သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-22
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ တပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ DKBA ခွဲထွက်အဖွဲ့တို့ကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီက ဒေသခံ ( ၄ဝဝဝ )လောက်ဟာ မြိုင်ကြီးငူဒေသက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
2016-09-22
မြန်မာနိုင်ငံခြားရေးဌာနက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန် မာနိုင်ငံသားတွေကို အလှူရှင်တွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်နေရာမှာ ကွာလာလမ်ပူမြို့က မြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ မနေ့ညက လူကြီး ၁၃၈ ဦးနဲ့ ကလေး ၂ ဦး ထပ်မံ ရောက်ရှိလာခဲ့တယ် လို့ သိရပါတယ်။
2016-09-22
တခေတ်တခါက အားကောင်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းသွားတဲ့ စာဖတ်တတ်တဲ့ ယဉ်ကျေးမှု ပြန်လည်ထွန်းကားရေး အတွက် လူငယ်တွေကို အားကိုးရမှာဖြစ်ကြောင်း၊ အင်အားမများပေမယ့် ဒီကနေ့ ခေတ်မှာရှိနေတဲ့ စာပေမြတ်နိုးတဲ့ လူငယ်တွေ ဒီထက်မက တိုးပွား လာရင် ယဉ်ကျေးတဲ့ မြန်မာ့လူ့ဘောင် ပြန်လည် ထွန်းကားလာမယ်လို့ မျှော်လင့်ရကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2016-09-22
၂၁ ရာစု ပင်လုံညီလာခံမှာ လူငယ်တွေ အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပနေပါတယ်။
2016-09-22
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပင်လုံကျေးရွာမှာ ကလေးငယ် အယောက် ၅ဝ ကျော် တုပ်ကွေးရောဂါ ဖြစ်ပွားနေ ပြီး ကျေးရွာ မူလတန်းကျောင်းကိုလည်း ပိတ်ထားရပါတယ်။
2016-09-22
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် တချို့ကို ထိရောက်စွာအရေးယူ ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ဒေါပုံ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခေါ်) ဦးပြုံးချိုက တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိတဲ့ အတွက် ဆွေးနွေးဖို့ကို လွှတ်တော်က အတည်ပြုလိုက် ပါတယ်။
2016-09-22
အိမ်အကူမိန်းကလေးငယ်နှစ်ဦးကို နှိပ်စက် မှုနဲ့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေကို ကလေးသူငယ် ဥပဒေအရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက မနေ့က အမှုဖွင့်လိုက်ပါတယ်။
2016-09-22
အိမ်အကူမိန်းကလေး ၂ ယောက်ကို လုပ်ခလစာမပေးဘဲ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေရဲ့ ကျူးလွန်မှု ကို ငွေကြေးပေးပြီး ကျေအေးဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တရားစွဲမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။
2016-09-22
အစိုးရအနေနဲ့ အင်းဝအပ်ချုပ်ဆိုင်အိမ်ဖော် အမျိုးသမီးငယ်နှစ်ဦး ညှဉ်းပမ်းနှိပ်စက် ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့သူတွေနဲ့ တာဝန်ရှိ သူတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2016-09-22
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန် တိုက်နယ်အနီး တဝိုက် ကျေးရွာတွေက ဒေသခံ ၅ဝ ကျော်ကို ပြန်လွှတ်ပေး လိုက်ပြီလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။
2016-09-22
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသက တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခ သည် လေးထောင်ကို ကရင်ပြည်နယ်အစိုးရက သက်ဆိုင် ရာကျေးရွာတွေကို ပြန်ပို့ပေးဖို့ ပြင်ဆင်နေပါတယ်။
2016-09-22
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် အင်းဝ အပ်ချုပ်ဆိုင်မှာ ညှဉ်းပန်းနှိပ်စက် ခံရတဲ့ အိမ်အကူ ကလေး ၂ ယောက် ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေက သတင်း မီဒီယာတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး ရှင်းပြခဲ့ ပါတယ်။
2016-09-22
ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူလုပ်ကိုင်နေတဲ့ မိန်းကလေး ၂ ဦး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတဲ့အမှုမှာ လျော်ကြေးငွေပေးပြီး ကျေအေးကြဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တွေက ဝေဖန်နေကြပါတယ်။
2016-09-22
စက်တင်ဘာလ ၂၁ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်၊ မန္တလေး နဲ့ စစ်တွေမြို့တွေမှာ ကျင်းပခဲ့ပါတယ်။
2016-09-22
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲတွေ အကြောင်း ကိုကျော်သူ တင်ပြခဲ့တာပါ။ "ကရင်နီပြည် အမျိုးသမီးများရဲ့အသံ" လို့ အမည်ပေးထားတဲ့ ညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာ ကျင်းပခဲ့ပါတယ်။