သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-16
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက် မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ် ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေလွိုင်ကော် ပရဟိတအဖွဲ့က ဦးဆောင်ပြီး ကယားပြည်နယ် ဒီမောဆိုမြို့ က ကန်ခုနှစ်ဆင့်နေရာမှာ သစ်ပင် ၅ဝဝဝ စိုက်ပျိုးဖို့ ပြင် ဆင်နေပါတယ်။
2016-06-16
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို လာမယ့်သြဂုတ်လမှာ ကျင်းပမှာဖြစ်ပြီး လက်ရှိမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်၊ ခရိုင်နဲ့၊ တိုင်းအဆင့် အလုပ်မှုဆောင် ကော်မတီတွေကို အသစ်ပြန်လည် ဖွဲ့စည်းနေပါတယ်။
2016-06-16
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပနေတဲ့ ၂၄ ကြိမ်မြောက် နိုင်ငံ တကာကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ကုန်သည်တွေ အရောင်းအဝယ် မကောင်းကြဘူးလို့ သိရ ပါတယ်။
2016-06-16
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မျှဝေခြင်း အစီအစဉ်အဖြစ် မြို့ပေါ်ရပ်ကွက် ၁၁ ခုနဲ့ ကျေးရွာတွေက ချို့ တဲ့ကျောင်းသားတွေကို ကျောင်းသုံးပစ္စည်းတွေ ဝေငှ ခဲ့ပါတယ်။
2016-06-16
၂ဝ၁၆ ခုနှစ်အတွက် "လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ" နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို ဇွန်လ ၁၄ ရက်-မနေ့က ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
2016-06-16
မွန်ဂိုလီးယားနိုင်ငံသမ္မတ Tsakhiagiin Elbegdorj ဟာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-06-16
မြန်မာနိုင်ငံကို လာမယ့် ငါးနှစ်တာကာလအတွင်း အကူအညီတွေ တိုးမြင့်ပေးသွားမယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ Takehiko Nakao က ပြောလိုက်ပါတယ်။
2016-06-16
ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီက AA ၊ MNDAA ၊ TNLA အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားပေမယ့် တွေ့ဆုံမယ့်နေရာ ကို နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဆဲဖြစ် တယ်လို့ AA အဖွဲ့က ပြောပါတယ်။
2016-06-16
ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် ကျေးရွာ ၁၈ ရွာရေနစ်မြုပ်ခဲ့ပြီး ပုရစ်၊ ရေကောက်နဲ့ ပေါက်တော ကျေးရွာက နေအိမ် ၁၃၀ ကျော် ရေထဲမျောပါသွားခဲ့ပါတယ်။
2016-06-16
ဘယ်လိုဖျောင်းဖျ ခြိမ်းခြောက်မှုမျိုးတွေရှိလာပါစေ ဇွန်လကုန်မှာ မဘသအဖွဲ့က နှုတ်ထွက်မှာဖြစ်တယ်လို့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ထပ်မံအတည်ပြုမိန့်ကြားပါတယ်။
2016-06-15
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးမှာ လူငယ်တွေ ဘယ်လိုပူးပေါင် ပါဝင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေရရှိခဲ့တယ်လို့ လူငယ်တွေ့ဆုံပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ကိုဇော်သူရိန်ထွန်းက ပြောပါတယ်
2016-06-15
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာ ပြီး ရေကြီးခဲ့တာကြောင့် သေဆုံးခဲ့သူ ၅ ဦးအတွက် ငွေကျပ် နှစ်သိန်းစီနဲ့ ရေဘေးကြောင့် နေအိမ် ပျက်စီးသွားသူတွေကို ရခိုင်အမျိုးသားပါတီ ANP က ငွေကြေးသွားရောက်လှူဒါန်းခဲ့ပါတယ်။
2016-06-15
အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ AA ၊ MNDAA ၊ TNLA အဖွဲ့တွေကို ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော် မတီက တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားပေမယ့် တွေ့ဆုံ မယ့်နေရာကို မသတ်မှတ်နိုင်သေးဘူးလို့ AA အဖွဲ့က ပြော ပါတယ်။
2016-06-15
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က ဝက်သေကျေးရွာမှာ ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အနက်ပေ ၄၀၀ ကနေ ၅၀၀ အထိ စက်ယန္တရားတွေသုံးပြီး ရွှေ တူးဖော်နေတဲ့အတွက် ဒေသခံ ၃ထောင်လောက် သောက် သုံးရေရှားပါးမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။
2016-06-15
နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ စစ်ကိုင်းအလုပ်သမား သပိတ်ခေါင်းဆောင် ၁၅ ဦးကို ဒီနေ့ ရုံးထုတ်စစ်ဆေးရာ လုံခြုံရေးတင်းကျပ် ထားပြီး အော်ဟစ်ဆူပူတာတွေ မလုပ်ဖို့ တားမြစ်ထား ပါတယ်။