သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-16
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ရဲ့ မေတ္တာရပ်ခံချက်အရ ပြည် ထဲရေး ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စွဲဆိုထားတဲ့ အမှုပေါင်း ၄၅၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့ တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က ပြောကြား လိုက်ပါတယ်။
2016-08-16
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချူပ်ခွင့်ဒေသကို ကူညီနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကို ပြင်ဆင်ပေးဖို့နဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတွေကို သွားရောက်ကူညီခွင့်ပေးဖို့ လိုအပ်ကြောင်း နာဂအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
2016-08-16
ကမ္ဘာ့ဘဏ်ကနေ ချေးယူမယ့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ဟာ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
2016-08-16
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် မနက်ဖြန် ရန်ကုန်မြို့ကနေ ထွက်ခွာမှာဖြစ်ပါတယ်။
2016-08-16
ရှမ်းပြည်နယ်မြောက်ပိုင်း ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့မှာ ပြီးခဲ့ တဲ့နှစ်ရက်လောက်က မြို့လယ်မှာရှိတဲ့ နမ့်ဆန်ချောင်းရေလျှံတာကြောင့် နေအိမ် ၂၀၀ နီးပါးမှာ နုန်းတွေ ဝင်ရောက်ပြီး လူဦးရေ တစ်ထောင် ဝန်းကျင်လောက် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေ ပါတယ်။
2016-08-16
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ကနေ ၂၁ ရာစု ပင်လုံညီလာခံ ပူးတွဲကျင်းပရေးကော်မတီမှာ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုး ထားတဲ့ အဖွဲ့တွေပါ ပါဝင်နိုင်ဖို့ သဘောတူဆုံးဖြတ်လိုက် ပါတယ်။
2016-08-16
၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2016-08-16
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ အစိုးရတို့ပူးပေါင်းပြီး ပုဂ္ဂလိကဘဏ် ၆ ခုကနေ တဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေကျပ် ဘီလီယံ ၃၀ ထုတ်ချေးသွားမယ်လို့ အစိုးရက ကြေညာထား ပါတယ်။
2016-08-16
၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်း အဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။
2016-08-16
တောင်သူတွေရဲ့စိုက်ခင်းလယ်ယာမြေတွေနဲ့ ဆက်စပ်နေတဲ့ အင်းအိုင် တောတောင်တွေအနီးမှာ ကေအိုင်အေ တပ်ဖွဲ့တွေက မိုင်းမထောင်ဖို့ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ မနေ့က ဒေသခံတောင်သူ တစ်ထောင်ကျော် စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။
2016-08-16
ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဗဟိုအဆင့်ဖဲကြိုးပြာလှုပ်ရှားမှုတွေ့ဆုံပွဲကို နေပြည်တော်က Sky Palace ဟိုတယ်မှာ ၂ ရက်တာကျင်းပခဲ့ပြီး အချက်က ၅ ချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-08-16
ရန်ကုန်မြို့လည် ၆ မြို့နယ်က လူနေတိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားတွေမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် တာတွေနဲ့၊ နောက်ဖေးလမ်းကြားတွေမှာ တည်ဆောက်ထားတဲ့ ရေစင်၊ ဆိုင်ခန်းနဲ့ အမှိုက်တွေကို စည်ပင်သာ ယာရေးကော်မတီက သြဂုတ်လ (၁၅) ရက် ဒီကနေ့ လိုက်လံရှင်းလင်းခဲ့ပါတယ်။
2016-08-16
ရေဘေးဒဏ်ခံနေရတဲ့ ပြည်နယ်နဲ့တိုင်း ၈ ခုမှာ အကူအညီပေးနေတာတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း- ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ပြခဲ့ပါတယ်။
2016-08-16
ရန်ကုန်မြို့ ချော်တွင်းကုန်း မီးပွိုင့်အနီးက လူမှုဝန်ထမ်း- ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပိုင်မြေမှာ တည်ဆောက်ထား တဲ့ ဈေးဆိုင်ခန်းတွေကို ဖယ်ရှားလိုက်ပါတယ်။
2016-08-16
ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားအနီးက ကရင်ပြည်နယ် ကျက်သရေဆောင်ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။