သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-17
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ ပြောကြားချက်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့အပြင် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်ခဲ့တာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ဖြစ်မြောက်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-01-17
ကချင်ပြည်နယ်ကို လွတ်လပ်တဲ့ ကချင်နိုင်ငံတော်အဖြစ် တည်ထောင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ရက်ကြာ ကျင်းပခဲ့တဲ့ဆွေးနွေးအပြီး ကချင်တိုင်းရင်းသားတွေက သဘောထား ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2019-01-17
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက ဒေသခံ ရွာသား ၄၀၀ ခန့်ဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ပါတီဖြစ်တဲ့ “ပြည်သူ့ပါတီ” ဝင်ရောက်ခွင့်အတွက် ပါတီဝင် အဆိုပြုလွှာတွေကို ဒီနေ့ အောင်သပြေကျေးရွာမှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
2019-01-17
ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ နောက်ထပ် တရားခံပြသက်သေနှစ်ဦးသာ စစ်ဆေးဖို့ကျန်ရှိနေပြီး၊ မကြာခင်မှာ အမိန့်ချမှတ်နိုင်တော့မယ်လို့ ခန့်မှန်းနေကြပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦးနဲ့ ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာကို ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။
2019-01-16
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ ရသေ့တောင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။
2019-01-16
ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အတွက် စာသင်ကျောင်း အတော်များများ ပိတ်ထားရပါတယ်။ အတန်းတင်စာမေးပွဲတွေ နီးကပ်လာနေပေမယ့် ဘူးသီးတောင်မြို့နယ်အတွင်းမှာ စာလုံးဝမသင်နိုင်တဲ့ ကလေးတွေ ရာနဲ့ချီပြီး ရှိနေတယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက ပြောပါတယ်။
2019-01-16
လွှတ်တော်နဲ့အစိုးရကို အယုံအကြည်မရှိလို့ဆိုပြီး ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်စာတင်ထားတာ ငါးလကျော်ကြာတဲ့အထိ တိုင်းလွှတ်တော် တာဝန်ရှိသူတွေဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိခဲ့ပါဘူး။
2019-01-16
တနင်္သာရီတိုင်းကမ်းရိုးတန်းက ကမ်းနီးငါးဖမ်းလုပ်ကွက်တွေမှာ ကမ်းဝေးငါးဖမ်းလှေတွေ ဥပဒေမဲ့ ဝင်ရောက် ငါးဖမ်းနေတာကို တိုင်ကြားပေမယ့် အာဏာပိုင်တွေဘက်က အရေးယူတာ မရှိသလောက်ဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
2019-01-16
ဧရာဝတီတိုင်း ဇလွန်မြို့နယ်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွေထဲက ပြောင်းစိုက်ခင်းဧက ၁၃ဝဝဝ ကျော်မှာ ဖျက်ဆီးအားကောင်းတဲ့ ငမြောင်တောင်ဖျက်ပိုး (Fall Army Worm) မျိုးစိတ်အသစ်တစ်မျိုး ကျရောက်နေတဲ့ အတွက် ဒီပိုးကိုနှိမ်နှင်းဖို့ ပြောင်းစိုက်တောင်သူတွေ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
2019-01-16
ရန်ကုန်တိုင်းကျောက်တန်းမြို့နယ်မှာ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်တာ မရှိတဲ့ ဝဲကြီးဆိုတဲ့ကျေးရွာလေး ရှိပါတယ်။
2019-01-16
၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အင်န်အယ်လ်ဒီပါတီ၊ ရှမ်းတိုင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်ကို ကျားခေါင်းပါတီ က ကန့်ကွက်ထားတာကို ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဒုတိယအကြိမ် ကြားနာစစ်ဆေးခဲ့ပါတယ်။
2019-01-16
စည်းကမ်းမဲ့ မြစ်သဲကျောက်တွေ တရားလွန်ထုတ်လုပ်နေမှုကြောင့် ပြည် ပန်းတောင်း၊ ရွှေတောင်မြို့နယ်ထဲက ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ စားဝတ်နေရေး အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့အတွက် အစိုးရနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ဒီနေ့ ဧရာဝတီမြစ်ထဲမှာ ရေလုပ်သား ၃၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။
2019-01-16
အစိုးရတပ်နဲ့ ရခိုင်အဖွဲ့ AA တို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ရန်အောင်မြင်ကျေးရွာထဲကို ဒီနေ့ နေ့လယ်က လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက RFA ကို ပြောပါတယ်။
2019-01-16
ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းအားလုံးကို မယုံကြည်ဘဲ သတင်းတွေ မှန်ကန်မှုရှိလားဆိုတာကို စိစစ်ပြီးမှ ယုံကြည်ကြဖို့နဲ့ သတင်းမီဒီယာတွေကလည်း စိုးရိမ်မှု လွန်ကဲနိုင်တဲ့ ဖော်ပြချက်မျိုး မဖြစ်ရအောင် သတိထားဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD က တိုက်တွန်းလိုက်ပါတယ်။
2019-01-16
ရှမ်းပြည်နယ် သီပေါမြို့နယ် လုံဝယ်ရွာ အရှေ့ဘက်မှာ ဒီနေ့မနက် ၆ နာရီလောက်က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲကြောင့် လုံဝယ်ရွာ၊ ဖက်နန်ရွာနဲ့ ခါးရိုးရွာက ရွာသားတွေဟာ နားကန်ရွာ နောင်ကော်ကြီးရွာနဲ့ နောင်အန်ရွာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။