သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-01
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်မှာ သြဂုတ်လ နောက်ဆုံးပတ်လောက်က ချင်းတွင်းမြစ်ရေ စီးဆင်းလာရာမှာ ရေက အမဲရောင်တွေဖြစ်နေတဲ့အတွက် ဓာတ်ခွဲစစ်ဆေးရာမှာ ခဲဓာတ်တွေ အများအပြားပါဝင်နေတာကြောင့် သောက်သုံးရန်မသင့်ကြောင်း တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဝန်ြကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးသန်းဌေး က ပြောပါတယ်။
2016-09-01
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယမြောက်နေ့ အစည်းအဝေးကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ဒီကနေ့ ဆက်လက်ကျင်း ပနေပါတယ်။
2016-09-01
နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ UWSA ဝ, ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ကိုယ်စားလှယ်အဖွဲ့ဟာ ညီလာခံကို ဆက်မတက်တော့ဘဲ ထွက်ခွာသွားကြပါတယ်။
2016-09-01
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ အနာဂတ် ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားပါတီတွေ ဆွေးနွေးခဲ့ကြရာမှာ ကွာဟမှုတွေ တွေ့ရှိရပါတယ်။
2016-09-01
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်နေတဲ့ မှုခင်းကျဆင်းရေး ပညာပေး အစီအစဉ်ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-09-01
ဥရောပနိုင်ငံများအဖွဲ့ EU အနေနဲ့ လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မြန်မာပြည်နဲ့ ပတ်သက်ပြီး ချမှတ်ထား တဲ့ အရေးယူပြဌာန်းချက်တွေကို ပြင်ဆင်ဖို့အတွက် အဆိုပြု ချက်တစုံတရာ တင်သွင်းခြင်း မပြုပါနဲ့လို့ အစိုးရမဟုတ် တဲ့ နိုင်ငံတကာအဖွဲ့အစည်း ၆ ခုက စက်တင်ဘာလ ၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်း လိုက်ပါတယ်။
2016-09-01
အမေရိကန်သမ္မတ အိုဘားမား အနေနဲ့ လာမယ့်အပတ်အတွင်း လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်တဲ့အခါ မြန်မာ၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံ အစိုးရတွေကို လူ့အခွင့်အရေး ချိုးဖေါက် မှုတွေ လျှော့နည်းပပျောက်ရေးအတွက် ဖိအားပေးဖို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အမေရိကန် ဌာနခွဲက တိုက်တွန်းလိုက်ပါတယ်။
2016-09-01
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အသွင်ကူးပြောင်းနေတဲ့ကာလအတွင်း စာအုပ်ထုတ်ဝေရေးနယ်ပယ်မှာလည်း အပြောင်းအလဲတွေ ပေါ်ပေါက်နေပါတယ်။ လူငယ်တွေ စာမဖတ်တော့ဘူးဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။
2016-09-01
ထိုင်းနိုင်ငံသားတစ်ယာက်ကို လူမှောင်ခို ဂိုဏ်းခေါင်းဆောင်တဦးအဖြစ် ထိုင်းတရား ရုံးက ဆုံးဖြတ်ပြီး မနေ့က ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက် ပါတယ်။
2016-09-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ WY အမျိုးအစား မူးယစ်ဆေးဝါး ခုနှစ်သိန်းကျော်ကို မနေ့ကနဲ့ ဒီနေ့မှာ နှစ် ရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့ပါတယ်။
2016-09-01
၂၁ ပင်လုံညီလာခံကို တက်ရောက်လာတဲ့ ဝ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ညီလာခံကို ဆက်မတက်တော့ဘဲ ထွက်ခွာသွားပါတယ်။
2016-09-01
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကေ်ာမရှင် အဖွဲ့မှာ နိုင်ငံခြားသား ၃ ဦး ပါဝင်နေတဲ့ အပေါ် ကန့်ကွက်ကြောင်း မြို အမျိုးသား ဒီမိုကရေစီပါတီက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-09-01
လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင်တော်လှန်ရေး ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ ဖို့အတွက် ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ အခမ်းအနားပြင် ဆင်ရေးနဲ့ ဧည့်ခံကြိုဆိုရေးကော်မတီ ၄ ခု ကို ဒီနေ့ဖွဲ့စည်း လိုက်ပါတယ်။
2016-09-01
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာလို့ ဥရုချောင်းရေကြီးပြီး ဒီကနေ့မှာ ဖားကန့် မြို့ပေါ်က ရပ်ကွက်တချို့ ရေနစ်မြုပ်နေ ပါတယ်။
2016-09-01
၂၁ ပင်လုံညီလာခံမှာ AA (ရက္ခိုင့် တပ်မတော်) တအာင်း ပလောင် လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ ကိုးကန့် MNDAA အဖွဲ့တွေ မပါဝင်တဲ့အတွက် အားလုံးပါဝင်ရေး ဆိုတဲ့မူကို ပြန်လည်သုံးသပ်ပေးဖို့နဲ့ အပစ်ခတ်ရပ်စဲ တဲ့ နေ့တစ်နေ့ကို သတ်မှတ်နိုင်ပါစေလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က တိုက်တွန်းလိုက်ပါတယ်။