သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-19
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ "လဝန်းထက်သာ" အထည်ချုပ်စက်ရုံ အလုပ်သမား ၈ဝ ကျော်ဟာ အလုပ်ထုတ်နစ်နာကြေး ရရှိဖို့နဲ့ လုပ်သက်လျော်ကြေး အမြန်ဆုံးထုတ်ပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2016-07-19
မကွေးတိုင်း စေတုတ္တရာမြို့နယ်က မုန်းချောင်းတမံနဲ့ ကြီးအုံကြီးဝ တမံတွေကြောင့် ရေကြီးရေလျှံ နစ်မြုပ်ခဲ့တဲ့ သီးနှံတွေအတွက် လျော်ကြေးပေးဖို့အတွက် ဇူလိုင်လ ၁၇ ရက်- မနေ့က ဒေသခံတောင်သူတွေ စေတုတ္တရာမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-07-18
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရေကြီးရေလျှံခဲ့ ပြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေးတွေဆောက်ရွက်ဖို့အတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမယ်လို့ ကမ္ဘာ့ဘဏ် က ပြောပါတယ်။
2016-07-18
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ် ၇ ရပ်ကွက်က ရွှေခြင်္သေ့ဘုန်းကြီးကျောင်း မှာ ရွှေဘိုခရိုင် ဗကသအဖွဲ့ က မနက်ဖြန် ၆၉ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပဖို့ စီစဉ်နေတာကို ခွင့်ပြုချက်ရယူပြီးမှ ကျင်းပဖို့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားခဲ့ပါတယ်။
2016-07-18
အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ကရင် အမျိုးသားအစည်းအရုံး ရဲ့ မြေယာမူဝါဒ ရှင်းလင်းပွဲကို ဘားအံမြို့မှာ ဒေသခံပြည် သူတွေကို ချပြဆွေးနွေးဖို့ KNU ရဲ့ တင်ပြချက်ကို ကရင်ပြည် နယ်အစိုးရက ခွင့်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။
2016-07-18
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မိမိလိုအပ်ချက်ရာနှုန်းပြည့်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေ လို့ သဘောမထားဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေ ရဖို့သာ ရှေးရှုသင့်တယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး က တိုက်တွန်းလိုက်ပါတယ်။
2016-07-18
၂၁ ရာစုပင်လုံညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးဟာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် အပေါ်မူတည်နေပြီး တိုင်းရင်းသားအဖွဲ့အားလုံး လက်ခံနိုင်တဲ့ မူဘောင်ဖြစ်မလာရင် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့ မလွယ်ဘူးလို့ UNFC ညီညွတ်သောလူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခူးဦးရယ် က ပြောပါတယ်။
2016-07-18
ကရင်ပြည်နယ်အတွင်း အသုံးပြုနေတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို အရေးယူ ဖမ်းဆီးတာတွေ မပြုလုပ်ဘဲ သင့်တော်တဲ့အခွန်နှုန်းထားနဲ့ တရားဝင် လိုင်စင်ပြုလုပ်ပေးဖို့ ကရင်နိုင်ငံရေးပါတီ ၅ ပါတီ က မနေ့က အစိုးရထံ တောင်းဆိုလိုက်ပါတယ်။
2016-07-18
ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေး ဖို့နဲ့ တရားမဝင်ပြည်ပ တင်ပို့မှုတွေကို တားဆီးပေးဖို့ အတွက် အစိုးရထံ တောင်းဆိုမယ့် လက်မှတ်တွေကို မန္တလေးမြို့မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီက ဦးဆောင်ပြီး မန္တလေး၊ စစ်ကိုင်း နဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကောက် ယူနေပါတယ်။
2016-07-18
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာအလုပ်သမားတွေကို အကူ အညီတွေပေးနိုင်ဖို့အတွက် မလေး ရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်မြင့် ဦးဆောင် ပြီး မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို မနေ့က ယာယီဖွဲ့စည်းလိုက်ပါတယ်။
2016-07-18
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့တွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံရာမှာ အစိုးရဘက်က ၂၁ ရာစုပင်လုံ ညီလာခံလို့ ခေါ်ဝေါ်သုံးစွဲတာနဲ့ပတ်သက်ပြီး မေးမြန်း ခဲ့ပါတယ်။
2016-07-18
မန္တလေးမြို့တော် စည်ပင်သာယာနယ်နမိတ်မှာ ပါဝင်တဲ့ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် နဲ့ အမရပူရ စတဲ့ ၆ မြို့နယ်မှာ စည်ပင်မြေပေါ် ကျူးကျော်ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေ ကို မနေ့က စပြီး စီမံချက်နဲ့ စစ်ဆေးအရေးယူနေပါတယ်။
2016-07-17
အာဇာနည်နေ့ အမှတ်တရအဖြစ် ဗိုလ်ချုပ်အောင် ဆန်းအကြောင်း ဆောင်းပါးအမြောက်အများ ရေး သားခဲ့တဲ့ စာရေးဆရာ အယ်ဒီတာ ဦးသိန်းအေး ကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-17
ဒီအစီအစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္တုပ္ပတ္တိ၊ ဗိုလ်ချုပ်ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ စရိုက်သဘာဝ၊ တွေးမြင်ခံယူပုံ စတာတွေကို တင်ပြမှာပါ။
2016-07-17
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာမှာ အားလုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက် လာရေးအတွက် လက်တွေ့စဉ်းစားချက်တွေကို ဆွေးနွေး ခဲ့ကြတယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။