သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-14
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်နှစ်နီးပါးရှိနေပြီး စစ်ဘေးရှောင်အရေအတွက်ဟာလည်း တစ်သိန်းနီးပါးရှိလာပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ပါတယ်။
2019-12-14
နောင်လာမယ့် ၁၀ နှစ် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးက နေရာလပ်မကျန် လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။
2019-12-14
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆင်သေပြင် မွတ်စလင်ကျေးရွာအတွင်း မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်တချို့ မီးလောင်ပျက်စီးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-12-14
၂ဝ၁၉ ဒီဇင်ဘာ ၁၄ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “ICJ နဲ့ မြန်မာ့နိုင်ငံရေးအလားအလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-12-13
မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကနေ နေပြည်တော်ကို ဒီကနေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ မနေ့ကတော့ သဟိဂ်မြို့မှာ သူမကို လာရောက်အားပေးခဲ့သူတွေနဲ့ တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
2019-12-13
နယ်သာလန်နိုင်ငံ The Hague မြို့၊ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဂန်ဘီယာနိုင်ငံက စွဲဆိုချက်အတွက်၊ မြန်မာနဲ့ ဂန်ဘီယာတို့ အမှုရင်ဆိုင်နေတာကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ လာရောက်ကြသလို မြန်မာနိုင်ငံက လာကြသူတွေရှိပါတယ်။
2019-12-13
ICJ နိုင်ငံတကာတရားရုံးမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာပွဲက ထူးခြားချက် တချို့ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က စုစည်းတင်ပြထားပါတယ်။
2019-12-13
ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းဝင်တော့မယ့် တရားရင်ဆိုင်မှုကို မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့အချိန်မှာပဲ မြန်မာပြည်သူတွေ အနေနဲ့ရော လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်အကြောင်း၊ တရားရုံးကြားနာမှုအကြောင်း ဘယ်လောက်အထိ စိတ်ဝင်တစား ရှိကြပါသလဲ။
2019-12-13
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရပါတယ်။ ဒီဇင်ဘာလ ၁ဝ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ... စွဲချက်တင်တဲ့ ဂမ်ဘီယာနိုင်ငံနဲ့၊ ခုခံချေပတဲ့ မြန်မာကိုယ်စားလှယ်တွေ ICJ တရားရုံးကြားနာပွဲကို တက်ရောက်ခဲ့ကြပါတယ်။
2019-12-13
နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ဘက်က ဥပဒေပညာရှင်တွေ၊ နိုင်ငံကိုယ်စားပြုသူတွေ ၃ ရက်ကြာ လျှောက်လဲချက်တွေကို အပြိုင်အဆိုင်ချေပ တင်သွင်းခဲ့ကြတာကို ဥပဒေရှုထောင့်အရ သုံးသပ်တဲ့အခါ ဂမ်ဘီယာနိုင်ငံဘက်က အားသာနေတယ်လို့ ပြည်တွင်း ဥပဒေပညာရှင်တချို့က ပြောပါတယ်။
2019-12-13
Myanmar Now အယ်ဒီတာ ကိုဆွေဝင်းအမှုရဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မဘသ ဆရာတော် ဦးဝီရသူ နောက်လိုက်တွေက ဒီနေ့ မန္တလေးတိုင်း တရားလွှတ်တော်ဝင်းထဲမှာ ခြိမ်းခြောက်၊ ဆဲဆိုမှုတွေပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
2019-12-13
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီဇင်ဘာ ၁၂ ရက် မနေ့ညကတည်းက တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့ မနက်ကဆိုရင် မြို့ရဲ့မြောက်ဘက်အရပ်မှာရှိတဲ့ ရှေးဟောင်း သင်းကျပ်တောင်ဘုရားစေတီ အနီးကို လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
2019-12-13
ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ အသံတွေ လွှတ်တော်မှာ ပိုအားကောင်းလာဖို့နဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ပိုပေးဖို့ တောင်းဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မူ ကော်မတီရဲ့ အစီရင်ခံစာကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2019-12-13
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ရက္ခိုင့်တပ်တော် AA က သူတို့ ထိန်းသိမ်းထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး မိသားစုနဲ့ NLD ပါတီကတော့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်
2019-12-12
RFA ကိုရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်နဲ့ ပြည်ပရောက် RFA ပရိတ်သတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။