သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-03
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရတဲ့ ရွာသားတွေနဲ့ အောင်မြင်သာကျေးရွာမှာ ဒီကနေ့တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာ ရွာသားတွေက " မြစ်ဆုံရေကာတာ အလိုမရှိ" ဆိုတဲ့ ပိုစတာတွေကပ်ပြီး ကန့်ကွက်ကြပါတယ်။
2016-06-03
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံ ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်လိုကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောထား ကို မေးမြန်းခဲ့ပါတယ်။
2016-06-03
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က မြစ်ဆုံစီမံကိန်း ကို ပြန်လည် စတင်လိုကြောင်း ဒီကနေ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်ပြောကြား ခဲ့ပါတယ်။
2016-06-03
"နိုင်ငံရေးပြစ်မှု" နဲ့ "နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုချက် သတ်မှတ်ပေးဖို့ မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
2016-06-03
သမ္မတဦးသိန်းစိန်လက်ထက်က ကျောက်မျက် လုပ်ငန်းရှင်တွေဆီကနေ ကောက်ယူထားတဲ့ ရန်ပုံငွေထဲက ယူရိုငွေ ၉၃ သန်း ပျောက်ဆုံးနေ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က နေပြည်တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ပြီး ငြင်းဆိုလိုက်ပါတယ်။
2016-06-03
အစိုးရသစ်ရဲ့ရက် ၁၀၀ စီမံချက်နဲ့အတူ ကွမ်းယာဆိုင်တွေကိုပိတ်ပြီး အခြားအလုပ်အကိုင်တွေပြောင်းဖို့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက အမိန့်စာတွေထုတ်ပြန်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
2016-06-03
နီပေါနိုင်ငံက အမြင့်ပေ ၂၉ဝ၂၉ ပေရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို မြန်မာနိုင်ငံသား တောင်တက်သမား သုံးဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနဲ့ ကိုညီညီအောင်တို့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ကြပါတယ်။
2016-06-02
ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ၆ ဦးဟာ ကျောက်ဖြူ မြို့မှာ ဒေသခံတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ရက် ၁ဝဝ အတွင်း ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေး၊ နိုင်ငံသားစိစစ်ရေးနဲ့ ရွှေ့ပြောင်း အလုပ်သမား အကူအညီပေးရေးကိစ္စတွေ ကို ဆောင်ရွက်သွားမယ့်အကြောင်း ရှင်းပြခဲ့ ပါတယ်။
2016-06-02
ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေထဲက ယူရိုငွေသန်း ၈ဝ ကျော် ပျောက်ဆုံးနေမှုဟာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင်ဝန်ကြီးဟောင်းတွေ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး လုပ်ငန်းရှင်တွေက သူရဦးရွှေမန်းဦးဆောင်တဲ့ ကော်မရှင်ကို တိုင်ကြားစာပေးပို့ထားတာဟာ နိုင်ငံရေးအရ အပုပ်ချတာလို့ ယူဆကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် က ပြောပါတယ်။
2016-06-02
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖားကန်-လုံးခင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ ကျောက်စိမ်းတူးဖော်မှု ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖားကန်မြို့နယ် ကျောက်စိမ်းတူးဖော်ရေးဌာနက စီမံချက်ရေးဆွဲနေပါတယ်။
2016-06-02
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုပြီး တရားဝင်သတ်မှတ်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြည်ထဲရေး ဒုဝန်ကြီးက ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။
2016-06-02
ကျောက်မျက်လုပ်ငန်းရှင်းတွေထံက ကောက်ယူထား ပြီး ပျောက်ဆုံးနေတယ်ဆိုတဲ့ ယူရိုငွေ ၉၃ သန်း ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ နေပြည်တော်မှာ အရင် သတ္တုတွင်းဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင် သတင်းစာရှင်းလင်းပွဲကျင်းပပြီး အလွဲသုံးစား လုပ်တာမရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
2016-06-02
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ အရပ်ဖက်အဖွဲ့အစည်း ၄ဝ ကျော်က ကိုယ်စားလှယ် ၁၃ ယောက်တို့ဟာ နေပြည်တော်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-06-02
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကိုရောက်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံကြမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ပင်လုံညီလာခံပြင်ဆင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-02
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိုင်းခေါင်ဒုက္ခသည်စခန်းကို ရှမ်း၊ ပလောင်နဲ့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၈ ယောက် ဒီနေ့ထပ်ရောက်လာပါတယ်။