သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-18
စစ်ကိုင်းမြို့ ဓမ္မစေတီအောင်မြေဘုံကျော်ကျောင်းတိုက်မှာ ခရစ်ယာန်ဓမ္မဆရာတော်တစ်ပါးက ဗုဒ္ဓဘာသာဝင်တွေကို ခရစ်ယာန်ဘာသာရေး အယူအဆတွေ ဟောပြောခဲ့တာနဲ့ ပတ်သက်ပြီး သာသနာညှိုးနွမ်းစေမှု တရားစွဲထားတာကို စစ်ကိုင်းမြို့နယ် တရားရုံးက အာမခံပေးလိုက်ပါတယ်။
2019-01-18
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
2019-01-18
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်ထဲ လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ မြင့်တက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
2019-01-17
ရခိုင်ပြည်နယ်အရေးအတွက် ဖွဲ့ထားတဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်တွေဟာ ပွင့်လင်းမြင်သာပြီး အများယုံကြည်မှုရှိအောင် တိတိကျကျဆောင်ရွက်ဖို့နဲ့ မြန်မာအစိုးရကလည်း အဲဒီအဖွဲ့ရဲ့တွေ့ရှိချက်အတိုင်း အရေးယူဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စ တိုရှိကို အာဘေး က မြန်မာအစိုးရအာဏာပိုင်တွေကိုရော တပ်မတော်အကြီးအကဲကိုပါ တိုက်တွန်းလိုက်ပါတယ်။
2019-01-17
မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အပါအဝင် လူနည်းစုတိုင်းရင်းသားတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။
2019-01-17
၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်အတွင်း ကလေးစစ်သားစုဆောင်းခဲ့တဲ့ အရာရှိ ၁၆ဝ နဲ့ တခြားအဆင့် ၆၆၇ ဦး၊ စုစုပေါင်း ၈၂၇ ဦးကို အရေးယူခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းက ပြောလိုက်ပါတယ်။
2019-01-17
ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ စိုက်ပျိုးရေးစီမံကိန်းတွေနဲ့ မြို့ပြကျေးရွာချဲ့ထွင်တာတွေကြောင့် ဆင်တွေရဲ့ စားကျက်မြေတွေ လျော့နည်းလာနေပါတယ်။
2019-01-17
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်း စတဲ့ ဒေသက RFA ပရိတ်သတ်တွေရဲ့ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-01-17
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ပြန်လည်ဖိအားပေးလာချိန်မှာ အစိုးရဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိဘဲ နှုတ်ဆိတ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
2019-01-17
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတာတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ အရေးပေါ် အကူအညီလိုအပ်တဲ့သူတွေကို ကူညီနိုင်ရေး ခွင့်ပြုဖို့ အစိုးရထံ ခွင့်တောင်းထားကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2019-01-17
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှု စစ်ဆေးနေတာ ၂ နှစ်ပြည့်တော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ ၉၅ ရာခိုင်နှုန်း စစ်ဆေးပြီးပြီး ဖြစ်တယ်လို့ ဦးကိုနီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးမင်းမင်းဇော် က ဒီနေ့ ပြောပါတယ်။
2019-01-17
၂၀၀၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ကလေးစစ်သားပေါင်း ၁၇၃၀ နီးပါးကို မိဘတွေထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း က ပြောလိုက်ပါတယ်။
2019-01-17
ဥရောပသမဂ္ဂ(အီးယူ)နိုင်ငံတွေကို မြန်မာ့ဆန်တင်ပို့မှုအတွက် ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေး GSP အခွန်ကင်းလွတ်ခွင့်ကို အီးယူက သုံးနှစ်ရပ်ဆိုင်းလိုက်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး အခွန် စတင်ကောက်ခံသွားမှာဖြစ်ပါတယ်။
2019-01-17
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ AA ရခိုင်အဖွဲ့ရဲ့ ယာယီတပ်စခန်းတစ်ခုကို ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
2019-01-17
ကချင်ပြည်နယ် ချီဖွေမြို့နယ်က လော်ဝေါ် နှစ်ခြင်းအသင်းတော် စစ်ဘေးဒုက္ခသည်စခန်းအတွင်းကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဆံတစ်ခုကို အမြန်ဆုံး ရှင်းလင်းပေးစေလိုတယ်လို့ စခန်းမှာနေထိုင်တဲ့ ဒေသခံတွေကပြောပါတယ်။