သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-19
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒဖြစ်တဲ့ တန်းတူညီမျှတဲ့ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကြိုးပမ်း နေတဲ့အတွက် ၂၁ ရာစုပင်လုံ ညီလာခံရဲ့ အသီးအပွင့်တွေကို မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်တယ် လို့ NLD နာယက သူရဦးတင်ဦး က ပြောကြားလိုက်ပါတယ်။
2016-07-19
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ် ယာမြေတွေနဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေ အတွက် လျော်ကြေးရရှိနိုင်အောင် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးပေးဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို အမ်းဒေသခံတွေက ဒီနေ့ တောင်းဆိုလိုက် ပါတယ်။
2016-07-19
အစိုးရဌာနဆိုင်ရာတွေက သိမ်းယူထားပြီး အသုံးမပြုတဲ့ လယ်ယာမြေတွေကို တောင် သူတွေထံ ပြန်ပေးဖို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မနေ့က တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
2016-07-19
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကွန်ဟောက်ကျေးရွာမှာ ဒေသခံသား အဖနှစ်ဦး မနေ့က မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန် ရရှိထားတာကြောင့် လားရှိုးမြို့နယ်ဆေးရုံ မှာ ဆေးကုသနေပါတယ်။
2016-07-19
စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေကို ဖုန်းတွေ၊ ဖေ့စ်ဘွတ် နဲ့ မေးလ်တွေကနေတဆင့် ငွေကြေးလိမ်လည်တောင်းခံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သတိပြုရှောင်ရှားကြဖို့ စင်ကာပူ နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-07-19
ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ ဒီကနေ့ ကျင်းပတဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့သလို နှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ဂါရဝပြုခဲ့ပါတယ်။
2016-07-19
မလေးရှားနိုင်ငံမှာ ဒီတစ်ပတ် အတွင်း မြန်မာနိုင်ငံသား ၁၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ကပုန်း ၇ ရက် သားသမီးနာရေးကူညီမှုအသင်း တာဝန်ရှိသူတွေ က ပြောပါတယ်။
2016-07-19
ဒီကနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို နိုင်ငံတဝှမ်း ခမ်းခမ်းနားနား ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း မသင်းသီရိ စုစည်းတင်ပြထားပါတယ်။
2016-07-19
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွအာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တာ ဒီကနေ့ ၆၉ နှစ်ပြည့်မြောက် လာခဲ့ပါပြီ။
2016-07-19
တိုင်းရင်းသားအားလုံး လက်ခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဖြစ်မလာရင် ၂၁ ရာစုပင်လုံ ညီလာခံ အောင်မြင်ဖို့ မလွယ်ဘူးလို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခူးဦးရယ် က ဒီနေ့ ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။
2016-07-19
မန္တလေး၊ စစ်ကိုင်းနဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့ နဲ့ တရားမဝင်ပြည်ပ တင်ပို့မှုတွေကို တားဆီးပေးဖို့အတွက် အစိုးရထံ တင်ပြတောင်းဆိုမယ့် လက်မှတ်တွေကို မန္တလေးမြို့မဟာအောင်မြေကျောက်ဝိုင်းအဆင့်မြှင့်တင်ရေးကော်မတီက ဦးဆောင် ကောက်ယူနေပါတယ်။
2016-07-19
တိုင်းရင်းသားအဖွဲ့အားလုံး လက်ခံနိုင်တဲ့ နိုင် ငံရေးဆွေးနွေးပွဲ မူဘောင်ဖြစ်မလာရင် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့ မလွယ်ဘူးလို့ ညီညွတ်သောလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြောရေးဆိုခွင့်ရှိသူ ခူးဦးရယ်က ပြောလိုက် ပါတယ်။
2016-07-19
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ ရန်ကုန်တိုင်း တာမွေမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံခဲ့ ပါတယ်။
2016-07-19
ဒေသတွင်းငြိမ်းချမ်းရေးနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာရေးအတွက် ရှမ်း၊ ကချင်နဲ့ တအာင်း လူငယ်အဖွဲ့တွေ ဦးဆောင်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဒေသခံတွေ ဇူလိုင်လ ၁၆ ရက်နေ့က လားရှိုးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-07-19
ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့နဲ့ ကျောက်မျက်တရားမဝင် ပြည်ပ တင်ပို့နေတာတွေ တားဆီးပေး ဖို့ တောင်းဆိုတဲ့လက်မှတ်တွေကို မန္တလေး၊ စစ်ကိုင်းနဲ့ ဖားကန့်ဒေသတွေမှာ လိုက်လံကောက်ယူနေပါတယ်။