သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-26
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနက လွှဲပြောင်းရယူလိုက်ပါတယ်။
2018-12-26
မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာက မြေလွတ်မြေရိုင်းနဲ့ လယ်မြေဧက ၅၅ဝ မှာ Orchard ကုမ္ပဏီရဲ့ ငါးမွေးမြူရေးလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ကိုင်ခွင့်ပြုလိုက်ပါတယ်။
2018-12-26
တရုတ်နိုင်ငံကို တင်ပို့တဲ့ မြန်မာနိုင်ငံထွက် ဖရဲ၊ သခွားမွှေး ကုန်သည်တွေကို တရုတ်နယ်စပ်ဂိတ်က စစ်ဆေးမှုတွေ တင်းကြပ်တာကြောင့် သစ်သီးကုန်သည်တွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
2018-12-26
၂ဝ၁၈ ကိုနှုတ်ဆက်ပြီး ၂ဝ၁၉ ကိုပျော်ပျော်ရွှင်ရွှင်ကြိုဆိုတဲ့အနေနဲ့ RFA ရဲ့ တနှစ်တာ အသံလွှင့်အစီအစဉ်တွေထဲက အလွဲအမှား၊ရယ်မောစရာလေးတွေကို RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားပါတယ်။
2018-12-26
ရိုက်တာ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို လုံခြုံရေး စာရွက်၊ စာတမ်း တွေပေးပြီး ထောက်ချောက်ဆင်ဖမ်းဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် ထောင်ဒဏ် ၁ နှစ်ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့မှာ လွတ်မြောက်မယ် လို့ သိရပါတယ်။
2018-12-26
အခြေခံပညာသင်ရိုးမှာ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာကို ခွဲခြားဆက်ဆံတဲ့ အကြောင်းအရာတွေ သင်ကြားနေတဲ့အတွက် မတူကွဲပြားတဲ့ ဘာသာတရားကို လေးစားတန်ဖိုးထားတဲ့ သင်ရိုး ညွှန်းတမ်း ဖြစ်အောင် ကြပ်မတ်ပေးဖို့ အရပ်ဖက်အဖွဲ့တွေက သမ္မတထံ ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
2018-12-26
မအူပင်မြို့နယ် ပလောင်ကျေးရွာက မြေလွတ်မြေရိုင်းနဲ့ လယ်မြေဧက ၅၅၀ မှာ Orchard ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့က ကုမ္ပဏီကိုပဲ ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့တာကို မကျေနပ်တဲ့ လယ်သမား ၁၀၀ ကျော်ဟာ ဒီနေ့ မအူပင်မြို့ပေါ်မှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2018-12-26
ဗဟိုဝန်ထမ်းတက္ကသိုလ်က သင်ကြားရေးနည်းစနစ်တွေကို ပြန်လည်လေ့လာဆန်းစစ်သင့်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ပြောလိုက်ပါတယ်။
2018-12-26
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လူငယ်ပြန်လည်ထူထောင်ရေးစခန်းတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနက လွှဲပြောင်းရယူပြီးဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
2018-12-26
ဒီနေ့ကျရောက်တဲ့ ခရစ္စမတ်နေ့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က ဂျန်မိုင်ကောင့် KBC နဲ့ ကဘူဒမ် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်ဆင်နွဲှကြပါတယ်။
2018-12-26
ထူးခြားတဲ့ ခရစ္စမတ်အချိန်ကာလမှာ ခရစ်ယာန်ညီအကိုမောင်နှမတွေနဲ့အတူ ခရစ္စစမတ်နေ့ အကြောင်းနဲ့ အနှစ်သာရလေးတွေကို ပြောပြပြီး တဦးကိုတဦးမေတ္တာဖြန့်ဝေကြရင်း ခရစ်တော်ကို ချီးမွမ်းကြိုဆိုမယ့် အစီအစဉ်လေးပါ။
2018-12-26
တရုတ်ပြည်ရဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းဟာ ကုန်သွယ်စီးပွား ကဏ္ဍအတွက်သာဖြစ်ပြီး စစ်ရေး ရည်မှန်းချက် လုံးဝ မပါဝင်ကြောင်း မကြာခင်က တရုတ်အစိုးရက အတည်ပြု ကြေညာလိုက်ပါတယ်။
2018-12-26
တရုတ်နိုင်ငံက လျှော့ချပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုရှိ မရှိ စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ကုလသမဂ္ဂက ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၂၈ သန်း ချမှတ်ပေးလိုက်ပါတယ်။
2018-12-26
စတုတ္ထတန်းသင်ရိုးညွှန်းတမ်းရဲ့ စာရိတ္တနဲ့ပြည်သူ့နီတိသင်ခန်းစာထဲက “ဝံသာနုစိတ်ဓာတ်” ဆိုတဲ့ ကဗျာထဲမှာ “သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုးအညွန့်တုန်း” ဆိုပြီး သင်ပေးနေတာဟာ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာမတူတာကို ခွဲခြားဆက်ဆံတတ်တဲ့အလေ့အကျင့် အယူအဆဖြစ်စေတဲ့အတွက် ကြပ်မတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်က နိုင်ငံတော်သမ္မတဆီကို အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ပေးပို့လိုက်ပါတယ်။
2018-12-25
မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေတယ်လို့ အိန္ဒိယနိုင်ငံကလာတဲ့ သတင်းတရပ်မှာ ဖေါ်ပြပါတယ်။