သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-31
မြန်မာနိုင်ငံမှာ ထုတ်လုပ်မယ့် ပိုးထည်နဲ့ အော်ဂဲနစ် ချည်ထည်လုပ်ငန်းတွေမှာ မြန်မာကုမ္ပဏီနဲ့ ပူးတွဲရင်းနှီးမြှုပ်နှံဖို့ အမေရိကန် ဒေါ်လာ ၁.၄သန်း ရင်းနှီးသွားမယ်လို့ ဗြိတိသျှအစိုးရ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် DFID ကြေညာပါတယ်။
2019-01-31
မန်မာနိုင်ငံ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖု့ိအတွက် ကလေးတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။
2019-01-31
လုပ်ငန်းလိုင်စင်ရဘဏ်တွေ နိုင်ငံတကာ ငွေပေးချေမှု၊ စာရင်းရှင်းလင်းမှုတွေမှာ ဂျပန်ယန်းငွေနဲ့ တရုတ်ယွမ်ငွေ အသုံးပြုဖို့ မြန်မာနိုင်ငံဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။
2019-01-31
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ IDP စခန်းတွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၇ စုက ဒုက္ခသည် ၁ဝ၅ ယောက်ကို သူတို့ရဲ့ မူလကျေးရွာဖြစ်တဲ့ ဝိုင်းမော်မြို့နယ် နမ်ဆန်ယာန်ကျေးရွာကို ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြန်ပို့ဆောင်လိုက်ပါတယ်။
2019-01-31
နှစ် ၇ဝ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်ရှိရာ ကရင်ပြည်နယ် ဘားအံခရိုင်၊ ကလိုယော်လေးမှာ ဒီကနေ့မနက်ပိုင်းက စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။
2019-01-31
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကေ်ာမတီဖွဲ့စည်းဖို့ အရေးကြီးအဆိုကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ ကန့်ကွက်လွှာ ပေးပို့ထားတယ်လို့ တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ဒီနေ့ ပြောလိုက်ပါတယ်။
2019-01-31
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-01-31
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာပြင်ဖို့ အရင်အစိုးရ လက်ထက်ကတည်းက သဘောတူထားပြီးဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2019-01-31
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ NLD ပါတီက တင်သွင်းတဲ့ အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေ ဝင်ရောက်ဆွေးနွေးမှာ မဟုတ်တော့ဘူးလို့ တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင် က RFA ကို ဒီနေ့ ပြောပါတယ်။
2019-01-31
မြောက်ပိုင်းမဟာ မိတ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကြားဝင် ဆောင်ရွက်ပေးနေတဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးနေကြောင်း ရခိုင့်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခက RFA ကို ပြောပါတယ်။
2019-01-31
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လိုင်စင်ရဘဏ်တွေမှာ နိုင်ငံတကာ ငွေပေးချေရေး၊ စာရင်းရှင်းလင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေရေးတွေ ဖွံ့ဖြိုးတိုးတက်စေရေးတွေအတွက် ဂျပန်ယန်းငွေနဲ့ တရုတ်ယွမ်ငွေ အသုံးပြုဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2019-01-31
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဟာ ဆွေမျိုးနီးစပ်သူတွေကို လုပ်ပိုင်ခွင့်ချထားပေးတာ၊ ကိုယ်ရေးအရာရှိ ခန့်အပ်တာစတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီဗဟိုထံ တိုင်ကြားခံထားရတာကို စတင်စစ်ဆေးနေပြီလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က RFA ကို ဒီနေ့ ပြောပါတယ်။
2019-01-31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ် မှုကြောင့် ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့ ဒီဖြစ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တွေမြို့အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့တွေက မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2019-01-31
ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒုရဲမှူးမိုးရန်နိုင်ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ လွတ်ရက်စေ့ပြီး အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာတော့မယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြု ပြောကြားလိုက်ပါတယ်။
2019-01-31
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ပါ သဘောတူညီချက်တွေကတဆင့် နိုင်ငံရေးပြဿနာတွေကို လွတ်လပ်မှု၊ တန်းတူရည်တူမှုအပြင် စိတ်ရင်းစေတနာမှန်နဲ့ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တိုက်တွန်းပြောကြားလိုက်ပါတယ်။