သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-13
မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အဆို တင်သွင်းလိုက်ပါတယ်။
2016-09-13
ရခိုင်ပြည်နယ်က သယံဇာတတွေနဲ့ မြေယာတွေကို ရခိုင်တိုင်းရင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ရန်ကုန် ဗဟန်းမြို့နယ် ယုဇနဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-09-13
ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမှုတွေ ရာဇဝတ်မှုတွေ များလာနေတဲ့ အခြေအနေနဲ့၊ မူဆယ် မြို့နယ် ကောင်းခါးကျေးရွာမှာ ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်မြတ်မိုးကို RFA သတင်းထောက် ကိုကံသာ က တွေ့ဆုံမေးမြန်းထားပါတယ်။
2016-09-12
မနေ့က တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြသူတွေထဲက သတင်းမီဒီယာ သမား တွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူတွေကို ဓာတ်ပုံသတင်းထောက် ကိုမြတ် သူကျော်က ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုလိုက် ပါတယ်။
2016-09-12
ရှမ်းပြည်နယ်အစိုးရအနေနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မတီ ဖဲ့ွစည်းသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။
2016-09-12
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ပြည် တွင်းငြိမ်းချမ်းရေးရရှိမှသာ မိုင်းအန္တရာယ် ကင်းရှင်းရေးကို လုပ်ဆောင်နိုင် မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-09-12
ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေထဲ က လော်ဝေါ်လူမျိုးတွေရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်းတွေမှာ လော်ဝေါ် လူမျိုးအမည်မှန်ကို ထည့်သွင်းပေးဖို့ လော်ဝေါ် စာပေနဲ့ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက ပြည်နယ်လွှတ်တော်ကော်မတီထံ တောင်းဆိုလိုက်ပါတယ်။
2016-09-12
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာ မနှစ်ဦး အဓမ္မ ပြုကျင့် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန် က ကောင်းခါးကျေးရွာမှာ ရောက်ရှိနေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော်သား ၄၀ ကျော်ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တိုက်ရိုက် စစ်ဆေးခွင့်တောင်းတာဟာ ဥပဒေကျင့်ထုံးတွေနဲ့ မညီကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
2016-09-12
သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေ တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ဦးစားပေးပြဌာန်းဖို့လိုအပ်တဲ့ ဥပဒေ ၄၈ ခုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံတင်ပြလိုက်ပါတယ်။
2016-09-12
မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ကို ပြည်နယ် လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။
2016-09-12
အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ တိုင်းရင်းသားမျိုးနွယ် စု တွေအတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့်ပညာတွေ သင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသား စာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ်ဆောင်ရွက် ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။
2016-09-12
ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့က ဒီအပတ် အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက် မှာဖြစ်ပါတယ်။
2016-09-12
လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးအဆိုတင်သွင်းဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုတိုက်တွန်းသွား မှာဖြစ်တယ်လို့ NLD ပါတီဥပဒေအကြံပေး ရှေ့နေဦးကိုနီ ကပြောပါတယ်။
2016-09-12
ရခိုင်ပြည်နယ်က သယံဇာတတွေ နဲ့ မြေယာတွေကို ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့အတွက် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်က သတင်းစာရှင်း လင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။
2016-09-11
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါကျေးရွာ တဝိုက်မှာ BGF နယ်ခြား စောင့်တပ်နဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ ဒီကေဘီအေတပ် ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေ တာကြောင့် မြိုင်ကြီးငူဆရာတော်က ဒေသခံ တစ်ထောင်ကျော်ကို မြိုင်ကြီးငူကျေးရွာ မှာ ပြောင်းရွှေ့နေရာချပေးထားပါတယ်။