သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-12
ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ်ကြုံခဲ့ရတဲ့ မြို့နယ်တွေကို စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ လှူဒါန်းဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ဟာ ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
2016-07-12
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးနိုင်ဖို့ ကွင်းဆင်း စစ်ဆေးတဲ့အဖွဲ့ဟာ ဒီနေ့ စစ်ဆေးမှု စတင်ရမှာဖြစ်ပေမယ့် အဖွဲ့မှာပါတဲ့ CNPC ကုမ္ပဏီ နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကိုယ်စားလှယ်တွေက စစ်ဆေးမှုမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် စစ်ဆေးမှုကို ရပ်နားလိုက် ပါတယ်။
2016-07-12
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ မလိုအပ်ဘူးဆိုတဲ့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြား ချက်ဟာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒသဘာထားမဟုတ်တဲ့ အတွက် အလေးဂရုပြု တုန့်ပြန်သွားမှာ မဟုတ်ဘူးလို့ မဘသအဖွဲ့ဗဟို ဦးဆောင်ဆရာတော်တွေက မိန့်ကြား လိုက်ပါတယ်။
2016-07-12
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ ဗိုလ်မှူးကြီး ဗထူး ကြေးသွန်းရုပ်တုနဲ့ ပန်းခြံကို ဒီနေ့ ဖွင့်လှစ်ပြီး ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့် ဂုဏ်ပြုအခမ်း အနား ကျင်းပခဲ့ပါတယ်။
2016-07-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဥက္ကဌအဖြစ် တာဝန်ယူမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကို ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
2016-07-12
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းပစ်ခတ်မှုတွေကြောင့် ရွာပေါင်း ၆ ရွာက ရွာသား ၂၀၀ နီးပါး နမ္မတူမြို့ပေါ်က ရွှေမြင်သာကျောင်းတိုက်ကို ပြီးခဲ့တဲ့ ရက်က ထွက်ပြေး ပုန်းရှောင် လာကြတယ်လို့ သိရပါတယ်။
2016-07-12
မလေးရှားနိုင်ငံ ပီနန်းမြို့က မြန်မာအလုပ်သမား ၃ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ အခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းက ဥက္ကဌ ကိုဆန်းဝင်း ကို RFA အဖွဲ့သား ကိုရဲစည်သူကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-12
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာမှာ တအာင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
2016-07-12
ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့က ထနောင်စပ် ငါးဖမ်းလှေဆိပ်မှာ အင်ဒိုနီးရှားငါးဖမ်းလှေပေါ် ရောင်းစားခံ ထားရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD တို့ ပူးပေါင်းပြီး မနေ့က ကယ်တင် နိုင်ခဲ့ပါတယ်။
2016-07-12
မန္တလေးတိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာက လယ်ယာမြေဧက ၂ ရာကျော်ကို မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်တဲ့ အခမ်းအနားကို ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။
2016-07-12
"ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း" ဆိုပြီး အစိုးရက ခေါ်ဝေါ်သုံးနှုန်းတဲ့အပေါ် ဇူလိုင်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့မှာ လူ ၅ ရာလောက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။
2016-07-12
မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာမှာ တိုက် နယ်ဆေးရုံ ဆောက်လုပ်ဖို့ ဘတ်ဂျက်လျာထားပြီးခါမှ သရက်တောကျေးရွာ ကို ပြောင်းလဲ ချထားပေးလိုက်တဲ့အတွက် ဒေသခံတွေ က ဆေးရုံ ပြန်လည်ရရှိဖို့ မကွေးမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-07-11
နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ မြန် မာ့ရှေးဟောင်းမြို့တော် ပုဂံမြို့မှာ စပိန်နိုင် ငံံသား ခရီးသွားတစ်ဦးကို ဘာသာရေး မဖွယ်မရာပြုမှုနဲ့ ပြည်နှင်ဒဏ်ပေးခံရဖွယ် ရှိတယ်လို့ သိရပါတယ်။
2016-07-11
မြန်မာကျောက်မျက်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက် တာကျော်သူမှ ၂၀၁၀ခုနှစ်ခန့်က မိုးကုတ်နယ် အတွင်းကနေ လိမ္မော်နီရောင်ရှိတဲ့ တွင်းထွက် တစ်မျိုးကို တွေ့ရှိခဲ့ပြီး ဒီတွင်းထွက်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရှားပါး တွင်းထွက်ရတနာဖြစ် တယ်လို့ ကမ္ဘာ့တွင်းထွက် ပညာရှင်များအဖွဲ့ကနေ သတ်မှတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဒီတွင်းထွက် ကိုလည်း တွေ့ရှိသူရဲ့နာမည်နဲ့ တွဲပြီး Kyawthuite ကျော်သူရိုက် လို့ အမည်ပေးလိုက် ပါတယ်။
2016-07-11
အစိုးရသစ်လကထက်မှာ လယ်သိမ်းခံလယ်သမားတွေ လယ်ယာမြေ ပြန်လည်လုပ်ပိုင်ခွင့်ရရေးအတွက် လွှတ်တော်ကတဆင့် ဘယ်လိုအရေးဆိုမလဲ၊ မတရားတဲ့ လယ်ယာဥပဒေတွေကို ဘယ်လိုနည်းနဲ့ ဖျက်သိမ်းနိုင်အောင် ကြိုးစားမလဲဆိုတာတွေကို ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက မုံရွာမြို့မှာကျင်းပခဲ့တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး တောင်သူလယ်သမားသမဂ္ဂများ လယ်ယာမြေဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြတယ်လို့ လယ်သမားတွေ အရေးဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောပါတယ်။