သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-04-03
ငလျင်ကြောင့် နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေဟာ လမ်းဘေး၊ ပန်းခြံ၊ ဘုန်းကြီးကျောင်း၊ မြေကွက်လပ် စတဲ့ နေရာတွေမှာ မိသားစုလိုက် ယာယီတဲတွေနဲ့ နေထိုင်နေကြရပါတယ်။
2025-04-03
လျင်ဒဏ်အကြီးအကျယ်ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အဝင်အထွက်ကို စစ်ကောင်စီက ဧပြီလ ၃ ရက် ဒီနေ့မနက်ကစလို့ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2025-04-03
မြန်မာနိုင်ငံမှာ ဧပြီလ ၃ ရက် မနက် ၁၀ နာရီအထိ နောက်ဆက်တွဲငလျင် ၆၅ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2025-04-03
အင်အားပြင်းငလျင်ကြောင့် ဧပြီလ ၃ ရက် မနက် ၈ နာရီ အထိ သေဆုံးသူ ၃၀၈၅ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံ MRTV ကနေ ကြေညာပါတယ်။
2025-04-02
အဲ့ဒီအပစ်ရပ်ကြေညာချက်မှာပါတဲ့ အချက်တွေကို စစ်ကောင်စီကိုယ်တိုင် လိုက်နာဖို့လည်း လိုအပ်တယ်လို့ KIO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2025-04-02
ငလျင်ဘေးအပါအဝင် နောက်ဆုံးရ မြန်မာသတင်းများ။ (RFA အနေဖြင့် ရန်ပုံငွေ မရေရာမှုအခြေအနေကြောင့် အစီအစဉ်များအား အကန့်အသတ်ဖြင့်သာ ထုတ်လွှင့်နေပါသည်)
2025-04-02
စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ရမဲ့အစား စစ်အစိုးရကို စင်မြင့်တစ်ခုပေးတာပဲလို့ APHR အဖွဲ့ဝင် ထိုင်းလွှတ်တော်အမတ် Rangsiman Rome က ပြောပါတယ်။
2025-04-02
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ငလျင်ကယ်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး တရုတ်ကြက်ခြေနီအသင်းက ပေးပို့ခဲ့တဲ့ သဘာဝဘေး ကယ်ဆယ်ရေးပစ္စည်းတွေလည်း မန္တလေးကို ပို့ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
2025-04-02
ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့ နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ဧပြီ ၁ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်ရပ်လိုက်တာလို့ စစ်ကောင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2025-04-02
နိုင်ငံတဝန်းမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ အင်အားပြင်းမြေငလျင်ကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွားကြုံတွေ့နေရပြီး ရေပြတ်လပ်မှုပါ ကြုံနေကြရပါတယ်။
2025-04-02
မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
2025-04-02
“မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ကိုယ်ကျိုးစွန့် တွန်းလှန်နေကြဆဲပါ။ BIMSTEC က ဒီပြည်သူတွေကို ထောက်ခံ ပံ့ပိုးရမယ့်အစား စစ်အစိုးရကို စင်မြင့်တခု ဖန်တီးပေးနေတယ်” လို့ APHR အဖွဲ့ဝင် ထိုင်းလွှတ်တော်အမတ် Rangsiman Rome က ပြောပါတယ်။
2025-04-02
ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နောင်ချိုမြို့နယ် တောင်လှနဲ့ ဂေါ်ရခါးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၁ ရက်နေ့က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရ သွားတယ်လို့ TNLA က မနေ့ညနေက ထုတ်ပြန်ပါတယ်။
2025-04-02
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက် ၈ နာရီအထိ သေဆုံးသူ ၂၈၈၆ ဦးအထိရှိနေပြီလို့ စစ်ကောင်စီရဲ့ MRTV တယ်လီဂရမ်လူမှုကွန်ရက်မှာ ဒီနေ့မွန်းလွဲပိုင်းကဖော်ပြပါတယ်။
2025-04-02
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။