သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-10
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြော ဆိုဆောင်ရွက်ချက်တွေဟာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေအပေါ် မလျော်သြဇာသုံးတဲ့ သဘောမသက်ရောက်အောင် သတိထားဖို့ လိုတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက သတိပေး လိုက်ပါတယ်။
2016-06-10
မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်း ရန်ပုံငွေထဲက ယူရိုငွေ ၈၆ သန်း ပျောက်ဆုံးမှု တိုင်ကြားစာနဲ့ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန နဲ့ ပြည်ထောင်စုစာရင်းချုပ်ရုံးတို့က သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးသင့်ကြောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် က အကြံပြု လိုက်ပါတယ်။
2016-06-10
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ရေကြီး နစ်မြုပ်မှုကြောင့် ရေဘေးဒဏ်ခံနေရ တဲ့ ဒေသခံ နှစ်သောင်းကျော်အတွက် တိုင်း အစိုးရအဖွဲ့နဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့ က ငွေကျပ်သိန်း ၄၀၀ ကျော် ကူညီထောက်ပံ့ခဲ့ပါတယ်။
2016-06-10
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ပွဲတွေ ပြန်ပြီးဖြစ်ပွားလာတာ ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ရန်ကုန်မြို့အလုံလမ်းမှာရှိတဲ့ Summit Park view hotel မှာ ရှင်းလင်းခဲ့ကြပါတယ်။
2016-06-10
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်နဲ့ ကောလင်း မြို့နယ်တို့မှာ ဇွန်လ ၈ ရက်နေ့ ညက မိုးဆက်တိုက် ရွာပြီး ရေကြီးရေလျှံကာ လူသေဆုံးမှုရှိခဲ့တာတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူ ဦးသန်းဌေးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-09
ကချင်ပြည်နယ်မှာ ကေအိုင်အေ နဲ့ အစိုးရ တပ်မတော်တို့ တကျော့ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ခံစားနေရတဲ့ ဒေသ ခံပြည်သူတွေရဲ့ရင်ဖွင့်သံပြောကြားခြင်းအစီအစဉ် ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်း မှာ ဇွန်လ၉ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-06-09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အစိုးရ ဘက်က ဒု-ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ဆပ်ကော်မတီ-၁ အဖွဲ့တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ၂၁ ရာစု ပင်လုံညီလာခံလို့ခေါ် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
2016-06-09
အစိုးရသစ်လက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ပထမ ရက်တစ်ရာ စီမံချက်အတွင်း ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-06-09
မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်က အများပိုင် ပန်းခြံမြေနေရာကို "ကြက်ခြေနီအသင်းနဲ့ သမဝါယမအသင်း" ရုံးနေရာအဖြစ် သတ်မှတ်ပြီး ဆိုင်းဘုဒ် စိုက်ထူလိုက်တဲ့အတွက် ဒေသခံတွေက ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
2016-06-09
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်နဲ့ ကောလင်း မြို့နယ်တို့မှာ မနေ့ကစပြီး မိုးဆက်တိုက်ရွာနေ တာကြောင့် တံတားတွေ ပျက်စီးခဲ့သလို နေအိမ် ၄ ထောင်ကျော်လောက် ရေနစ်မြုပ်ခဲ့ပါတယ်။
2016-06-09
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ရန်ပုံငွေထဲက ပျောက်ဆုံးနေတဲ့ အမေရိကန်ဒေါ်လာ သန်း ၈ဝ ကျော်ကိစ္စမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောပါတယ်။
2016-06-09
ကချင်ပြည်နယ်မှာ ကေအိုင်အေ နဲ့ အစိုးရတပ် မတော်တို့ တကျော့ပြန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း ဒေသခံပြည်သူတွေ ထိခိုက်ခံစားနေရ တာတွေ ရင်ဖွင့်ပြောကြားတဲ့ အခမ်းအနား ကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်း မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-06-09
KNU/KNLA (PC) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီက ဝယ်ယူထားခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနပိုင်မြေဆိုပြီး ဘူဒိုဇာတွေနဲ့ မနှစ်ကဖျက်ဆီး ဖယ်ရှားခံလိုက်ခဲ့ရတဲ့ ရန်ကုန်တိုင်းလှည်းကူးမြို့နယ် ရတနာအောင်ကျေးရွာသစ်မြေကွက်တွေကို အဖွဲ့အစည်းအမည်တွေ အသုံးပြုပြီး အကွက်ရိုက်ရောင်းချနေရှိတယ်လို့ သိရပါတယ်။
2016-06-09
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ် နှစ်ခုမှာ ည ၁၁ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို သက်တမ်း ၃ လ တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။
2016-06-09
မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံပိုင်ရှင်ကို အလုပ်ရှင်၊ အလုပ် သမား သဘောတူစာချုပ်ကို ဖောက်ဖျက်မှုနဲ့ မန္တလေးတိုင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းမင်းဝင်း က စဉ့်ကိုင်မြို့နယ်တရားရုံးမှာ ဒီနေ့ တရားစွဲ ဆိုလိုက်ပါတယ်။