သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-03
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကော့ဆက်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေက ကလေးပေါင်းလေးသိန်းလောက်ရဲ့ ပညာသင်ခွင့်တားမြစ်ထားတဲ့ အတွက် ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ကလေးအခွင့်အရေး ချိုးဖောက်ရာ ရောက်နေပြီဆိုတဲ့ အကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-12-03
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းကို လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ် က ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကို အသိပေးပြောကြားလိုက်ပါတယ်။
2019-12-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ကလေးငယ် လေးသိန်းကျော်ဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။
2019-12-03
ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ထဲမှာ မနေ့ညနေက လက်နက်ကြီးပေါက်ကွဲလို့ လူ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
2019-12-02
AA နဲ့ တပ်မတော် တိုက်ပွဲကာလအတွင်း သံသယနဲ့ ဖမ်းဆီးခံထားရသူတစ်ချို့ တပ်မတော်စစ်ကြောရေးမှာ အသက် သေဆုံးနေရတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုပေါ်ပေါက်ချက်အပေါ်မှာ မူတည်ပြီးမှ ဆက်လက်ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရခိုင်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးထံ အကြောင်းပြန်လိုက်ပါတယ်။
2019-12-02
မြန်မာအစိုးရဘက်က ကနေဒါနိုင်ငံသား ပါမောက္ခ ဒေါက်တာ William Schabas ကို နယ်သာလန်နိုင်ငံက ကမ္ဘာ့တရားရုံး (ICJ)မှာ ရင်ဆိုင်ရမယ့် အမှုအတွက် ငှားရမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကာယကံရှင် ဝီလီယံ ရှဘတ်စ်ကတော့ အတည်ပြုပေးဖို့ ငြင်းဆန်ထားပါတယ်။
2019-12-02
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို မြန်မာအစိုးရကိုယ်စား အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်မှာကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2019-12-02
ဖမ်းဆီးခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်လိုက်ပြီ လို့ ကြေညာခဲ့ပေမယ့် အဲဒီအထဲက ခုနှစ်ယောက်ဟာ စစ်တွေ မီးသတ်တပ်ဖွဲ့ဆီကို ပြန်ရောက်မလာပါဘူး။ တစ်လနီးပါးကြာလာပေမယ့် ဒီ ခုနှစ်ယောက် ပျောက်ဆုံးနေမှု ဟာ ပဟေဠိဆန်ဆန်ဖြစ်နေဆဲပါ။
2019-12-02
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရင်ဆိုင်ဖြေရှင်းဖို့ တပ်မတော်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်တာဟာ အစိုးရက တာဝန်ယူ၊ တာဝန်ခံ တယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်ပါတယ်။
2019-12-02
ပရဟိတနဲ့နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ အခက်အခဲတွေ ကြားက HIV နဲ့အတူ နေထိုင်သူတွေရဲ့ အသက်ကို ဆွဲဆန့်ထားနိုင်ဖို့ ကြိုးစားနေသူပါ။
2019-12-02
အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ဆယ်ကျော်သက် ချင်းမလေးကို ခေါ်ယူစောင့်ရှောက်ထားလို့ အသတ် ခံခဲ့ရတဲ့ ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ် တွန်းဇံ မြို့နယ်က ဆရာမအကြောင်းနဲ့ ပလက်ဝမြို့နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို ချင်းပြည်နယ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ Program Director မိုင်သင်းယုမွန် ကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က တွေ့ဆုံမေးမြန်း ထားပါတယ်။
2019-12-01
Methamphetamine စိတ်ကြွ ရာဘ ဆေးပြားသုံးသူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်ဖျက်သူတွေရှိပြီး ဆေးဖြတ်ပေးသူတွေလည်း ရှိပေမယ့် မူးယစ်ဓာတုဆေး ပြားဈေးကွက်က တွင်ကျယ်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2019-12-01
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် နိုင်ငံ တကာတရားရုံး ICJ မှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘာကြောင့်သွားရောက် ရင်ဆိုင်ဖြေရှင်းမှာပါလဲ။
2019-12-01
ရခိုင်ပြည်နယ် ကုလားတန်မြစ်ထဲမှာ ပလက်ဝတံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းတင်ဆောင်လာတဲ့ ရေယာဉ် ခြောက်စင်းကို ရက္ခိုင့်တပ်တော် AA က ကမ်းပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် မှုကြောင့် အရာရှိနဲ့ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
2019-12-01
ဒီနှစ်အတွင်း တရုတ်နိုင်ငံကို လူကုန်ကူးခံရမှုတွေထဲမှာ ဇနီးမယားအဖြစ် ရောင်းစားဖို့ လူကုန်ကူးခံရသူတွေများပြီး အဲအထဲကအမျိုးသမီး ၆၀ ကျော်ကို ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် လူကုန်ကူးမှု တာဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။