သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-23
ရခိုင်ပြည်နယ်မှာ အရင်အစိုးရသက်တမ်း ကုန်ခါနီး ဆဲဆဲမှာ ပုဂ္ဂလိကကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ လက်ထဲ ကို မြေကွက်တွေ ချထားပေးခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ ဖွဲ့စည်းပြီး ပြန် လည် စိစစ်ခွင့်ပေးဖို့အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက် ပါတယ်။
2016-08-23
ရန်ကုန်-မန္တလေး အမြန်လမ်းဘေးက ကျူးကျော်အိမ်ခြေ ၄ ထောင်လောက်ကို မကြာခင်ဖယ်ရှားဖို့ အတွက်၊ မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေးရေးဦးစီးဌာနနဲ့ ကျူးကျော်နေထိုင်သူတွေ အမြန်လမ်း ၃ မိုင် ၂ ဖာလုံဘေးက စိုက်ပျိုးရေး ရှင်းလင်းဆောင်မှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။
2016-08-23
၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ၁၆ ဦး ၊ နိုင်ငံရေးပါတီ တွေက ၁၆ ဦး၊ စုစုပေါင်း ၄၈ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-08-23
၂၁ ရာစု ပင်လုံညီလာခံမှာ ချင်းတိုင်းရင်းသားတွေရဲ့အသံကို တစုတစည်း တည်း တင်ပြနိုင်ဖို့အတွက် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက New Ayer ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2016-08-22
မြန်မာအစိုးရသစ်က ဦးဆောင်ကျင်ပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလည်း ကိုယ်တိုင်တက်ရောက်မယ်လို့ နိုင်ငံတော်သမ္မရုံး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က AFP သတင်းဌာနကို ဒီကနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။
2016-08-22
ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပပြီး ပထမအကြိမ် တင်သွင်းရမယ့် အစီရင်ခံစာကို အချိန်မီရေးဆွဲပေးပို့နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
2016-08-22
ရန်ကုန်တိုင်းဒေသကြီးအစိုးရက အထပ်လျှော့ချဖို့ ညွှန်ကြားထားတဲ့ ကွန်ဒိုအဆောက်အဦး ၁၂ လုံးကို မူလတင်ပြထားတဲ့ ပုံစံအတိုင်း ပြန်လည်ဆောက် လုပ်ခွင့်ပြုလိုက်ပါတယ်။
2016-08-22
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်ပါတီ ညီလာခံကို နေပြည်တော်က ပါတီဌာနချုပ်မှာ ဒီနေ့ကစပြီး သြဂုတ်လ ၂၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမှာ ဖြစ်ပါတယ်။
2016-08-22
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ၁၆ ဦး ၊ နိုင်ငံရေးပါတီတွေက ၁၆ ဦး စုစုပေါင်း ၄၈ ဦး နဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2016-08-22
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၁၆ ဦး ၊ နိုင်ငံရေး ပါတီတွေက ၁၆ ဦး စုစုပေါင်း ၄၈ ဦးတို့နဲ့ ဖွဲ့စည်းလိုက် ပါတယ်။
2016-08-22
တနသာၤရီတိုင်းဒေသကြီးအတွင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ စောင့်ကြည့်သွား ဖို့အတွက် အစိုးရနဲ့ဒေသခံတွေက အဖွဲ့တွေ ဖွဲ့စည်းပြီး စောင့်် ကြည့်သွားမှာ ဖြစ်ပါတယ်။
2016-08-22
နိုင်ငံသားစိစစ်ရေး(မှတ်ပုံတင်)ကတ်တွေ ကို Smart Card ပုံစံပြောင်းလဲဖို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက စဉ်းစားနေကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
2016-08-22
တိုင်းနဲ့ ပြည်နယ်တွေမှာ အသစ်ခန့်အပ် မယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေအတွက် ပေးရ မယ့် လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေဟာများနေ တာကြောင့် ပြန်လည်သုံးသပ်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက တင်သွင်းခဲ့ပါတယ်။
2016-08-22
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဥပရောပနိုင်ငံတွေက မြန် မာနိုင်ငံဆိုင်ရာ သံအမတ်တွေနဲ့ လာမယ့် စက်တင်ဘာလမှာ အင်္ဂလန်နိုင်ငံ မှာ တွေ့ဆုံဖို့ရှိပါတယ်။
2016-08-22
ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယအစိုးရတပ်နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ တို့ မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ မီဒီယာအချို့ က ဖော်ပြတာတွေဟာ မှားယွင်းနေကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က မနေ့ကရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။