သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-17
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အများပြည်သူပိုင် အဆောက်အအုံတွေ၊ ပန်းခြံ၊ အားကစားကွင်းနဲ့ မီးတားမြေ စတဲ့နေရာတွေ ကို ပြန်လည်ဖော်ဆောင်ပေးဖို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က အဆိုတင်သွင်းခဲ့ပြီး အဲ့ဒီ အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး က ထောက်ခံဆွေးနွေးခဲ့ပြီး နောက်တစ်ခါ မဲခွဲရာမှာ တပ်မတော်သား ကိုယ်စားလှယ်တချို့က ပါ ထောက်ခံကြပါတယ်။
2016-06-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မန်ပန်ကျေးရွာက တောင်သူတွေရဲ့ လယ်မြေဧက နှစ်ထောင်လောက်ကို မြောက်ပိုင်းတော်ဝင် ကျောက်စိမ်းကုမ္ပဏီက တစ်ဧက ရှစ်သောင်းနှုန်းနဲ့ ဝယ်ယူခဲ့ပြီး တရုတ်ကုမ္ပဏီတစ်ခုကို နှစ်သုံးဆယ်စာချုပ်နဲ့ အငှားချလုပ်ခိုင်းလို့ တောင်သူတွေနဲ့ ပိုင်ဆိုင်မှုအငြင်း ပွားနေပါတယ်။
2016-06-17
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသမှာရှိတဲ့ ကျေးရွာတွေက မြိုတိုင်းရင်းသား တစ်ထောင်နီးပါးလောက်ဟာ အစိုးရတပ်မတော် နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် လတ်တလောမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2016-06-17
ရန်ကုန်တိုင်းအတွင်းက အများပြည်သူပိုင် အဆောက်အအုံတွေ၊ ပန်းခြံ၊ အားကစားကွင်းနဲ့ မီးတားမြေ စတဲ့နေရာတွေကို ပြန် လည်ဖော်ဆောင်ပေးဖို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဇွန်လ ၁၆ရက်နေ့မှာ အဆိုတင်သွင်းခဲ့ပါတယ်။
2016-06-17
ရန်ကုန်မြို့က ကိုလိုနီခေတ် အဆောက်အဦးတွေကို မူလလက်ရာမပျက် ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ပြန်လည် ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေပါတယ်။
2016-06-17
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မန်ပန်ကျေးရွာက တောင်သူတွေရဲ့လယ်မြေဧက နှစ်ထောင်နီးပါးကို "မြောက်ပိုင်းတော်ဝင်" ကျောက်စိမ်းကုမ္ပဏီက တစ်ဧက ၈ သောင်းနှုန်းနဲ့ ဝယ်ယူပြီး တရုတ်ကုမ္ပဏီတခုကို အနှစ် ၃ဝ စာချုပ်နဲ့ အငှားချပေးလိုက်တဲ့အတွက် တောင်သူတွေနဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေပါတယ်။
2016-06-17
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ကျောင်းတော်ရာကျေးရွာမှာ တိုက်နယ်ဆေးရုံတည်ဆောက်ဖို့ အရင်အစိုးရ လက်ထက်ကတည်းက ဘတ်ဂျက်လျာထားခဲ့ပေမယ့် သရက်တောကျေးရွာမှာ တည်ဆောက်ဖို့ ပြောင်းရွှေ့ချထားလိုက်တဲ့အတွက် ကျောင်းတော်ရာဒေသခံတွေ ဇွန်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကန့်ကွက်လိုက်ပါတယ်။
2016-06-16
ပျောက်နေတဲ့ ကျောက်မျက်အသင်းရန်ပုံငွေ ယူရို ၈၆ သန်းထဲက အသင်းချုပ် ကို ပေးအပ်ထားတယ်ဆိုတဲ့ ငွေသုံးစွဲမှု အပိုင်းအတွက် စုံစမ်းစစ်ဆေးဖို့ ကြီးကြပ်ရေးကော်မတီ တစ်ရပ်ကို အသင်းချုပ်ဝင် ပုဂ္ဂိုလ် ၈ ဦးနဲ့ မနေ့က ဖွဲ့စည်း လိုက်တယ်လို့ သိရပါတယ်။
2016-06-16
ကျောက်မဲမြို့ မြောက်ဘက်မှာ ပြီးခဲ့တဲ့ လပိုင်းတွေကဖြစ်ပွားတဲ့ တိုက်ပွဲများ ငြိမ်နေပေမဲ့ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိ တာကြောင့် ဒီကနေ့ ကျောင်းသား ၁၀၀ ခန့်ကို မိဘများ က ကျောက်မဲမြို့ကို ပြန်လည်ခေါ်ဆောင်လာတယ် လို့ ကျောက်မဲမြိုု့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က RFA ကိုပြောပါတယ်။
2016-06-16
ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူတွေ အားလုံးက ပါဝင်မှအောင်မြင်နိုင်မယ်လို့ မွန်ဂိုလီးယားသမ္မတ Tsakhia Elbegdorj က ဒီကနေ့ ပြောပါတယ်။
2016-06-16
ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော် မတီဟာ UWSA နဲ့ မိုင်းလားအဖွဲ့တို့ကို မနက်ဖြန်တွေ့ဆုံမှာဖြစ်ပြီး TNLA တအာင်း-ပလောင်အဖွဲ့၊ AA နဲ့ ကိုးကန့်အဖွဲ့တွေနဲ့ တွေ့မယ့်နေရာ၊ တွေ့မယ့်အချိန် ကာလကိုတော့ မသတ်မှတ်ရသေးဘူးလို့ TNLA အဖွဲ့ ကပြောပါတယ်။
2016-06-16
တရားစွဲခံထားရတဲ့ ပုလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံပိုင်ရှင်က အလုပ်သမားတွေ ကို ဖြတ်တောက်ခဲ့တဲ့ အချိန်ပိုလုပ်ခလ စာတွေပေးမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြီး အသိပေး လိုက်ပါတယ်။
2016-06-16
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ အခုလ ၁၉ ရက်နေ့ မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ၁၀ ရက်ကျော်အကြာ ခရီးစဉ်အတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည် နယ်တွေကို သွားရောက်မှာဖြစ်ပါတယ်။
2016-06-16
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကဖွဲ့စည်းထား တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ခေါင်းဆောင်တွေဟာ လုံခြုံရေးဆိုင်ရာမူဝါဒတစ်ခု ရရှိရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ဆွေးနွေးနေကြပါတယ်။
2016-06-16
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသက မြိုတိုင်းရင်း သားတွေဟာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် အလုပ်လုပ်ကိုင်ဖို့ အဆင် မပြေတဲ့အတွက် လတ်တလောမှာ စားဝတ်နေရေး အခက် အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။