သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-16
Myanmar Now သတင်းဌာနက အယ်ဒီတာချုပ်ကိုဆွေဝင်း အမှုမှာ တရားလိုပြသက်သေဖြစ်တဲ့ ဦးဝီရသူဟာ အရပ်ဖက် တရားရုံးမှာ အစစ်ဆေးမခံဘဲ သံဃနာယကရုံးမှာသာ လာရောက် စစ်ဆေးဖို့ တရားရုံး လျှောက်ထားချက်ကို မဟာအောင်မြေမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
2019-01-16
လွှတ်တော်မတက်တာ ၅ လကျော်ခန့် ရှိနေပြီဖြစ်တဲ့ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းဟာ လွှတ်တော်နဲ့ အစိုးရကို အယုံအကြည် မရှိတာကြောင့် လွှတ်တော် ကိုယ်စားလှယ် တာဝန်ကနေ နုတ်ထွက်စာ တင်ထားတယ်ဆိုတာ မှန်ကန်ကြောင်း RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။
2019-01-16
ဧရာဝတီတိုင်းလွှတ်တော်ရုံးမှာ အသုံးပြုမယ့် ကားဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို NLD ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
2019-01-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာသယ်ယူခွင့်ကို တပ်မတော်က တားဆီးပိတ်ပင်ထားတာဟာ မဖြစ်သင့်သလို ဒါဟာ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲက ဒီနေ့ ဝေဖန် ပြောဆိုလိုက်ပါတယ်။
2019-01-16
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ မနေ့က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်တာ၊ ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။
2019-01-15
တရုတ်-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံကနွားတွေ ရောင်းဝယ်ရာမှာ ကုန်သည်တွေ အရံှုးပေါ်နေကြတယ်လို့ သိရပါတယ်။
2019-01-15
NLD အစိုးရအနေနဲ့ တပ်မတော်ရဲ့ လေးစားမှုနဲ့ပူးပေါင်းဆောင်ရွက်မှု ရယူသင့်ကြောင်း မဟာဗျူဟာနဲ့ မူဝါဒရေးရာအဖွဲ့ ISP က တိုက်တွန်းလိုက်ပါတယ်။
2019-01-15
ယောဂီဝတ်နဲ့ အကြားအမြင်ဟောပြောရင်း ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော် လိမ်လည်ခဲ့တဲ့ ဒေါ်နန္ဒမာလာ (ခေါ်) ဒေါ်စောမြင့်ကြည်ကို ငွေကျပ်သိန်းပေါင်းတစ်သောင်းနဲ့ လှိုင်မြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
2019-01-15
ထိုင်းနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ထိုင်းနယ်စပ်က ကရင်ဒုက္ခသည်စခန်းကို သွားရောက်ဖို့ရှိတယ်လို့ ကရင်ဒုက္ခသည် ကော်မတီက ပြောလိုက်ပါတယ်။
2019-01-15
ရခိုင့်တပ်မတော် AA နဲ့ ဖြစ်တဲ့ တိုက်ပွဲဟာ ပြည်တွင်းစစ်မဟုတ်ဘဲ သောင်းကျန်းသူကို တိုက်တဲ့ တိုက်ပွဲသာဖြစ်ကြောင်း တပ်မတော်က ဒီကနေ့ ပြောလိုက်ပါတယ်။
2019-01-15
အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် ရန်ကုန်မြို့တွင်း မိုးပျံရထားလမ်း စီမံကိန်းအတွက် တရုတ်ကုမ္ပဏီတစ်ခုက ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို မနေ့က တေ့ွဆုံရှင်းပြခဲ့တယ်လို့ သိရပါတယ်။
2019-01-15
ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်နန္ဒမာလာကို လှိုင်မြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
2019-01-15
လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန် ကို အရပ်ဝတ်နဲ့ ရဲအင်အား ၁၀ ဦးခန့်က တက္ကသိုလ်ကျောင်းဝင်းအတွင်း ဒီနေ့ညနေ ၂ နာရီမှာ ဖမ်းဆီးခဲ့ပြီး ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-01-15
NLD ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံရေးဦးဆောင်မှု အားနည်းချက်နဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ တရားသေစွဲကိုင်ထားတဲ့ နိုင်ငံရေးမူဝါဒတွေကြောင့် ပြည်တွင်းစစ်တွေ ပိုမိုပြင်းထန်လာတာလို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ သဘောထားထုတ်ပြန်ပြီး ဝေဖန်လိုက် ပါတယ်။
2019-01-15
ရခိုင်ပြည်နယ်ကို Confederate ကိုယ်ပိုင်အချုပ်အခြာ အာဏာရှိတဲ့အဆင့်ထိ ရလိုကြောင်း AA စစ်ဦးစီးချုပ် ပြောကြားခဲ့တာဟာ လက်တွေ့နဲ့ ကင်းကွာပြီး ဒီအချက်ကို နိုင်ငံရေးဦးတည်ချက် အနေနဲ့ ဖော်ဆောင်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အလွန်များလာမှာဖြစ်သလို ရခိုင်ပြည်သူတွေ အထိအခိုက်များလာမယ်လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု ISP ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇင် က ပြောပါတယ်။