သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-11
အပတ်စဉ် သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ"အစီအစဉ်ဖြစ်ပါတယ်။
2016-06-11
အစိုးရရဲ့ ပထမ ရက်တရာစီမံကိန်းအတွင်း ရန်ကုန်မြို့က ယဉ်ကြောပိတ်ဆို့မှု ပြဿနာကို ထည့်သွင်းဖြေရှင်းနေပေမယ့် လက်ရှိအချိန်ထိ ယာဉ်ကြော ပိတ်ဆို့တာတွေ လျော့မသွားသေးပါဘူး။
2016-06-11
အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်တဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် အနေနဲ့ အများပိုင် အဖြစ် ပြောင်းလဲပြီး အစုရှယ်ယာတွေ ရောင်းချ သွားဖို့ရှိတယ်လို့ မြန်မာ့ရင်းနှီးမြုှပ်နှံမှု ကော်မရှင် အရာရှိ တစ်ဦးကို ကိုးကားပြီး အမေရိကန်ထုတ် the Wall Street Journal သတင်းစာက မနေ့က ရေးသား လိုက်ပါတယ်။
2016-06-11
ဘန်ကောက်မြို့ အနှိပ်ခန်းတစ်ခုက ဖမ်းဆီးမိခဲ့တဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၁၂၁ ဦး ထဲက နိုင်ငံကူးလက်မှတ် အထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသူ ၅၇ ဦး ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဖို့ ဘန်ကောက်မှုခင်း ဆိုင်ရာ တရားရုံးက မနေ့က အမိန့်ချလိုက်ပြီး တခြား သံသယရှိသူ ၂ဝ ဦး ကို ဘတ် ၄ဝဝဝ စီ ဒဏ်ငွေ ချမှတ်ခဲ့ တယ်လို့ သိရပါတယ်။
2016-06-11
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရိုင် ၆ ခရိုင်မှာရှိတဲ့ ရိုဟင်ဂျာလူဦးရေ သန်းခေါင်စာ ရင်းကောက်ခံရာမှာ ရာသီဥတုဆိုးဝါးတဲ့ အတွက် နောက် ထပ် ၄ ရက်တိုး စာရင်းကောက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိ တစ်ဦးကို ကိုးကားပြီး BDnews24 သတင်း ဌာနက ဒီကနေ့ သတင်းရေးသားထားပါတယ်။
2016-06-11
အသစ်ပြန်ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရ ရင်းနှီးမြုပ်နှံမှု ကော်မရှင် MIC အနေနဲ့ ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၂၃ဝဝ ခန့်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်း အဆိုပြုလွှာ တွေကို အခုလက စတင်ပြီး စတင်စိစစ် သွားမယ်လို့ အစိုးရအရာရှိကြီးတစ်ဦးက မနေ့က ပြောကြားလိုက်ပါတယ်။
2016-06-10
သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသတွေ မှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဖို့ ရန်ပုံငွေတွေ ချပေးလိုက်ပြီး လိုအပ်တဲ့ကယ်ဆယ်ရေး ပစ္စည်းတွေလည်း စုဆောင်းထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက ပြောပါတယ်။
2016-06-10
ဧရာဝတီမြစ်ဆုံရေကာတာ ပြန်စတင်ဖို့ လူထုကိုခွဲခြားစည်းရုံးပေမယ့် အများစုက လက်မခံတဲ့အကြောင်းနဲ့ မြစ်ဆုံအထက်က ရေကာတာတွေအကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦး G အောင်ခမ်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-10
မုံရွာမြို့မှာ မနက်ဖြန်ကစပြီး ကျင်းပမယ့် Myanmar Youth Forum ၂ဝ၁၆ မြန်မာလူငယ် တွေ့ဆုံဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သက်လို့ ကျင်းပရေးဦးဆောင်ကော်မတီဝင် ကိုဘိုဘို ကို - RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2016-06-10
မြန်မာနိုင်ငံအတွက် လူငယ်ဆိုင်ရာ မူဝါဒတခုရေးဆွဲဖို့ပြင်ဆင်နေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီးက အမျိုးသားလွှတ်တော်မှာ ဒီနေ့ ပြောဆိုလိုက်ပါတယ်။
2016-06-10
ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲ က ပျောက်ဆုံးနေတဲ့ ယူရိုငွေ ၈၆ သန်း ကိစ္စနဲ့ ပတ်သက်လို့ အသင်းအမှုဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို ဒီနေ့ မနက် က နေပြည်တော် ကျောက်မျက်သင်တန်းကျောင်း မှာ ပြုလုပ်ခဲ့ပါတယ်။
2016-06-10
ဧရာဝတီတိုင်း ပုသိမ်၊ ကျောင်းကုန်း၊ ပန်းတနော်၊ မအူပင်နဲ့ ညောင်တုန်း မြို့နယ်တွေမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၈ ထောင်ကျော် ပြန်လည်ရရှိဖို့အတွက် ဆောင်ရွက်ပေး ဖို့ ဒေသခံတောင်သူတွေက တိုင်းအစိုးရအဖွဲ့ထံ တောင်းဆိုခဲ့ ပါတယ်။
2016-06-10
အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေ တဲ့ AA, TNLA နဲ့ MMDAA တပ်ဖွဲ့တွေကို ၂၁ ပင်လုံညီလာ ခံ တက်ရောက်နိုင်ဖို့အတွက် နည်းလမ်းရှာဖွေဆွေးနွေးသွား မယ်လို့ ညီလာခံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၂ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ဒီကနေ့ ပြောပါတယ်။
2016-06-10
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင် တို့ဟာ လက်ပံတောင်း ကြေးနီစီမံ ကိန်း လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့ပြီး ဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-06-10
လက်ရှိလွှတ်တော်သက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို ဆောင် ရွက်မှာ ဖြစ်ပေမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိပြီးချိန်မှသာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟာ ထိရောက်နိုင် မှာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။