သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-24
ယာဉ်ကြောကြပ်တည်းမှုတွေ၊ ယာဉ်မတော်တဆဖြစ်မှုတွေ စတဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ မော်တော်ယာဉ်လိုင်းတွေကို ထိန်းချုပ်သွားဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားထားပါတယ်။
2016-06-23
ရခိုင်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်စောမြ ရာဇာလင်းက သူ့ရဲ့ဒီမိုကရေစီ လှုပ်ရှားမှု အနှစ်နှစ်ဆယ်ကျော် ကာလအတွင်းရေးသားခဲ့တဲ့ ကဗျာတွေ ကို မြိုင်ညိုနန်းမှ လွမ်းချင်းများ ဆိုတဲ့အမည်နဲ့ ကဗျာပေါင်းချုပ် တစ်အုပ် ဒီနေ့ ဖြန့်ချိလိုက်ပါတယ်။
2016-06-23
အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ် ချိုးဖေါက်မှုနဲ့ တရားစွဲခံနေရတဲ့ ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်အလိပ်စက်ရုံ အလုပ်ရှင်ကို ဒီနေ့ ပထမဆုံးအကြိမ် တရား ရုံးချိန်းရှိခဲ့ပေမယ့်၊ တာဝန်ရှိရဲတပ်ဖွဲ့က မစစ်ဆေးရသေးလို့ ဆိုပြီး၊ လာမယ့် ၃၀ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်းပေး လိုက်ပါတယ်။
2016-06-23
မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို လာမယ့် ၃ လအတွင်း ဖွဲ့စည်းသွားဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ညွှန်ကြားထားပါတယ်။
2016-06-23
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အ.ထ.က (၂) ကျောင်းက မုန့်ဈေးတန်းမှာ စားသုံးဖို့ မသင့်တဲ့ တရုတ်နိုင်ငံလုပ် ဂျယ်လီ၊ မုန့်အချို့နဲ့သတ်မှတ်ရက်လွန်မုန့်တွေကို စစ်ဆေးတွေ့ရှိပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2016-06-23
ရခိုင်ပြည်နယ်မှ မွတ်စလင် အသိုင်းအဝိုင်း ဆိုတဲ့ အသုံးအနှုန်းကို အစိုးရအနေ နဲ့ ဒေသခံတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားရယူပြီးမှ သာ သုံးနှုန်းသင့်တယ်လို့ ဒီနေ့ ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-06-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လေးအိမ်စုရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က မိုးများ ပြီး ရေကြီးခဲ့လို့ အိမ်တွေပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရွာသား တစ်ရာကျော်ဟာ သူတို့နေထိုင်ရေးအတွက် အခက် အခဲတွေဖြစ်နေပါတယ်။
2016-06-23
ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီအနေနဲ့ လူ့အခွင့် အရေး အစီရင်ခံစာတင်သွင်းတဲ့အခါ ရခိုင်တိုင်းရင်းသားတွေ ရဲ့အသံကိုပါ ထည့်သွင်းပေးဖို့ စစ်တွေမြို့ခံ လူကြီးတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2016-06-23
မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမကျေးရွာ အုပ်စု၊ ကော့စိုင်ကျေးရွာပိုင် မြေ ၃ ဧကပေါ် မှာရှိတဲ့ အားကစားကွင်းမြေနေရာမှာ လယ်မြေပိုင်ဆိုင်ခွင့် အမည်ပေါက်ပုံစံ (၇) ထုတ်ပေးခဲ့တာကို မကျေနပ်လို့ ဒေသခံ ၁ဝဝ လောက်က ဒီနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2016-06-23
ပြီးခဲ့တဲ့ အစိုးရလက်ထက် စစ်ကိုင်းမြို့ ကိုင်းပြင်ကျေးရွာ ဧရာဝတီမြစ်ပေါ် က မြေနုကျွန်းကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ခဲ့တာကို အရေးယူခြင်း မရှိသေးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တချို့ကို ရာထူးကနေ ဖယ်ရှားပေးဖို့ ဒီနေ့ စစ်ကိုင်းမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
2016-06-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဟာ ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထလေထိုင်း ရပ်ကွက်မှာ ဒီကနေ့ စက်ရုံတချို့က စီစဉ်တဲ့ အလုပ်သမားအနည်း ငယ်နဲ့သာ တွေ့ခွင့်ရခဲ့ပြီး မိုးရွာထဲမှာ စောင့်နေခဲ့ကြ တဲ့ ရွှေ့ပြောင်းအလုပ် သမား ထောင်ပေါင်းများစွာကို စကားပြောခွင့် မရခဲ့ပါဘူး။
2016-06-22
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ဒေသတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးဖို့လိုတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားတွေက ပြောလိုက်ပါတယ်။
2016-06-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖြန်ညနေမှာ ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းရပ်ကွက်မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2016-06-22
ကယားပြည်နယ်က လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီမောဆို၊ ဖရူဆိုမြို့နယ်က ဒေသခံ ကျေးရွာဖွံ့ဖြိုးရေးကွန်ရက်က လူငယ်တွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီမောဆိုမြို့မှာရှိတဲ့ စိန်ပေါလ် ဓမ္မာရုံမှာ ဇွန်လ ၂၂ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-06-22
ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင့်ငါးရာလောက်နဲ့ တွေ့ဆုံမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ထိုင်းအစိုးရက ပြင်ဆင်နေပါတယ်။