သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-15
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင် ပွဲတော်မှာ တင်သွင်းတဲ့ “Twilight Over Burma” ရုပ်ရှင်ကို ဆင်ဆာအဖွဲ့က ပိတ်ပင်ရခြင်းဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေ နိုင်သောကြောင့်ဖြစ်တယ်လို့ ရုပ်ရှင်ဆင်ဆာအဖွဲ့က ပြော ပါတယ်။
2016-06-15
မြန်မာနိုင်ငံမှာ ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ အကြီးစား အခြေခံအဆောက် ဦတွေ တိုးတက်ကောင်းမွန်ဖို့အတွက် ၂ဝ၁၇ ခုနှစ်ကစတင်ပြီး ၅ နှစ်တာကာလအတွင်း အမေရိ ကန်ဒေါ်လာ သန်း ၁၇၅ဝ ကို အတိုးနည်းနည်းနဲ့ ချေးသွား မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ ကြေညာ လိုက်ပါတယ်။
2016-06-15
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းရဲ့ရုံးအဖွဲ့နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ဇွန်လ ၂ဝ ရက်နေ့မှာ အလွတ်သဘော ထပ်မံတွေ့ဆုံဆွေးနွေးဖို့အစိုးရ ဘက်က အကြောင်းကြားခဲ့ပေမယ့် အခုလာမယ့်အဖွဲ့မှာ ဆုံးဖြတ်ပေးနိုင်သူတွေ မပါဝင်တဲ့အတွက် တိုင်းရင်း သားတွေက ရက်ရွှေ့ဆိုင်းပေးဖို့ ပြန်လည်တောင်းဆို ထားတယ်လို့ သိရပါတယ်။
2016-06-15
မြန်မာနိုင်ငံက သတ္တုသယံဇာတတွေကို ကုန်ကြမ်းအဖြစ် ပြည်ပကို တင်ပို့ရောင်း ချနေတာဟာ တိုင်းပြည်အတွက် အကျိုးမ ရှိကြောင်း မွန်ဂိုလီးယားသမ္မတ H.E Mr.ELBEGDORJ Tsakhia က ပြောပါတယ်။
2016-06-15
မြန်မာ၊ အင်္ဂလိပ်၊ အာရဗီဘာသာတွေနဲ့ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားတွေ ဖြစ် တယ်လို့ ရေးသားထားတဲ့ ပြက္ခဒိန် ရိုက်နှိပ် ခဲ့တဲ့ ကျော်ပုံနှိပ်တိုက် မန်နေဂျာ အပါအဝင် ၄ ဦးကို ပုဇွန်တောင်မြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်စီ မနေ့က ချမှတ်လိုက်ပါတယ်။
2016-06-15
မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့မှာ ကာလတန် ဖိုး ငွေကျပ်သိန်းပေါင်း ၃သောင်းနီးပါးရှိတဲ့ မူးယစ်ဆေးဝါး တွေကို စစ်ကိုင်းတိုင်း ရဲတပ်ဖဲ့ွနဲ့ မန္တလေး တိုင်းရဲတပ်ဖွဲ့တို့ မနေ့က ဖမ်းဆီးရမိခဲ့ ပါတယ်။
2016-06-15
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်သူ့ ဘဏ္ဍာငွေတွေကို ဘယ်နေရာမှာ ဘယ်လောက် သုံးနေသလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေး ကြရန်လိုတယ်လို့ ပြောကြားလိုက်ပါတယ်။
2016-06-15
အိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ အစ္စလမ်ဘာသာဝင်တွေရဲ့ လင်မယား ကွာရှင်းပုံအကြောင်း မခက်မာက AFP သတင်းတပုဒ်ကို ကိုးကား တင်ပြထားပါတယ်။
2016-06-15
ကယားပြည်နယ် လွိုင်ကော်မြို့က သီရိမင်္ဂလာဈေး လို့ခေါ်တဲ့ တောင်ဈေးမှာ ရောင်းချနေတဲ့ သတ်မှတ် ရက်ကျော်လွန်ဆေးဝါးတွေနဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဆေး အပါအဝင် ဓါတုဗေဒဆိုးဆေးအသုံးပြုတဲ့ စားသောက်ကုန်တွေကို သိမ်းဆည်းပြီး မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
2016-06-15
အရင်က တပ်မတော်တပ်ရင်းတပ်ဖွဲ့ နယ်မြေတွေမှာ နေထိုင်တဲ့မိသားစုဝင်တွေဟာ မန္တလေး စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိခဲ့ပေမယ့် ဒီကနေ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်က စည်ပင်ဥပဒေကို ပြင်ဆင်လိုက်တဲ့အတွက် တပ်နဲ့တပ်မိသားစုဝင်တွေ မဲပေးခွင့်မရှိတော့ပါဘူး။
2016-06-15
ရန်ကုန်တိုင်းအတွင်း ဥပဒေမဲ့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချတာတွေ၊ တရားမဝင် အရက်ရောင်းချနေတာတွေနဲ့ အနှိပ်ခန်းတွေကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးဖို့ အဆိုကို ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ၁၃ ဦးက ထောက်ခံဆွေးနွေးပြီး မှတ်တမ်းတင်ခဲ့ပါတယ်။
2016-06-15
မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ EU ဥရောပသမဂ္ဂအဖွဲ့ ပူးပေါင်းပြီး ပြည်သူဗဟိုပြု-ရဲလုပ်ငန်းစနစ်ကို စာတွေ့လက်တွေ့ သင်ကြားလာတာ အခုဆိုရင် ၂ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ရန်ကုန် ပန်းပဲတန်းမြို့နယ်က ရဲစခန်းမှာလည်း ဆင့်ပွားသင်တန်းတွေ ဆက်ပြီးပို့ချပေးနေပါတယ်။
2016-06-15
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ သူတို့ရွာတွေဘက်မှာ တိုက်ပွဲတွေမရှိတော့ပေမယ့် တပ်မတော်က တပ်စွဲထားဆဲဖြစ်တာကြောင့် နေရပ်ပြန်လို့မရဘဲ ဖြစ်နေပါတယ်။
2016-06-15
၂ဝ၁၅ ခုနှစ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခု မှာ မူးယစ်ဆေးဝါးတွေကို ၂ဝ၁၄ ခုနှစ်ကထက် သုံးဆပိုပြီး ဖမ်းဆီးရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒီနေ့ ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2016-06-15
တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင်တွေအတွက် ဆန်အိတ်တွေ လှူဒါန်းခဲ့ပါတယ်။