သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-16
သမိုင်းတန်ဖိုးကြီးမားတဲ့ မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်နယ်မြေ သတ်မှတ်ရေးမှာ ရခိုင်စစ်ပွဲကြောင့် အခက်ကြုံနေရတယ်လို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောလိုက်ပါတယ်။
2019-12-16
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံတကာ ထုတ်ကုန်၊ ထွက်ကုန်များပြပွဲမှာ မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်တွေလည်း မြန်မာ့ထုတ်ကုန်တွေကိုပါဝင်ပြသခဲ့ပါတယ်။
2019-12-16
၇၂ ကြိမ်မြောက်တပ်မတော်-လေရဲ့ အခမ်းအနားမှာ ရုရှားထုတ် အဆင့်မြင့် တိုက်ခိုက်ရေးယာဉ်တွေ လွှမ်းမိုးထားတာ တွေ့ရပါတယ်။ အဲဒီထဲက အထင်ရှားဆုံး အနေနဲ့ Yak-130 အမျိုးအစားဆိုရင် တပ်မတော်-လေက အသုံးပြုနေတာ အနည်းဆုံး ၁၂ စင်းခန့်ရှိနေပြီလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
2019-12-16
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရစဉ် ကာလအတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ တရားဝင် နေရပ်ပြန်လာနိုင်ချေမရှိသေးဘဲ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ဟာ ၂၀၂၀ အလွန်မှ တစ်စုံတစ်ရာ ထူးခြားမှုရှိနိုင်မယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
2019-12-16
တရုတ်တစ်ရှူးတစ်ရှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်တားဆီးဖို့နဲ့ အခွန်ဘဏ္ဍာရရှိရေး မူဝါဒချဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော်က ဒီနေ့အတည်ပြုလိုက်ပါတယ်။
2019-12-16
တိုင်းရင်းသားဒေသတွေမှာ အကြီးစားစီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် တိုင်းရင်းသားတွေကို ကြိုတင်ချပြပြီး ညှိနှိုင်းသဘောတူညီမှုတွေရမှ လုပ်ဆောင်ဖို့နဲ့ တပ်မတော်က တောင်သူတွေကို တရားစွဲထားတာတွေ ပြန်လည်ရုပ်သိမ်းပေးဖို့ ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ရက် (FEFN) က ဒီနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2019-12-16
နမ့်ဆန်မြို့နယ် ကြက်သေရွာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာတဲ့ အမျိုးသမီးတစ်ဦး မိုင်းထိမှန်ခဲ့သလို ဇယန်းမန်မိုင်ကျေးရွာက အမျိုးသားတစ်ဦးလည်း မိုင်းထိမှန်ခဲ့ပါတယ်။
2019-12-16
မြစ်ကြီးနားမြို့နယ် တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခုပေးခဲ့တာကြောင့် ထောင်ဒဏ် သုံးလချမှတ်ခံခဲ့ရတဲ့ ကချင်လူငယ် ကိုပေါလု လွတ်ရက်စေ့လို့ မြစ်ကြီးနား အကျဉ်းထောင်ကနေ ဒီနေ့ပြန်လည်လွတ်မြောက်လာပါတယ်။
2019-12-16
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မဲလ်ဖို့ဒ်မြို့၊ မြူ ရ် (Muir) အလယ်တန်းကျောင်းရဲ့ သူရဲကောင်းခန်းမ Hall of Heroes မှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းချီကားချပ်ကို ဖယ်ရှားလိုက်တယ်လို့ လော့စ်အိန်ဂျယ်လစ်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
2019-12-15
ရခိုင်ပြည်နယ်က မြောက်ဦးခေတ် ဗိသုကာလက်ရာတွေဟာ အတုမရှိဘူးလို့ အီတလီ ပညာရှင်တစ်ဦးက ပြောပါတယ်။
2019-12-15
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာဝကျေးရွာအုပ်စု စိတ္တရကျေးရွာထဲ ဒီဇင်ဘာ ၁၁ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ရွာခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့သလို ဒေသခံ ရှစ်ယောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2019-12-15
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးကို ကြိုးပမ်းနေသလို ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဇုန်တွေနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်နေတယ်လို့ ဒီနေ့ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2019-12-15
နောင်လာမယ့် ၁၀ နှစ် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးက နေရာလပ်မကျန် လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ အစိုးရက ရည်မှန်းချက်ထား ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ ရေကာတာနဲ့ ကျောက်မီးသွေး သုံးထုတ်လုပ်မှုတွေ များလာမှာကို စိုးရိမ်ကြတာတွေ ရှိနေပါတယ်။
2019-12-14
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်က ကချင်နှစ်ချင်းအသင်းတော်ကျောင်း KBC 1 ဒုက္ခသည်စခန်းကို ရောက်နေသူတွေရဲ့ ခရစ်စမတ်ပွဲတော်နဲ့ နေရပ်စွန့်ခွာခြင်း ခုနှစ်နှစ်ပြည့် အစီအစဉ်ကို ဒီနေ့ ဒုက္ခသည်စခန်းမှာ ကျင်းပခဲ့ကြပါတယ်။
2019-12-14
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုရင်ဆိုင်ပြီး နေပြည်တော်ကို ဒီနေ့ ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို NLD ပါတီဝင်တွေ၊ အစိုးရဝန်ထမ်းတွေ အပါအဝင် ပြည်သူအများအပြား ကြိုဆိုဝန်းရံခဲ့ပါတယ်။