သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-11
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ အလုံးအရင်းနဲ့ ဝင်လာတဲ့ စီးကရက်ကုမ္ပဏီတွေ ဟာ ဈေးချိုချိုနဲ့ ရောင်းနေတဲ့အကြောင်းနဲ့ စီးကရက်ကြောင့် ကျန်းမာရေးထိခိုက်နိုင် တာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-07-11
လာမယ့် နှစ်ရက်အတွင်း ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ကချင်၊ စစ်ကိုင်း၊ ပဲခူး၊ ချင်း စတဲ့တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေး အန္တရာယ် သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2016-07-11
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာအနီးတဝိုက်မှာ တအာင်း တပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေး တင်းမာနေ တာကြောင့် မန်လွယ်ရွာသား ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ရက်နေ့ကစပြီး သီပေါမြို့ ရတနာရွှေဂူ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။
2016-07-11
ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့ ထနောင်စပ် ငါးဖမ်းလှေဆိပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ ထိုင်းအထူးရဲတပ်ဖွဲ့က မနေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
2016-07-11
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်ကရို နဲ့ ကော့ဒွန်း -ကော့ပနော့ကျေးရွာအနီးမှာ June ကုမ္ပဏီက တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်းနဲ့ စက်ရုံဆောက်လုပ်ဖို့ သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့ ဒေသခံတောင်သူ ၁၈၀၀ ကျော် က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုအစိုးရထံ ဒီကနေ့ တင်ပြလိုက်ပါတယ်။
2016-07-11
မြိတ်ခရိုင် တနင်္သာရီမြို့နယ်က ကရင် တိုင်းရင်းသားအများစုနေထိုင်တဲ့ ကဝတ်-ကော့မပြင်း ကျေးရွာတွေ တဝိုက်က မြေဧက ၄ သောင်းကျော်မှာ မလေးရှားနိုင်ငံ MSPP (Myanmar Stark Prestige Plantation) ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးနေ တာကို ရပ်ဆိုင်းထားဖို့ တနသာၤရီမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။
2016-07-11
မြစ်ကြီးနားမြို့မှာ သေနတ်ထိမှန်သေဆုံး ခဲ့တဲ့ ကွန်ပြူတာ တက္ကသိုလ်ကျောင်း သား မောင်ဂွမ်ဆိုင်းအောင်အမူနဲ့ ပတ်သက်ပြီး သူငယ်ချင်း မျက်မြင်သက်သေတွေကို ပထမဆုံးအကြိမ် စစ်ဆေးနေ တယ်လို့ ကချင်ပြည်နယ် ဒုရဲမှူးကြီး က ပြောပါတယ်။
2016-07-11
မနေ့ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ မြန် မာနိုင်ငံမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များ အသင်းက ဦးဆောင်ကျင်းပတဲ့ အစ်နေ့အထိမ်း အမှတ်ဘာသာပေါင်းစုံ ညစာစားပွဲကို တက်ရောက်လာတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ တည်ထောင်သူ အစ္စလာမ်သာသနာ့ဗိမာန် အကြီးအကဲ ဟာဂျီ ဦးအေးလွင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်း ထားပါတယ်။
2016-07-11
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ အန်အယ်လ်ဒီ ပါတီနာမည်ကို အသုံးပြုပြီး မြေကွက်ရောင်းချနေသူ ၁၁ ဦးကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းအန်အယ်လ်ဒီပါတီရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အန်အယ်လ်ဒီက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုပေးဖို့ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားပါတယ်။
2016-07-11
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) မလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ကို ဖြေရှင်းပေးဖို့ မဘသ ဗဟိုက တောင်းဆိုထားတာနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ မရှိကြောင်း၊ ဘာသာရေးနဲ့ပတ်သက်ပြီး နိုင်ငံမှာ သံဃာ့မဟာနာယကအဖွဲ့ရှိနေကြောင်း NLD ပါတီနာယက သူရဦးတင်ဦးက ပြောကြားပါတယ်။
2016-07-11
ပြီးခဲ့တဲ့ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအလုပ်သမားတွေ တွေ့ဆုံပွဲမှာ ထိုင်းအစိုးရ က ရွေးချယ်ခေါ်ယူထားတဲ့ မြန်မာအလုပ်သမားတွေကို ခန်းမထဲမဝင်ဖို့ တားမြစ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီစောင့်ရှောက်ရေးကော်မတီ AAC အဖွဲ့ဝင်တွေနဲ့ မြန်မာအလုပ်သမားတချို့ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံစောင့်ကြည့်နေပါတယ်။
2016-07-11
ထိုင်းနိုင်ငံ ပတ်သနီခရိုင်ထဲက ငါးဖမ်းလှေပေါ်က လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့ ပတ်သက်ပြီး (MAT) မြန်မာနိုင်ငံသားအဖွဲ့က နိုင်ငံခြား ဆက်ဆံရေးမှူး ကိုစိုင်းအေးကို RFA အဖွဲသား ဦးရဲစည်သူကာ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-07-10
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ၁၁ ကြိမ်မြောက် အေဆမ် ASEAM အာရှ ဥရောပ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ မွန်ဂိုလီးယားနိုင် ငံ အူလန်ဘာတာမြို့ကို သွားရောက်မှာဖြစ်ကြောင်းပါတယ်။
2016-07-10
ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း ဆိုတဲ့ အစိုးရရဲ့အသုံးအနှုန်းအသစ် ကို မြန်မာအမျိုးသားရေး ကွန်ရက်က ဦးဆောင်ပြီး ဒီနေ့ ရန်ကုန်မြို့မှာ လူ ၅၀၀ ကျော်လောက် ဆန္ဒပြကန့်ကွက်ခဲ့ကြ ပါတယ်။
2016-07-10
ချင်းတွင်းမြစ်ရေမြင့်တက်မှုဟာ နောက်နှစ် ရက်အတွင်း စစ်ကိုင်းတိုင်း ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မော်လိုက်မြို့တွေ မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ဆက် လက်မြင့်တက်နေမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုးဦးစီး ဌာနက သတိပေးထုတ်ပြန်ပါတယ်။