သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-09
လာမယ့် ၂၀၂၀ပြည့်နှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတ စွာကျင်းပပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ကတိပြု လိုက်ပါတယ်။
2019-01-09
ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူစာချုပ် MOU နဲ့ အလုပ်သမားတွေ ပို့ဆောင်ရာမှာ အလုပ်သမားတွေကို လိမ်ညာပို့ဆောင်နေတဲ့ ကုမ္ပဏီတွေကို အရေးယူပေးဖို့ဆိုပြီး ဒီနေ့ ကရင်ပြည်နယ် မြဝတီမြို့မှာ အလုပ်သမားတွေ၊ ပရဟိတအဖွဲ့တွေ အပါအဝင် လူ ၈၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။
2019-01-09
မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်သတ္တုအသေးစား လက်လုပ်လက်စား လုပ်ကွက် လုပ်ကိုင်လိုသူတွေအနေနဲ့ တိုင်းအစိုးရအဖွဲ့ရုံးထံ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စတင်လျှောက်ထားနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။
2019-01-09
ဈေးသူ၊ ဈေးသားတွေက သူတို့ရဲ့သဘောထားဆန္ဒမပါဘဲ ဈေးအသစ်ဆောက်လုပ်ဖို့ စီစဉ်နေတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်သူကို ဗဟိုပြုတဲ့ စည်ပင်သာယာလုပ်ငန်းတွေဖြစ်ပေါ်ဖို့၊ ပြည်သူနဲ့ မကိုက်ညီတဲ့ စည်ပင်နည်းဥပဒေတွေကို ပြင်ဆင်ပေးဖို့၊ ပြည်သူကို ဗဟိုပြုတဲ့ လိုင်စင်ဈေးကွက် ဖြစ်ပေါ်ဖို့၊ ဈေးနဲ့ ပတ်သက်တဲ့ အခွန်အခတွေ လျော့ချဖို့ စတဲ့ အချက်တွေကို ကြွေးကြော်တောင်းဆို ဆန္ဒပြကြတာဖြစ်ပါတယ်။
2019-01-09
အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ “အမျိုးသားနိုင်ငံရေး ပါတီ” အမည်နဲ့ တည်ထောင်ခွင့် လျှောက်ထားတာဟာ အချက်အလက် မပြည့်စုံသေးတာကြောင့် ခွင့်မပြုသေးတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်နိုင် က ပြောပါတယ်။
2019-01-09
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဓလေ့ထုံးစံအရ ဓားပလိုင်းတွေ ကိုင်ဆောင် သွားလာတာကို ချင်းဝိသေသတိုင်း အက်ဥပဒေပုဒ်မ ၃၄(၆) အရ အရေးယူသွားမယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2019-01-09
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်မှာ MNDAA အဖွဲ့က လူသစ် စုဆောင်းနေတာကြောင့် ကျေးရွာ ၄ ရွာက မြောင်ဇီ တိုင်းရင်းသား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
2019-01-08
မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆောင်ရွက်တဲ့အခါမှာ အဓိကထုတ်လုပ်ဖြန့်ဖြူးနေတဲ့အုပ်စုတွေကို နှိမ်နင်းဖို့ ICGနိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က ထုတ်ပြန်တဲ့ “ရှမ်းပြည်နယ်က ပဋိပက္ခနဲ့ မူးယစ်ဆေးဝါး”အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။
2019-01-08
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြည်ပတက္ကသိုလ်နှစ်ခုနဲ့ ချိတ်ဆက်ပြီး အစိုးရအရာရှိကြီးတွေကို လေ့ကျင့် သင်တန်းပေးနေတာတွေ ဇန်နဝါရီလ ၄ ရက်နေ့ကစပြီး ရပ်ဆိုင်းထားလိုက်ပြီလို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မနေ့က ပြောလိုက်ပါတယ်။
2019-01-08
မန္တလေးတိုင်းအတွင်း တက္ကသိုလ်ကျောင်းတွေတဝိုက်မှာ လုယက်မှုနဲ့ လူသတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ကျောင်းသားကျောင်းသူတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
2019-01-08
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရက ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို ခေါ်ယူပြီး သတင်းယူခွင့်ပြုခဲ့ပါတယ်။
2019-01-08
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် Cixing Knitting သိုးမွှေးထည်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ပြန်ခန့်ဖို့ အလုပ်သမားတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုပြီးနောက် အလုပ်ရှင်က အလုပ်ပြန်ခန့်ဖို့ သဘောတူလိုက်ပါတယ်။
2019-01-08
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆုံဆို့နာရောဂါ ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားနေပြီး၊ ရောဂါကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။
2019-01-08
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံက စစ်ဆင်းနစ်(ခ်)တင် Cixing Knitting သိုးမွှေး အထည်စက်ရုံမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ပြန်ခန့်ဖို့ စက်ရုံအသီးသီးက အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမား ၁၀၀ ကျော်လောက်ဟာ အဲဒီစက် ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒပြတောင်းဆိုပြီးနောက် အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်က သဘောတူလိုက်ပါတယ်။
2019-01-08
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ရွာဝန်းကျင်မှာ ရဲအရာရှိ ၂ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။