သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-09
လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဒို့ဗမာအစည်းအရုံး ခေါင်းဆောင်တစ်ဦးဖြစ် ခဲ့တဲ့ ဝါးခယ်မ သခင်သိန်းဖေ ဟာ ဒီနေ့ အသက် ၁၀၀ ပြည့်ခဲ့ပြီး၊ မွေးနေ့ပွဲကို ရန်ကုန်မြို့က နိုဗိုတယ် ဟိုတယ်မှာ ဒီနေ့ညနေပြုလုပ်ခဲ့ပါတယ်။
2016-06-09
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် က ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည်စခန်းမှာ အစိုးရက အစိမ်းရောင် NVC (National Verification Card) နိုင်ငံသားစိစစ်ရေး သက်သေခံကဒ်ပြားတွေကို ထုတ်ပေးနေရာ လူပေါင်း ၄ဝဝ ကျော် ထုတ်ယူပြီးဖြစ်ပါတယ်။
2016-06-09
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ လိုကြောင်း တောင်းဆိုထားတယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
2016-06-09
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် နဲ့ ကောလင်းမြို့နယ်တို့မှာ မနေ့ညက မိုးဆက်တိုက်ရွာပြီး ရေကြီးလာ တာကြောင့် နေအိမ် ၄ထောင်ကျော် ရေနစ်မြုပ်သ လို ဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။
2016-06-09
ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်မတော် တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ဒေသခံတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အတွက် နိုင်ငံ တကာက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေ ကို နှစ်ဘက်တပ်တွေ လေးစားလိုက်နာကြဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဖော်ဆောင်ပေးဖို့ စစ်ဘေးဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။
2016-06-09
မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ရန်ပုံငွေ အမေရိကန် ဒေါ် လာ သန်း ၈ဝ ကျော် ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး တိုင်ကြားသူနဲ့ တိုင်ကြားခံရသူ စုစုပေါင်း ၁၉ ဦးကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ခုံရုံးဖွဲ့စစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ထံ မနေ့က ပေးပို့လိုက်ပါတယ်။
2016-06-09
တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေရဲ့ မြေနေရာတွေ သိမ်းယူခံထားရတာတွေကို ပြန်လည်ရရှိဖို့ စစ်ပြေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2016-06-09
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့စစ်ဘေးဒုက္ခသည် ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေရပါတယ်။
2016-06-09
ကောင်းမြန်မာအောင်ကုမ္ပဏီက တည်ဆောက်နေတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားအနီးက ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကို ဖျက်သိမ်းဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2016-06-09
ရန်ကုန်တိုင်း တွံတေးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စုနဲ့ အဘေကျေးရွာအုပ်စုက သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၉၀၀ ကျော်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့နဲ့ တပ်မတော်ကနေ ငှားရမ်းလုပ်ကိုင်နေတဲ့ လယ်သမားတွေကို အရေးယူပေးဖို့ လယ်သမား ၅၀ ကျော်က ဇွန်လ ၈ ရက်နေ့က တွံတေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-06-08
ဇွန်လ ၁ ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်နေပြီဖြစ်ပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေက တချို့မြို့နယ်တွေမှာ စာသင်ကျောင်းတွေ ပြန် မဖွင့်နိုင်သေးပါဘူး။
2016-06-08
တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံတွေရဲ့ မြေနေရာတွေ သိမ်းယူခံရတာတွေရှိနေတာကြောင့် ပြန်လည်ရရှိဖို့ စစ်ဘေး ဒုက္ခသည်အရေးကူညီပေးနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အစိုးရကို တောင်းဆိုကြပါတယ်။
2016-06-08
ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းမှာရှိတဲ့ ရပ်ကွက် ၃ ခုထဲက နေအိမ် ၅၀၀ ကို အစိုးရ က ပြောင်းရွှေ့ပေးမယ့်အစီအစဉ်ကို ၁၃ကုန်းရပ်ကွက်မှာရှိတဲ့ ဒေသခံ ၁၅၀ ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်လိုက်ပါတယ်။
2016-06-08
ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေတွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဥပဒေတွေကို လေ့လာဆန်းစစ်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီက အဖွဲ့ဝင် ဦးစောလှထွန်းကပြောပါတယ်။
2016-06-08
ကယားပြည်နယ်၊ ဖားဆောင်းမြို့ နယ်၊ မော်ချီးသတ္တုတွင်းမှာရှိတဲ့ ၁၃ ကုန်း၊ တောင်ပေါ်နဲ့ ၄၆ ရပ်ကွက်တွေက နေအိမ် ၅၀၀ ကို ပြည်နယ်အစိုးရက ပြောင်းရွှေ့ပေးဖို့ စီစဉ်တာ ကို ဒေသခံတွေက လက်မှတ်ရေးထိုး ကန့်ကွက်လိုက် ကြပါတယ်။