သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-02
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-07-01
၂ဝ၁၂ ခုနှစ်က အမှုဟောင်းတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးရဲ့ ဦးဆောင် သံဃာတပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင်ကို ဗဟန်းမြို့နယ်တရားရုံးနဲ့ သံလျင်မြို့နယ် တရားရုံးတွေက အမှုအားလုံးရုတ်သိမ်းပြီး ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။
2016-07-01
မြန်မာအစိုးရသစ်အနေနဲ့ ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာတွေနဲ့ အခြား မွတ်စလင်လူမျိုးတွေကို အလွန်အကျွံ ခွဲခြားဆက်ဆံနေတာတွေကို အဆုံးသတ်ရေး အတွက် အလျင်အမြန် ဦးစားပေး လုပ်ဆောင်သင့်ပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2016-07-01
ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသမှာ ယာဉ်ယန္တရားတင်သွင်းမှု ပိတ်ထားရာ က မေလ ၁ ရက်စတင်ပြီးပြန်လည် တင်သွင်းခွင့်ပေးခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က ပြောပါတယ်။
2016-07-01
ရခိုင်အမျိုးသားပါတီ(ANP)က ၂၁ ရာစု ပင်လုံညီလာခံမှာတင်သွင်းမယ့် နိုင်ငံရေး မူဘောင် တစ်ရပ်ကို ရေးဆွဲနိုင်ဖို့အတွက် ဒီနေ့ကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းဝေးမှာ အဖွဲ့ဝင် ၇ ဦးပါ တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
2016-07-01
၈၈ အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ၈ လေးလုံး သမိုင်းပြတိုက် တရားဝင်ဖြစ်မြောက်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနဲ့ သဘောတူညီမှုရခဲ့တယ်လို့ ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေးကော်မတီ က ပြောပါတယ်။
2016-07-01
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်ကျေးရွာအနီးမှာ မနေ့ကတွေ့ ရှိခဲ့တဲ့ အလောင်း ၇ လောင်းအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်အနေနဲ့ နယ်မြေခံအဖွဲ့ အစည်းတွေထံ စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ကော်မရှင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
2016-07-01
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို "ဘင်္ဂါလီ" ဆိုတဲ့ အသုံးအနှုန်းကလွဲပြီး အခြားဘယ်အသုံးအနှုန်းကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ စစ်တွေမြို့ခံတွေ၊ သံဃာတော်တွေ၊ အရပ် ဘက်လူမှုအဖွဲ့ အစည်းတွေက စာထုတ်ပြန်လိုက်ပါတယ်။
2016-07-01
၂၀၁၂ ခုနှစ်က အမှုဟောင်း ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အရှင်ဂမ္ဘီရ ခေါ် ကိုညီညီလွင် ကို ဗဟန်းမြို့နယ်တရားရုံးနဲ့ သံလျင်မြို့နယ်တရားရုံးတ့ိုက အမှုအားလုံး ရုပ်သိမ်းပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2016-07-01
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ရောက်မယ့် ကချင်ပြည်နယ် မိုင်ဂျားယန်ဆွေးနွေးပွဲကို ခွင့်ပြုပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်တွေက ဒီကနေ့ ၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်ရေးကော်မတီနဲ့ ဒီကနေ့ ဆွေးနွေးခဲ့ ပါတယ်။
2016-07-01
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ မှုခင်း ကျဆင်းရေးအတွက် အရက်ဆိုင်တွေအပြင် ကွမ်းယာဆိုင်တွေကိုပါ ည ၈ နာရီမှာ ပိတ်ခိုင်းထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြော ပါတယ်။
2016-07-01
ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ရက္ခိုင့်တပ်မတော် AA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ ကိုးကန့် တပ်မတော် MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်ဆွေးနွေးခွင့်ရဖို့လိုကြောင်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောပါတယ်။
2016-07-01
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရာမှာ လီဆူတိုင်ရင်းသားတွေ ပါဝင်ကြဖို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ ဥက္ကဋ္ဌ ဦးဆီဖာလာလူးက တိုက်တွန်းပြော ကြားလိုက်ပါတယ်။
2016-07-01
၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC က ကိုယ်စားလှယ်တွေဟာ မနက်ဖြန် ရန်ကုန်မြို့၊ ရွှေလီလမ်းက အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံကြဖို့ရှိပါတယ်။
2016-07-01
မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်းကနေ သန်းနဲ့ချီ အသုံးပြုနေတဲ့ Viber လူမှုကွန်ရက် ကနေ နိုင်ငံတော်သမ္မတရုံး Viber Public Account ကို ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။