သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-12
နိုင်ငံတကာလူငယ်တွေကြား ရေပန်းစားနေတဲ့ “ပိုကီမွန် ဂိုး (Pokemon Go)” မိုဘိုင်းဖုန်းဂိမ်း ကစားနည်းကို မြန်မာနိုင်ငံမှာလည်း ကစားနေ ကြပြီ ဖြစ်ပါတယ်။
2016-08-11
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် သြဂုတ် ၁၇ ရက်နေ့ တရုတ်နိုင်ငံသို့သွားရောက်မယ့် ခရီးစဉ် တွင်း နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြုပ်နှံမှုကိစ္စအပြင် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်လို့လည်း အဓိက ဆွေးနွေးနိုင် တယ်လို့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံရေးလေ့ လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
2016-08-11
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ စာတမ်းဖတ် ပွဲက ရရှိတဲ့ စာတမ်းတွေကို ၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြသွားမယ်လို့ ပါတီဥက္ကဌ ဦးသိန်းစိန်က ပြောပါတယ်။
2016-08-11
ကုန်သွယ်လုပ်ငန်းခွန်တွေ စနစ်တကျကောက်ခံဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားချက် အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့မြောက်ပိုင်းက နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်ခွန် ကောက်ခံနေမှုအခြေအနေတွေကို စတင်စစ်ဆေးနေပါတယ်။
2016-08-11
မန္တလေးတိုင်း မေမြို့ခေါ် ပြင်ဦးလွင်မြို့ နယ် ညောင်ထောက်ရွာက မြေဧက ၅၀၀၀ ကို ဦးသိန်းစိန် အစိုးရလက်ထက်က စီးပွားရေး ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး လုပ်ခဲ့တဲ့ ဦးဝင်းမြင့်က သိမ်းယူခဲ့ပါတယ်။
2016-08-11
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ မြန်မာသံရုံး ကော်မတီဝင်အဖြစ်က နှုတ်ထွက်လိုက်တာနဲ့ ပတ်သက်ပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာများအဖွဲ့ (BAT) က မဦးကို RFA အဖွဲ့သား ကိုရဲစည်သူကာ က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-08-11
၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ငြိမ်းချမ်းရေး အတွက် ပါတီရဲ့ ရပ်တည်ချက်အနေနဲ့ စာတမ်းတစ်စောင် တင်သွင်းသွားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ က ပြောပါတယ်။
2016-08-11
မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ မနက်ဖြန်မှာ မန္တလေးမြို့အထိ သွားရောက်ဆန္ဒပြမယ်လို့ ဆန္ဒပြအလုပ် သမားတွေက ပြောပါတယ်။
2016-08-11
ရှမ်းပြည်နယ်ထဲက နယ်စပ်ဂိတ်တွေ ကနေတစ်ဆင့် ထိုင်းနဲ့တရုတ်နိုင်ငံတွေကို ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်ရာမှာ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှုအားနည်းနေတာတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြတ်မတ်စစ်ဆေးနေပါတယ်။
2016-08-11
ငြိမ်းချမ်းရေး တစ်ရက်စောရမယ်ဆိုရင် တိုင်းပြည် နဲ့ ပြည်သူတွေအတွက် တစ်ရက်စောပြီး အကျိုးရှိ မယ်လို့ နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က မူဝါဒချမှတ်ထားကြောင်း ၂၁ ရာစုပင်လုံညီလာခံ၊ အကြိုပြင် ဆင်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ပြော ကြားခဲ့ပါတယ်။
2016-08-11
ကယားပြည်နယ် လွိုင်ကော်မြို့ နယ် လောပိတ အမှတ် (၁) ရေအား လျှပ်စစ်စီမံကိန်းက သိမ်းဆည်းခဲ့တဲ့ ယာနဲ့ခြံမြေ ဧက (၇ဝ) ကျော်ပေါ်မှာ ဒေသခံတောင်သူတွေ ဝင်ရောက်ရှင်းလင်း ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ ပါတယ်။
2016-08-11
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ထဲက အိမ်ခြေသုံးရာကျော်ရှိတဲ့ ဆယ်လံကျေးရွာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီမြစ်ရေကြီးခဲ့တဲ့ အတွက် မြစ်တဖက်ကမ်းမှာရှိတဲ့ ညောင်ဦးမြို့ နယ် တောင်ဘီကျေးရွာအုပ်စုဘက်ကို ရွာလုံး ကျွတ်ပြောင်းရွှေ့ခဲ့ကြရပါတယ်။
2016-08-11
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာက ရွာသား ၅ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ စစ်ဆေးနေပါတယ်။
2016-08-11
လွှတ်တော်မှာ ကိုယ်စားပြုနေတဲ့ တိုင်းရင်းသားပါတီ ၉ ပါတီက ကိုယ်စားလှယ်တွေဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။
2016-08-11
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာက ရွာသား ၅ ဦးသတ်ခံရမှု အတွက် အပြစ်ကျူးလွန်သူတွေလို့ယူဆရသူတွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အတွင်းမှာ စစ်ဆေးနေပါတယ်။