သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-28
မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ မြေမြှုပ်မိုင်းသုံးနေသေးတာကို တပြည်လုံးအပစ်ရပ်စဲရေးလုပ်နိုင်မှ တားဆီးနိုင်တော့ မယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2019-11-28
RFA ကို ရေးတဲ့စာ ပေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့စာတွေထဲက တင်ပြပေးသွားမှာဖြစ်ပါတ
2019-11-28
မြန်မာအစိုးရတပ်တွေနဲ့ မွန်ပြည်သစ်ပါတီတပ်တွေအကြား စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ်တဲ့အတွက် ဒေသခံ မွန်တိုင်းရင်းသားတွေဟာ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ဆောင်ခလဘူရီနယ်ထဲကို ဆက်ပြီးထွက်ပြေးလာနေကြဆဲဖြစ်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။
2019-11-28
တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဥပဒေကြမ်းတွေကို မဆွေးနွေးဘဲ ကြန့်ကြာအောင် အချိန်ဆွဲနေတာဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးချနေတာ လားလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းထုတ် လိုက်ပါတယ်။
2019-11-28
လူကုန်ကူးမှုတားဆီးကာကွယ်ဖို့ အိန္ဒိယနဲ့ မြန်မာ သဘောတူညီတဲ့အကြောင်းနဲ့ ဒီနှစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို လူကုန်ကူးသူတွေ အများဆုံး သွေးဆောင်ဖြားယောင်းနိုင်လို့ အန္တရာယ်အများဆုံးနိုင်ငံတွေ ဖြစ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2019-11-28
နိုင်ငံ့ရေးရာ မေးစရာ အစီအစဉ်မှာတေ့ာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်သီရိရတနာကို RFA-ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-11-28
ဒီတစ်ပတ် ယနေ့နိုင်ငံရေး အစီအစဉ်မှာ "နိုင်ငံတကာ ဖိအားတွေကြောင့် အနာဂတ်မှာ တပ်မတော်နဲ့ NLD- အစိုးရ ပိုစည်းလုံး လာမလား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-11-28
တိုက်ပွဲတွေကြောင့် ခရီးသွားလုပ်ငန်းကျဆင်းနေချိန် ရှမ်းပြည်နယ်မြောက်ပိုင်းက အထင်ကရ နေရာတစ်ခုဖြစ်တဲ့ သီပေါမြို့နယ်မှာ ဂျာမဏီနိုင်ငံသား တစ်ဦး မိုင်းထိလို့ သေဆုံးခဲ့ပါတယ်။
2019-11-28
ကယားပြည်နယ် လွိုင်ကော်မြို့နယ်က တပ်မတော်ပိုင် မြေနေရာပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ နဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ တောင်သူ သုံးဦးကိုလွိုင်ကော်မြို့နယ် တရားရုံးက နောက်တိုးအမှုတွေနဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2019-11-28
ကမ္ဘာမှာ ကျောက်ရောဂါလို ကူးစက်ရောဂါကြီးတွေ တချို့ကို ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် သန်ကောင်လိုရောဂါတွေကတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ခေါင်းထောင်နေဆဲဖြစ်ပါတယ်။
2019-11-27
တပ်မတော်ဘက်က စစ်ရပ်စဲရေးကြေညာဖို့လိုသလို မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လိုတိုးပိုလျှော့ပုံစံနဲ့ ဆွေးနွေးကြမယ်ဆိုရင် အမြန်ဆုံးငြိမ်းချမ်းရေးရနိုင်မှာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က တိုက်တွန်းလိုက်ပါတယ်။
2019-11-27
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့မနက်က ရွာသားတစ်ဦး ပစ်ခတ်ခံရလို့ ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
2019-11-27
ကမ်းနီး ပုဇွန်၊ ငါးဖမ်းလုပ်ငန်းက အလုပ်သမားတွေ အနိုင်ကျင့်ခံနေရတာဟာ ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်နေပြီး အသေးစိတ်အခြေအနေတွေကို သိနိုင်ဖို့ ကျားဖောင် လုပ်ငန်းအများစုရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး သွားမယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ပြောပါတယ်။
2019-11-26
မြောက်ကိုရီးယားနဲ့ မပြေပြစ်လို့ ကိုရီးယားကျွန်းဆွယ်အရေး ပူပန်နေရပေမဲ့ တောင်ကိုရီးယားဟာ ကမ္ဘာမှာ စီးပွားရေး အားတောင့်တဲ့နိုင်ငံဖြစ်လာပါတယ်။
2019-11-26
ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်အက်ဥပဒေကို ကျော်လွန်ဆောင်ရွက် ခဲ့တဲ့ တပ်မတော်သားတချို့ကို ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့အဖွဲ့က ဒီနေ့ ဘူးသီးတောင်နယ်မြေခံတပ်ရင်းထဲမှာ စစ်တရားရုံးကြားနာမှုကို ဒီကနေ့စတင်လိုက်ပါတယ်။