သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-10
ပြီးခဲ့တဲ့ဇွန်လက ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ ရွှေ့ပြောင်းမြန်မာအလုပ် သမားတွေ တွေ့ ဆုံပွဲမှာ ထိုင်းအစိုးရ က ခေါ်လာတဲ့အလုပ် သမားတွေကို ခန်းမထဲမဝင်ဖို့တားမြစ်တဲ့ မြန်မာအလုပ် သမားအရေးကူညီသူတွေနဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က စောင့်ကြည့်နေတယ်လို့ အလုပ်သမား အရေး ကူညီသူတွေက ပြောပါတယ်။
2016-07-10
တနင်္သာရီတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာမည်ကိုသုံးပြီး မြိတ်မြို့မှာ မြေကွက်ရောင်းချနေသူ ၁၁ ဦးကို ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ် မှုတို့နဲ့ မြိတ်မြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။
2016-07-10
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေတဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်၊ မန္တလေးတိုင်းအစိုးရ အဖွဲ့နဲ့ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်တွေ ဒီနေ့ တွေ့ဆုံညှိနှိုင်းပေမယ့် ပြေလည်မှု မရခဲ့ဘဲ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပါတယ်။
2016-07-10
NLD ပါတီအနေနဲ့ အစိုးရ အာဏာရယူလာတာ ရက် ၁ဝဝ ပြည့်မြောက်လာချိန်မှာ လုပ်ဆောင်နိုင် မှုတွေနဲ့ ပြည်သူ့မျှှော်မှန်းချက်တွေအကြောင်းကို သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ တရားရုံးချုပ် ရှေ့နေကြီး ဦိးကိုနီ်နဲ့ စာရေးဆရာ ဦးစိန်မျိုးမြင့်တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2016-07-09
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာမဟုတ်တဲ့ လူနည်းစုဘာသာဝင်တွေလုံခြုံဖို့အတွက် အစိုးရနဲ့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ကူညီစောင့်ရှောက်ပေးဖို့ မြန်မာနိုင်ငံမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥပဒေအကြံပေး ရှေ့နေဦးကိုနီ က မေတ္တာရပ်ခံလိုက်ပါတယ်။
2016-07-09
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသ ဗဟို က တောင်းဆိုထားတာ ကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ မလိုအပ်ဘူးလို့ သာသ နာရေးနဲ့ ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က RFA ကို ပြောပါတယ်။
2016-07-09
မဘသအဖွဲ့ကိစ္စနဲ့ပတ်သက်လို့ သံဃာ့အာဏာပိုင် အဖွဲ့ဖြစ်တဲ့ မဟနအဖွဲ့ဦးဆောင်ဆရာတော် ကြီးတွေက တစ်ခုခုဆုံးဖြတ်သင့်ပြီ လို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးစိန္တိတ-က မိန့်ပါတယ်။
2016-07-09
ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်ချုပ်လာပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုက ရွေးချယ် တင်မြှောက်လိုက်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီး ပထမရက် ၁၀၀ အတွင်း အပြောင်းအလဲတချို့နဲ့ ကျန်ရှိသေးတဲ့ စိန်ခေါ်မှုတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2016-07-09
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာ နည်နေ့မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစိုးရပိုင်မီဒီ ယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေး မှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
2016-07-09
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့ခံတွေက ဒေသဖံ့ွဖြိုးရေးလုပ် ငန်းတွေ ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ကို ဒီနေ့ တင်ပြ ခဲ့ကြပါတယ်။
2016-07-09
ကရင်ပြည်နယ် အိန္ဒု-ကော့ကရိတ် အဝေးပြေးကားလမ်းဖောက်လုပ်ရေးကို တရုတ်နိုင်ငံက နာမည်ကျော် CRBC ဆောက်လုပ်ရေး ကုမ္ပဏီက လုပ်ပိုင်ခွင့်ရသွားတယ် လို့ သတင်းရရှိပါတယ်။
2016-07-09
ပြီးခဲ့တဲ့ ဇွန်လကစပြီး ရက်ရှည်ဆန္ဒပြနေတဲ့ မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေ နဲ့ အလုပ်ရှင်အကြား မပြေလည်မှုတွေကို မန္တလေးတိုင်းအစိုး ရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ ကြားဝင် ညှိနှိုင်းပေးပေမယ့် နှစ်ဖက်ပြေလည်မှု မရသေးဘဲ ဆွေးနွေး ပွဲပြီးဆုံးခဲ့ပါတယ်။
2016-07-09
ရှမ်းပြည်နယ် လားရှိုးမြို့မှာထားရှိမယ့် ဗိုလ်ချုပ်ကြေးရုပ်တု မျက်နှာဟာ ဗိုလ်ချုပ်အောင်ဆန်း မျက်နှာနဲ့ မတူဘူးဆို ပြီး ဝေဖန်မှုတွေရှိနေတာကြောင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက မြို့ခံလူထုရဲ့ ဆန္ဒသဘောထားခံယူပြီး ကြေးရုပ် ကို ပြင်ဆင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-07-09
အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ ဒေသခံ တစ်ထောင်ကျော်လောက် ဒီနေ့ ဆန္ဒပြကြပါတယ်။
2016-07-09
မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့ သာကျေးရွာမှာ ကျန်းမာရေးဝန်ကြီးဌာန က ပြန်လည်စွန့်လွှတ်ခဲ့တဲ့ လယ်ယာမြေ ဧက တစ်ထောင်ကျော်ထဲက ဧက ၂၀၀ ကျော်ကို ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ က တောင်သူတွေထံ ဒီနေ့ ပြန်လည်ပေးအပ် ခဲ့ပါတယ်။