သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-17
ပြည်သူတွေ သမ္မတအဖြစ် မြင်တွေ့လိုသူ ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ အဖြစ် မတင်မြှောက် နိုင်တာကြောင့် နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင်မြောက်ခဲ့ရတာဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီကနေ့ တာမွေမြို့နယ်ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2016-07-17
အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီနိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးကို ဒီကနေ့ ကျင်းပရာ ဗဟိုအလုပ် အမူဆောင်ကော်မတီအသစ်ကို ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်မောင်ဆွေကို ဥက္ကဌအဖြစ် ပြန်လည်တင်မြောက် လိုက်ပါတယ်။
2016-07-17
လာမယ့်သြဂုတ်လကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးပါဝင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ တိုင်းရင်းသား အားလုံး ပါဝင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။
2016-07-17
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် က ဒေသခံ ၅၀၀ ကျော်ဟာ ကြီးအုံကြီးရေလှောင် တမံကြောင့် ရေနစ်မြှုပ် ပျက်စီးသွားတဲ့ သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2016-07-17
နိုင်ငံရေးပါတီတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ယန္တရားတွေမှာ တာဝန်မရှိဘဲ အုပ်ချုပ်ရေး အဖွဲ့ကဲ့ သို့ ကျော်လွန်လုပ်ဆောင်တာတွေ ရှိနေကြောင်းနဲ့ အဲဒီလိုပြုမူဆောင်ရွက်မှုတွေ မလုပ်ကြဖို့ ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင်က ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2016-07-17
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ပူးတွဲ တာဝန်ယူထားတဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့ကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးမင်းမင်းဦးက ပြောပါတယ်။
2016-07-17
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသ(ဗဟို)က ထိလွယ်ရှလွယ်တဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ သက်ဆိုင်တဲ့ ပဋိပက္ခတွေ၊ သွေး ထိုးလှုံ့ဆော်မှုတွေ၊ လုပ်ကြံဖန်တီးမှုတွေကို အထူး သတိ ထား ရှောင်ရှားကြဖို့ မဘသအဖဲ့ွဝင်တွေကို ဒီနေ့ သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-17
တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာမည်သုံးပြီး မြိတ်မြို့ မှာ မြေကွက်ရောင်းချနေသူ အားလုံးကို ဖမ်းဆီးထား ပြီး ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုလုပ်မှုတို့နဲ့ မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။
2016-07-17
မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီ နယ်နမိတ် ၆ မြို့နယ်အတွင်း စည် ပင်မြေပေါ် ကျူးကျော်ဖွင့်လှစ်ထားတဲ့ ဈေး ဆိုင်တွေကို မန္တလေးစည်ပင် သာယာရေးကော်မတီက မနေ့ကစပြီး စစ်ဆေးအရေးယူမှုတွေပြုလုပ်နေပြီ ဖြစ် ပါတယ်။
2016-07-17
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းတွေမှာ မိုးရာသီရောက်ရင် မကြာခဏမြေပြို လို့ ရေမဆေးကျောက် ရှာဖွေတူးဖော်သူတွေဟာ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
2016-07-16
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တို့ဟာ မနက်ဖြန် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းက အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
2016-07-16
ကချင်ပြည်နယ် ဟိုပင်မြို့နယ်ခွဲ တကွင်းကျေးရွာမှာ ဒီနေ့ ပြုလုပ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်မှုကို ဆန့်ကျင်တဲ့ လမ်းလျှောက်လှုပ်ရှားမှု မှာ ဒေသခံလူအင်အား ၄၀၀ ပါဝင်ခဲ့ပါတယ်။
2016-07-16
အစိုးရရဲ့ "ရခိုင်ပြည်နယ်ရှိ မွတ်စလင် အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းဟာ အခြေအနေတွေကို ရှုပ်ထွေးစေတဲ့ အတွက် ပြောင်းလဲသုံးနှုန်းဖို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်တွေမြို့က ရပ်မိရပ်ဖတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2016-07-16
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မှာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့ ရှမ်း၊ ကချင်နဲ့ တအောင်းလူငယ်အဖွဲ့တွေ ဦးဆောင်ပြီး လူအင်အား တစ်ထောင်လောက်က ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။
2016-07-16
နိုင်ငံတော်အစိုးရက တိုင်းရင်းသားတွေကို လိုလိုလားလား လိုက်လျောမှုတွေရှိရင် ၂၁ ရာစု ပင်လုံညီလာခံ နိုင်ငံရေး ဆွေးနွေး ပွဲတွေ အောင်မြင်မှာဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။