သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-04
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်း မြို့နယ်တဝိုက်က ချင်းတွင်းမြစ်ရေထဲမှာ ခဲပါဝင်မှုတွေ များနေတာဟာ ခန္တီးဘက် မှာ အမဲရောင်ရေထွက်တဲ့ တွင်းတတွင်း ပေါ်နေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့က လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ သွားရောက် စစ်ဆေးမှာ ဖြစ်ပါတယ်။
2016-09-04
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ နယ် မောင်းကုန်းကျေးရွာအုပ်စုအနီးမှာရှိတဲ့ ဂရိတ်ဝေါလ် သကြားစက်ရုံဟာ ဧရာဝတီမြစ်ထဲကို ရေ ဆိုးတွေ စွန့်ပစ်နေတာ စစ်ဆေးတေ့ွရှိထားကြောင်းနဲ့ ဆက်လက်စွန့်ပစ်မှု ရှိ၊ မရှိကို စောင့်ကြည့်ဖို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ညွှန်ကြားထား ပါတယ်။
2016-09-03
မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲမှုတွေကို မြန်မာ့တပ်မတော်က လမ်းကြောင်းပြောင်းလွှဲခြင်း မပြု လုပ်နိုင်အောင် အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ဆိုင်ရာ အဓိကကျတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ သင့်တယ်လို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
2016-09-03
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေး ပွဲတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ဖြစ်ပေါ်လာ မှာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက အငြိမ်းစား ဒုတိယဗိုလ်ချုပ် ကြီး မြင့်စိုးက ပြောပါတယ်။
2016-09-03
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာက ကြီးမားပြီး ပြည်သူလူထုအတွက် ပေးဆပ်သွားမယ်ဆိုတဲ့ အဓိဌာန်မျိုးရှိတယ်လို့ မြင်ကြောင်း ဝန်ကြီးဟောင်း ဦးအောင်ကြည်က ပြောပါတယ်။
2016-09-03
၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံနေ့ ဒီနေ့ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
2016-09-03
ဧရာဝတီတိုင်းအစိုးရက စက်တင်ဘာလ ၁ ရက်နေ့ ကစပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူ မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် လူမှုရေးအဖွဲ့တွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ ယာဉ်တွေကို ဆက်လက်အသုံးပြုသွားမယ်လို့ လူမှုရေးအသင်းအဖွဲ့ ၅ဝ ကျော်က ကြေညာချက် ထုတ်လိုက်ပါတယ်။
2016-09-03
ဧရာဝတီတိုင်းဒေသကြီးအစိုးရက လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူ မယ်လို့ ကြေညာထားပေမယ့် လူမှုကူ ညီရေးအသင်းတွေ အသုံးပြုနေတဲ့ လိုင်စင်မဲ့ လူနာတင် ယာဉ်တွေ၊ နာရေးကူညီမှုယာဉ်တွေကို ဆက်လက်အသုံးပြု သွားမယ်လို့ လူမှုကူညီရေးအသင်းများ ကွန်ရက်က သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-09-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေအနီးက ကုန်တန်းကျေး ရွာမှာ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၄ သောင်းကျော်တန်ဖိုးရှိတဲ့ WY မူးယစ်ဆေးပြား အရေ အတွက် ၂၂ သိန်းကျော်ကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-09-03
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဌနဲ့ မြို့နယ် ပါတီခေါင်းဆောင်တချို့ကို ပါတီကနေ ရာသက်ပန်ထုတ်ပယ်ပေးဖို့ ဒေသခံနဲ့ အရပ်ဘက်အဖွဲ့တွေ ပါတဲ့ လူအင်အား ၂ဝဝ ကျော်က ဒီကနေ့ ပြည်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-09-03
၂၁ ရာစု ပင်လုံ ညီလာခံမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်တာတွေ အတွက် ကြောက်စရာမလိုကြောင်း နဲ့ ပြဿနာရှိတာကို မရှိချင်ယောင်ဆောင်နေ တာကသာ စိုးရိမ်စရာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
2016-09-03
၂၁ ရာစု ပင်လုံညီလာခံ တတိယနေ့ အစည်းအဝေး ကို ဒီကနေ့ကျင်းပရာမှာ တပ်မတော်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၊ နိုင်ငံရေးပါတီတွေနဲ့ အစုအဖွဲ့ ကိုယ်စားလှယ်တွေ က အနာဂတ် နိုင်ငံတော်သစ် အတွက် အကြံပြု ချက်တွေကို ဆက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
2016-09-03
၂၁ ရာစု ပင်လုံညီလာခံမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း လေလ့ာသူတွေအဖြစ် တက်ရောက်နေကြပါတယ်။
2016-09-03
ဒီကနေ့ သုံးရက်မြောက်နေ့အဖြစ် ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ က… မြန်မာနိုင်ငံကို အမည်ပြောင်းလဲဖို့နဲ့၊ အနာဂတ် ဖက်ဒရယ်ပုံစံနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို ဆွေးနွေးခဲ့ပါတယ်။
2016-09-03
၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ဆွေးနွေးသူ မဟုတ်ဘဲ လေ့လာသူကတ်ပြားသာ ထုတ်ပေးလို့ဆိုပြီး ဝ,ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကိုယ်စားလှယ်တွေ မနေ့က ညီလာခံကနေ ထွက်သွားခဲ့ပါတယ်။