနီး က ထောင်နဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ စောင့်ဆိုင်းခဲ့ကြပေမယ့် ထိုင်းအစိုးရက အလုပ်သမား ၅ ရာကျော်ကိုသာ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
2016-06-24
ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့က တာလေထိုင်းခမ်းမမှာ ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ မြန်မာအလုပ်သမားတွေကို စကားပြောခဲ့ပါတယ်။
2016-06-24
ရှမ်းပြည်မြောက်ပိုင်း စားသုံးသူရေးရာဦးစီးဌာနနဲ့ ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး လားရှိုးမြို့အထက ၂ ကျောင်းက မုန့်ဈေးတန်းနဲ့ မြို့တွင်းက စားသုံးဆီစက်ရုံတွေ၊ စားသုံးဆီရောင်းချနေတဲ့ ဆိုင်တွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။
2016-06-24
နေပြည်တော် ပျဉ်းမနားမြို့နယ်မှာရှိတဲ့ "အာဟာရသုခ" ကုန်စိမ်းဈေးက ဈေးသည်တွေ ကို ဈေးရောင်းတဲ့ နေရာနဲ့ အချိန်ပြောင်းလဲဖို့ ပြောကြားတဲ့အတွက် ဈေးသည်တချို့ စုစည်းပြီး ဈေးစည်ပင်ရုံးကို သွားရောက် တောင်းဆိုခဲ့ကြပါတယ်။
2016-06-24
မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဆက်ဆံမှုတွေဟာ ၂ဝ၁၂ ခုနှစ်ကတည်းက တိုးတက်ကောင်းမွန်လာခဲ့ပြီး၊ အစိုးရသစ်လက်ထက်မှာ ပိုပြီး ကောင်းမွန်လာမယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက်တဲ့ အမေရိကန်အာဆီယံ စီးပွားရေးကောင်စီက ပြောပါတယ်။
2016-06-24
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၂၃ ရက်ညနေက ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မဟာချိုင်မြို့က တလေထိုင်းခန်းမမှာ တွေ့ဆုံခဲ့ပြီး အလုပ်သမားတွေရဲ့ မေးမြန်းချက်တွေကို လည်း ဖြေကြားခဲ့ပါတယ်။
2016-06-24
ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ စစ်တွေမြို့က လူ့အဖွ့ဲအစည်းနှစ်ဘက်က လူကြီးတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
2016-06-24
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် မစ္စ ရန်ဟီးလီဟာ သူရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်တွင်း အရင်ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနဲ့လည်း တွေ့ဆုံပြီး လက်ရှိ ရခိုင်ပြည်နယ် အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။
2016-06-24
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မိုးရွာထဲမှာ စောင့်ဆိုင်းခဲ့ကြတဲ့ အလုပ်သမားအများစု တွေ့ဆုံခွင့် မရခဲ့ပါဘူး။ တွေ့ဆုံခွင့်အတွက် အမည်မပါတဲ့ ထိုင်းအခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ပညာရေးဖေါင်ဒေးရှင်း တည်ထောင်သူ ဦးထူးချစ်ကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။