သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် အများစုပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်း ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေအပေါ် စိစစ်ပေးဖို့နဲ့ ကော်မတီရဲ့ ဆောင်ရွက်ချက်တွေကို ကန့်ကွက်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် တင်ဆွေဝင်းက ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြလိုက်ပါတယ်။
2019-12-20
နေပြည်တော်က ဗစ်တိုးရီးယားကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး သံသယ တရားခံ ကိုအောင်ကြီးကို တရားရုံးကနေ တရားရှင်လွှတ်လိုက်တာဟာ စောလွန်းတယ်လို့ ရဲတပ်ဖွဲ့က ဝေဖန်လိုက်ပါတယ်။
2019-12-20
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရေငံချောင်းရွာက လူငယ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်မှာ ကံ့ကော်မြိုင်ကျေးရွာအနီးမှာ သေနတ်နဲ့အပစ်ခံလိုက်ရပြီး သေဆုံးခဲ့ ပါတယ်။
2019-12-20
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ်လေး ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိကြီးတွေက ကလေးငယ်လေးရဲ့ နာမည်ကို ထုတ်ပြောခဲ့ကြလို့ ဝေဖန်ခံနေရပါတယ်။
2019-12-20
Facebook တာဝန်ရှိသူ တချို့ဟာ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားရောက်ပြီး ၂၀၂၀ ရွေးကောက်ပွဲကာလ သတင်းအမှားတွေ၊ အမုန်းစကားတွေနဲ့ သတင်းအတုတွေကို ကာကွယ်တားဆီးနိုင်မယ့် အစီအစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2019-12-20
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ကလေးငယ် ဗစ်တိုးရီးယားရဲ့ နာမည်၊ မိဘနာမည်နဲ့ ကိုယ်ရေးအချက်လက်တွေ ထုတ်ဖော်ပြောကြားခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဟာ ကျင့်ဝတ်နဲ့ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်တယ်လို့ ဝေဖန်နေကြပါတယ်။
2019-12-19
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က ကျားဖောင်တွေပေါ်မှာ ရေလုပ်သားတွေ မတရားခိုင်းစေခံနေရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတဲ့ သတင်းတွေထွက်နေပါတယ်။
2019-12-19
ရခိုင်ပြည်နယ် မာန်အောင်မြို့က နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံးဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် မတိုင်ခင် ဒီကနေ့ မနက်အစောပိုင်းက မာန်အောင်မြို့မှာ မိုင်းသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။
2019-12-19
မြန်မာနိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ကုတုပါလောင်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒီဇင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
2019-12-19
နေပြည်တော် Wisdom Hill မူကြိုကျောင်းက Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုမှာ သံသယတရားခံ ကိုအောင်ကြီးကို တရားရုံးက တရားရှင် လွှတ်ပေးလိုက်တာဟာ စောလွန်းတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2019-12-19
ကချင်ပြည်နယ် မြစ်ကြီနားခရိုင် ချီဖွေမြို့နယ်နဲ့ ပန်ဝါမြို့နယ်ခွဲအတွင်း မြေရှားသတ္တု တရားမဝင် တူးဖော်မှု များနေပါတယ်။
2019-12-19
RFA ကိုရေးတဲ့စာ ပေးတဲ့စာအစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေထဲက တင်ပြပေးသွားမှာဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူ နဲ့ မဖြူဖြူခိုင်က တင်ပြထားပါတယ်။
2019-12-19
ရှမ်းပြည်နယ်မှာ ဒီနှစ် ဇွန်လအထိ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၂၄၁ ဦးကို တရားစွဲဆိုခဲ့တယ်လို့ ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းလွင်က RFA ကို ပြောပါတယ်။
2019-12-19
အခုတစ်ပတ် "နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ကို RFA-ဝိုင်းတော်သား ကိုသီဟထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-12-19
ဒီတစ်ပတ် ယနေ့နိုင်ငံရေး အစီအစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံရဲ့ ICJ ထွက်ဆိုချက် ဂျီနိုဆိုက်ကို ကျော်လွှားနိုင်မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။