သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-02
ထိုင်း - မြန်မာနယ်စပ်က ထီးခီးနယ်စပ် ဂိတ်နားမှာရှိတဲ့ KNU ဂိတ်စခန်းတစ်ခုကို အစိုးရတပ်မတော်က ဖယ်ရှားခိုင်းထားတာ နဲ့ပတ်သက်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဆွေးနွေးပွဲမှာ ဒီနေ့ ညှိနှိုင်းရာ နှစ်ဘက်ပြေလည်မှု ရရှိသွားပါတယ်။
2016-07-02
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ မနေ့က ဝတ်ပြုဆောင် တစ်ခု မီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အိုလမာသာသနာ့ ပညာရှင်များအဖွဲ့က ပြည် နယ်အစိုးရထံ တင်ပြဖို့ စီစဉ်နေပါတယ်။
2016-07-02
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ နဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ မြန်မာ မုန်းတီးရေးကို လှုံ့ဆော်မှုတွေရှိနေတဲ့အတွက် မြန်မာအလုပ် သမားတွေအနေနဲ့ သတိထားသွားလာကြဖို့ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်းက မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
2016-07-02
ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့ အတွက် တိုင်းရင်းသားတွေရဲ့ လိုလား ချက်တွေကို ကြိုတင်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ပြောပါတယ်။
2016-07-02
ကချင်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုမှာ ဒီနေ့က စပြီး ၅ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
2016-07-02
၂၁ ရာစုပင်လုံညီလာခံမှာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K က လေ့လာ သူအနေနဲ့ တက်ရောက်မှာဖြစ်ကြောင်း NSCN-K ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအန်ကန့် က ပြောပါတယ်။
2016-07-02
မြန်မာပြည်အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက် ပြီး ရှေ့ဆက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှိနေပါ တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ် စားလှယ် မစ္စယန်ဟီးလီက ပြောကြားလိုက်ပါတယ်။
2016-07-02
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီးမှာ အလောင်း ၇ လောင်း တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် တို့ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
2016-07-02
၂၀၁၂ ခုနှစ်က အမှုဟောင်း ၃ မှုနဲ့ တရားစွဲဆိုခံ ထားရတဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဗဟန်း မြို့နယ် တရားရုံးနဲ့ သံလျင်မြို့နယ် တရားရုံးတို့က အမှုအားလုံးရုပ်သိမ်းပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက် ပါတယ်။
2016-07-02
၂၁ ရာ စုပင်လုံညီလာခံမှာ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံဆွေးနွေးမှသာ တိုင်ရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့ အရေးကြီးကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ မူဝါဒဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
2016-07-02
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့မှာရှိတဲ့ ရောင်နီအရက်ချက်စက်ရုံက စွန့်ပစ်ပစ္စည်းတွေကြောင့် စက်ရုံအနီး ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဒေသခံတွေ အခက်အခဲတွေ ကြုံတွေနေရပါတယ်။
2016-07-02
မိုင်းယော်ကျေးရွာအနီးမှာ တွေ့ရှိခဲ့ အလောင်း ၇ လောင်း ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်း တင်ပြထားပါတယ်။
2016-07-02
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက်နဲ့ ပတ်သက်ပြီး နေပြည်တော်က ဝန်ကြီးဌာန ရုံးမှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။
2016-07-02
အစိုးရရဲ့ ၂၁ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနဲ့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှီနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ဟာ အကြိုတွေ့ဆုံ ညှိနှိုင်းပွဲကကို ရန်ကုန်မြို့ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ဆွေးနွေးကြပါတယ်။
2016-07-02
၂၁ ရာစုပင်လုံညီလာခံမှာ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်တွေကို အခြေခံဆွေးနွေးမှသာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကို ဖော်ဆောင်နိုင်မှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့ အရေးကြီးကြောင်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်က မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ မူဝါဒဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။