သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-14
အမေရိကန်ပြည်ထောင်စုကို လာရောက် မယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို မရောက်ရှိမီ အမေရိကန် ဂျူး World Service ဌာနက မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်း သားများအပေါ် တရားမျှတမှုအတွက် အာမခံချက်ပေးဖို့နဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိဖို့ တောင်းဆိုလိုက်ပါတယ်။
2016-09-14
အမေရိကန်သမ္မတ အိုဘားမားအနေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အခါ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ရေးမူဝါဒ၊ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန် မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆို တာတွေ ဆွေးနွေးသွားမယ်လို့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ben Rhodes က ပြောကြားလိုက်ပါတယ်။
2016-09-14
အမေရိကန် အထက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ Ben Cardin ဘင်ကာဒင်နဲ့ John McCain ဂျွန်မက်ကိန်း တို့က မြန်မာပြည်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှုတွေကို အထောက်အပံ့ပြုရေးနဲ့ တပြိုင်နက်မှာ မြန်မာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဆက်လက်ဖြစ်ထွန်းရေးအတွက် ၂ဝ၁၆ ခုနှစ် မြန်မာပြည်ဆိုင်ရာ မဟာဗျူဟာ အက်ဥပဒေကို အမေရိကန် အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2016-09-13
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့က ဗြိတိသျှဝန်ကြီးချုပ် Theresa May နဲ့ လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံခဲ့ပါတယ်။
2016-09-13
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ ကျန်းမာရေး ဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးစွဲသူတွေကို မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးဖြတ်ကုသပေးနေပါတယ်။
2016-09-13
အစိုးရသစ်တာဝန်ယူပြီးနောက် ၅ လ အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေ ရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိထားပြီး အလုပ် အကိုင်အခွင့်အလမ်း ငါးသောင်းကျော် ဖန်တီးပေးနိုင်ခဲ့ တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။
2016-09-13
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်မှာ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ကျေး ရွာ ၅ ရွာလောက် အရေးပေါ်ပြောင်းရွှေ့နေကြတယ်လို့ စလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် က ပြောပါတယ်။
2016-09-13
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ နယ်ခြားစောင့်တပ် BGF နဲ့ DKBA ခွဲထွက်အဖွဲ့တို့ စစ်ရေးတင်းမာမှုတွေကြောင့် မြိုင်ကြီးငူဒေသကို ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်း ပြီး အစားအသောက်နဲ့ အသုံးအဆောင်တွေ ဒီနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။
2016-09-13
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်တို့နဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကို ရပ်တန့်ပေးဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-09-13
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ မှာ ပြန်လည်ကျင်းပမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။
2016-09-13
စစ်ကိုင်းတိုင်းဒေသကြီးက သစ်တော ကြိုးဝိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ်တောဝန်ထမ်း ၂၈ ဦးကို သစ်ခိုးထုတ်တာတွေ ဖမ်းဆီးဖို့ တာဝန်ပေ့ါလျော့မှုနဲ့ အရေးယူလိုက်ပါတယ်။
2016-09-13
၂၁ ရာစု ပင်လုံညီလာခံရဲ့ နောက်ဆက်တွဲအနေ နဲ့ နိုင်ငံရေးမူဘောင်အဆင့်ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ရမှာဖြစ်ပါတယ်။
2016-09-13
ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေကို ပြင် ဆင်ပြဌာန်းနိုင်ဖို့အတွက် ဦးစားပေးပြဌာန်းသင့်တဲ့ ဥပဒေ ၄၈ ခုကို ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များလေ့လာ စမ်းစစ်သုံးသပ်ရေးကော်မရှင်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက် ပါတယ်။
2016-09-13
ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲပြီးချိန်ကစပြီး အစိုးရသစ်ထံ အာဏာမလွှဲပြောင်းခင် ကြားကာလမှာ အရင်မန္တလေးတိုင်းအစိုးရက တိုင်းအတွင်းက အများ ပိုင်မြေဧက တစ်ထောင်နီးပါးကို ပုဂ္ဂလိကထံ လွှဲပြောင်းပေးခဲ့တာတွေရှိပြီး အဲဒီမြေတွေကို အများပိုင်မြေတွေအဖြစ်ပြန်လည်သတ်မှတ်နိုင်ဖို့အတွက် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်က ကိုယ်စားလှယ် ၁၅ ဦးနဲ့ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။
2016-09-13
အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့် ပညာတွေသင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ်ဆောင် ရွက်ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံး နိမ့်ခဲ့ပါတယ်။