သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-01
ကျားဖောင်လုပ်ငန်းအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကာကွယ်ဖို့ အလုပ်သမားတွေဟာ အလုပ်သမားဝန်ကြီးဌာနမှာ အလုပ်သမားကတ်ပြားလုပ်ဖို့ လိုသလို အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမား ဘယ်နှစ်ယောက်ခန့်ထားသလဲ ဆိုတာ ဝန်ကြီးဌာနကို သတင်းပို့ဖို့လိုတယ်လို့ ဦးယုလွင်အောင်က ပြောလိုက်ပါတယ်။
2019-11-30
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်း မြောက်ဘက်ပိုင်းဒေသတွေ အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ပေးအပ်တဲ့ စားနပ်ရိက္ခာ အကူအညီတွေကို တပ်မတော်က ကန့်သတ်နေတယ်လို့ ရွာလူကြီးတွေက ပြောပါတယ်။
2019-11-30
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တစ်နှစ်နီးပါးကြာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် AA နဲ့ ဆက်စပ်တယ်ဆိုပြီး အမှုဖွင့်၊ တရားစွဲဆိုခံထားရသူ ၅၀၀ ကျော်ရှိတယ်လို့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2019-11-30
၂ဝ၁၉ နိုဝင်ဘာ ၃၀ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ပင်လယ်ပြင်ထဲက ဖြေရှင်းရမယ့် လူ့အခွင့်အရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-11-29
ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတာပါ။ နောက်နှစ်ဆိုရင် မြန်မာ့ပြည်တွင်းစစ် သက်တမ်း ၇၂နှစ် ပြည့်ပါတော့မယ်။
2019-11-29
ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတာပါ။ နောက်နှစ်ဆိုရင် မြန်မာ့ပြည်တွင်းစစ် သက်တမ်း ၇၂နှစ် ပြည့်ပါတော့မယ်။
2019-11-29
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်မှာ အခုနှစ် မိုးခေါင်တဲ့အတွက် မိုးရေကို အားထားပြီး စိုက်ပျိုးရတဲ့ "မိုးကောင်းသောက်" လယ်တွေ အတော်များများ ပျက်စီးကုန်ပါတယ်။
2019-11-29
မြန်မာ့ပညာရေးကို နည်းပညာနဲ့ အထောက်အကူပြုဖို့အတွက် နည်းပညာကုမ္ပဏီတခုက ပညာရေးဝန်ကြီးဌာနနဲ့ တွဲပြီး လုပ်ကိုင်နေပါတယ်။
2019-11-29
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာမှာ ကုလားတန် မြစ်ကြောင်းထဲသွားနေတဲ့ ရေတပ်ကပစ်ခတ်လို့ အသက် ၇၀ ကျော်အရွယ် အဖိုးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
2019-11-29
နိုင်ငံတကာတရားရုံး ICJ မှာအစွဲခံထားရတဲ့ မြန်မာအမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ထွက်ချက်ပေးမယ့် ခရီးစဉ်မှာ သူ့ကိုထောက်ခံသူတွေက ကန်ဒေါ်လာထောင်ချီ ကုန်ကျခံပြီး လိုက်ပါအားပေးဖို့ ဆန္ဒရှိနေတဲ့အတွက် ခရီးသွားလုပ်ငန်းတချို့ကလည်း လျှော့ဈေးတွေနဲ့ ဝန်ဆောင်မှုပေးနေကြပါတယ်။
2019-11-29
ကချင်ပြည်နယ်မှာ တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ငွေလှူဒါန်းမှုနဲ့ခရီးစဉ်လည်ပတ်မှုတွေက ဆက်တိုက်ဆိုသလို တူညီနေတာတွေရှိနေပါတယ်။
2019-11-29
အသက် ၁၄ နှစ်အရွယ်၊ မမြတ်သူ (အမည်လွဲ)ဟာ ဆွေမျိုးတော်စပ်တဲ့ အဒေါ်ဖြစ်သူကနေ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ကို ပို့ဆောင်ခံလိုက်ရပါတယ်။
2019-11-29
ရှမ်းမြောက်၊ နမ္မတူမြို့နယ်၊ မန်ဝါရွာထဲကို ဒီနေ့မနက်မှာ လက်နက်ကြီး ကျပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိသွားပါတယ်။
2019-11-28
ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့က မြန်မာ့တပ်မတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံးတွေက အရေးယူရန် ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံ ကြောင်း နိုဝင်္ဘာလ ၂၈ ရက် မနေ့က ကြေညာလိုက်ပါတယ်။
2019-11-28
ဟောင်ကောင်လူထုဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စုက ထောက်ခံလိုက်ချိန်မှာ တရုတ်နိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဝေဖန်ပုတ်ခတ်သုံးနှုန်းတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်တဲ့ ဒီမိုကရေစီရေးလိုလားသူတွေကို စွပ်စွဲတာတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။