သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-04
မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ သိမ်းဆည်းခံ ထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ နဲ့ လယ်ယာမြေအမှုနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူတွေအမှု ကို ဖြေရှင်းပေးဖို့အတွက် တောင်သူ ၁၅၀၀ နီးပါးရဲ့ လက်မှတ်တွေနဲ့ ပြည်ထောင်စုအစိုးရထံ တိုင်ကြားသွားမယ် လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
2016-07-04
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့ က တေ့ွရှိထားတဲ့ အလောင်း ၇ လောင်း ဟာ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်းနဲ့ အဲ့ဒီအမှုကို တရားမျှတမှုရှိအောင် ဖော် ထုတ်ပေးဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2016-07-04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ဖေ့စ်ဘွတ်မှာ ကြမ်းတမ်း စွာ ဆဲဆိုရေးသားခဲ့တဲ့ မကွေးတိုင်းဒေ သကြီး စလင်းမြို့နယ် စီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းမင်းလတ်ကို မင်းဘူးခရိုင် ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးအရေးယူထားပါတယ်။
2016-07-04
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပေါ်နေ တဲ့ အခြေအနေတွေအရ "ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သူ ဒေသခံ တိုင်းရင်း သားများ" ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲမှာမဟုတ်တော့ဘဲ "ရခိုင်လူမျိုး" လို့သာ သုံးစွဲမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-04
လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ တွေ့ဆုံဖို့ လျာထားတယ်လို့ ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။
2016-07-03
"ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်များ" ဆိုတဲ့ အစိုးရရဲ့ အသုံးအနှုန်းကို ရခိုင်ပြည်နယ် မြို့နယ် ၁၆ မြို့နယ်မှာ ကန့်ကွက်ကြောင်း ဒီနေ့ ဆန္ဒပြကြ ပါတယ်။
2016-07-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း - လယ်ပြင် ဥရုချောင်းကူး တံတားအနီးမှာ ခွင့်ပြုချက်မရှိပဲ ဆောက်လုပ်ထား တဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က သွားရောက် စစ်ဆေးနေပါတယ်။
2016-07-03
အစိုးရရဲ့ "ရခိုင်ပြည်နယ်က မွတ်စလင် အသိုင်းအဝိုင်း"ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဒေသခံတွေ ထောင်နဲ့ချီပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ ဒီနေ့ တပြိုင်တည်း ဆန္ဒပြကန့်ကွက်ကြ ပါတယ်။
2016-07-03
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေး ရရှိဖို့အတွက် ကုလသမဂ္ဂ စည်းဝေးပွဲမှာ အဆိုပြုချက်တွေ တင်သွင်းမယ်ဆိုတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ညိုညိုသင်း နဲ့ ု အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အဖွဲ့ အတွင်းရေးမှူး ဂျူလီမာရစ် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေးတင်ပြထားပါတယ်။
2016-07-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ခွင့်ပြုချက်မရှိ ဘဲ ဆောက်လုပ်ထားတဲ့ အစ္စလာမ် ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေး နဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဒီကနေ့ သွားရောက်စစ်ဆေးနေပါတယ်။
2016-07-03
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု က ပေါင်းကူသင်္ချိုင်းမြေ ၃ ဧကခွဲမှာ အငြိမ်းစား တပ်မတော် အရာရှိတစ်ဦးက နေအိမ်ဆောက်လုပ်ထားတာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ထံ တင်ပြသွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
2016-07-03
အမှတ် ၉၅၈ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ က ဒီနှစ် ဇန်နဝါရီလမှာ အင်အားသုံးပြီး ဖယ်ရှား လိုက်တဲ့ မန္တလေးတိုင်း မေမြို့ခေါ် ပြင်ဦးလွင်မြို့ နယ် ညောင်နီကျေးရွာက ရွာသားတွေရဲ့ နောက်ဆုံး အခြေအနေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2016-07-02
၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ အဖြစ် ထင်ရှားခဲ့တဲ့ အရှင် ဂမ္ဘီရ ခေါ် ကိုညီညီလွင် ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ထောင်ချ ထားရာကနေ မနေ့က ထောင်ရက်စေ့ပြီဖြစ်သလို၊ စစ်အစိုးရချိပ်ပိတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းတွေ ပြန် ဖွင့်ခဲ့မှုအတွက် တရားစွဲထားတာကိုလည်း ရဲနဲ့ အထွေထွေအုပ်ချုပ်ရေးက ရုပ်သိမ်းလိုက်တဲ့ အတွက် ပြန်လွတ်လာပါတယ်။
2016-07-02
ထိုင်းအမျိုးသားရေး အစွန်းရောက်တွေက လူမှုကွန်ရက်တွေကနေ မြန်မာမုန်းတီးရေး လှုံ့ဆော်တာတွေ လုပ်နေတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သတိဝိရိယနဲ့ နေထိုင်သွားလာကြဖို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာထားပါတယ်။
2016-07-02
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တက္ကသိုလ်နဲ့အခြေခံကျောင်း သားသမဂ္ဂများ နှီးနှောဖလှယ်ပွဲကို ပဲခူး မြို့အနား ကျောက်တန်းရွာက ပန်းပျိုးလက်ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။