သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-22
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ပွန်ချောင်း အနီးမှာ ရွှေတောင်ကုမ္ပဏီက တည်ဆောက် မယ့် ရေကာတာကို ရပ်ဆိုင်းပေးဖို့ ကရင်နီပြည် လူမှုအဖွဲ့အစည်း ၉ ဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2016-09-22
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာရဲ့တောင်ဘက် သစ်တောကြိုးဝိုင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့က ရဲဘက်ပြေးတစ်ဦးနဲ့ မူးယစ်ဆေးဝါးရောင်းချ နေတာတွေကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားလို့ သတင်းရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ အဲဒီအမှုနဲ့ဆက်နွယ်ပြီး တစ်ဦးကိုသာ ဖမ်းမိပြီး အယောက် ၂၀ ထွက်ပြေး လွတ်မြောက်သွားပါတယ်။
2016-09-22
မြန်မာနိုင်ငံမှာ ဒုစရိုက်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့အတူ မင်းမဲ့စရိုက်ဆန်တဲ့ မှုခင်းတွေ ပိုမိုများပြားလာနေတဲ့အကြောင်း RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-09-22
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မိန်းကလေး ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အိမ်ရှင်တွေကို နစ်နာသူတွေ ထံ လျော်ကြေးငွေပေးပြီး ကျေအေးစေဖို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်ကို ဥပဒေပညာရှင် နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
2016-09-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ အမေရိ ကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ည သန်းခေါင်ယံက မိန့်ခွန်းပြောခဲ့ပါတယ်။
2016-09-21
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာအနီးက သစ်တော ကြိုးဝိုင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့က ရဲဘက်ပြေး တစ်ဦးကို သွားရောက်ဖမ်းဆီးချိန်မှာ မူးယစ်ဆေးရောင်းဝယ်သူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အတွက် သတင်းရဲတပ်ဖွဲ့က ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2016-09-21
ဗိုလ်ချုပ်နေဝင်းအစိုးရက အာဏာသိမ်းယူ ခဲ့တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ် သမားနေ့အဖြစ် မသတ်မှတ်ဘဲ တောင်သူလယ်သမားတွေ ရဲ့ ဆန္ဒကိုရယူပြီး ပြောင်းလဲသတ်မှတ်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌဦးဝင်းမြင့်က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2016-09-21
ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ပွန်ချောင်းအနီးမှာ ရွှေတောင်ကုမ္ပဏီ က ရေကာတာ တည်ဆောက်ဖို့ စမ်းသပ်ပြင်ဆင်တာတွေကို ရပ်ဆိုင်းပေးဖို့ ကရင်နီပြည်လူငယ်များသမဂ္ဂ အပါအဝင် လူမှုအဖွဲ့အစည်း ၉ ဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2016-09-21
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က အိမ်အကူ ကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စမှာ ကလေးတွေ နစ်နာကြေးရစေလိုတာကြောင့် မြန်မာ နိုင်ငံလူ့အခွင့်ရေး ကော်မရှင်က စေ့စပ်ညှိနှိုင်းပေးခဲ့ တာဖြစ်ပြီး တရားဥပဒေအရလည်း တရားစွဲဆိုလို့ရတဲ့ နည်းလမ်းရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။
2016-09-21
"နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံ မှုကို ကာကွယ်ပေးရေးဥပဒေကြမ်း" ကို ဥပဒေကြမ်းကော်မတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် ကိုယ်စားလှယ် ၉ ဦးက ပြည်သူ့လွှတ်တော်မှာ စက်တင်ဘာလ ၂၀ရက်နေ့က ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
2016-09-21
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တွေ ပူးပေါင်းပြီး မော်တော် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူတွေကို အသိပညာပေး တာတွေ မော်တော်ဆိုင်ကယ်စီး ဦးထုပ်တွေအခမဲ့ ဝေငှတာတွေကို ပြုလုပ်ပေးခဲ့ပါတယ်။
2016-09-21
တရားစွဲခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းရဲ့ တရားရုံးချိန်းကို လာရောက်ကြတဲ့ ဒေသခံတွေအနေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့အညီ ခွင့်ပြုချက်တင်ပြီးမှ လာရောက်ကြဖို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက စက်တင်ဘာလ (၂ဝ) ရက်နေ့ ဒီနေ့ပြောလိုက်ပါတယ်။
2016-09-21
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်ထံ တင်သွင်းလိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကြမ်းကို လက်ရှိကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကာလမှာ အတည်ပြုသွားနိုင်မှာ ဖြစ်တယ်လို့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် က ပြောပါတယ်။
2016-09-21
ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီနဲ့ ဇောတိက ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ အလုပ်သမားများအဖွဲ့ (ZOMO)တို့ကြား အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားခုံသမာကောင်စီက ချမှတ်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်ဘက်က လိုက်နာဆောင်ရွက်မှုမရှိဘဲ ပျက်ကွက်နေကြောင်း ZOMO ဥက္ကဌ ဦးကိုင်ခိုလတ်က ပြောပါတယ်။
2016-09-21
ကချင်ပြည်နယ် လုံးခင်း-ဖားကန့်ရတနာနယ်မြေမှာ ခွင့်ပြုချက်မရှိဘဲ ကျောက်မျက်ရတနာ တူးဖော်လုပ်ကိုင်တာ၊ ကျောက်မျက်ရတနာ အရိုင်းတွေကို စမ်းသပ်တိုင်းတာတာ၊ လက်ဝယ်ထားပြီး သယ်ယူရောင်းဝယ်တာတွေ မပြုလုပ်ဖို့ သတိပေးထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းတို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။