သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-23
၂ဝ၁၉ အတွက် ကြုံရတဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ လေထုညစ်ညမ်းမှုကို ပြဿနာနံပါတ်တစ် အဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားပါတယ်။
2019-01-23
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတင်းဘာဂနာ ဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က ကြိမ်နီပြင် နဲ့ အနောက်ရဲ မွတ်စလင် ဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။
2019-01-23
ကျောင်းတွင်းလုံခြုံရေးနဲ့ ကျောင်းသန့်ရှင်းရေးဝန်ထမ်း တိုးမြင့်ပေးဖို့ ဆန္ဒပြခဲ့တဲ့ ရတနာပုံ တက္ကသိုလ် ကျောင်းသား ၇ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် နဲ့ တွေ့ခွင့်ရဖို့ တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေ အစိုးရရုံးမှာ ဒီနေ့ တောင်းဆိုကြပါတယ်။
2019-01-23
တနင်္သာရီတိုင်း ပုလောမြို့နယ် ဝါးဇွန်းအုပ်ကျေးရွာက ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ်ခြံမြေတွေထဲမှာ တပ်မတော် လေ့ကျင့်ရေးကျောင်းက စစ်ရေးလေ့ကျင့်ပြီး မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတွေ ကျန်ရှိနေတာကြောင့် ဒေသခံရွာသားတွေ စိုးရိမ်နေကြပါတယ်။
2019-01-23
တရုတ်နိုင်ငံကို တရားမဝင်လမ်းကြောင်းက သွားရောက်ပြီး ကြံခုတ်လုပ်ငန်းကနေ ထွက်ပြေး လာတဲ့ မြန်မာအလုပ်သမား ၄၅ ဦးဟာ ဒီကနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိ လာပါတယ်။
2019-01-23
တရားသူကြီးတွေ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုကို ကန့်ကွက် သူမရှိတဲ့အတွက် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2019-01-23
မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းလုံခြုံရေး တိုးမြှင့်ချထားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၇ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2019-01-23
မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ Myanmar Coast Guard ဖွဲ့စည်းသွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဇန်နဝါရီလ ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။
2019-01-23
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု ရွာဟောင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၅၆ နှစ်အရွယ် ဦးမောင်အေးသိန်းကို မနေ့ညက အမည်မသိ သေနတ်သမားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။
2019-01-23
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၄ ကို အသုံးပြုပြီး အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီး ၁ ဦးကို တာဝန်ကနေ ရပ်စဲလိုက်သလို ၂ ဦးကိုလည်း ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2019-01-22
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အိန္ဒိယနယ်ခြားဒေသနဲ့ နီးကပ်လာနေ တဲ့အတွက် အိန္ဒိယအာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ မနေ့က သတင်းရပါတယ်။
2019-01-22
ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဟာစီနာရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen အေ ကေ အဘ်ဒူလ် မိုမင်း က သူတို့နိုင်ငံရောက် ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ပို့ရေးအတွက် တရုတ်ပြည်နဲ့ တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
2019-01-22
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဇုံမှာ ရောက်ရှိနေတဲ ရိုဟင်ဂျာမွတ်စလင် ၃၁ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2019-01-22
ရခိုင့်တပ်မတော် AA စစ်ဦးစီးချုပ်က ဖက်ဒရယ်စနစ်ထက် Confederation ကို ပိုပြီး လိုလားတယ်လို့ ပြောဆိုခဲ့ပါတယ်။
2019-01-22
ပြီးခဲ့တဲ့နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီပြီး ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ဒေသခံတွေရဲ့ လူနေမှုဘဝတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့အတွက် ကော့ဆက်ဘဇားဒေသမှာ နေထိုင်တဲ့ ဒေသခံ တစ်သောင်းလောက်ကို ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က အိမ်ထောင်စုသုံး ပစ္စည်းတွေ စတင် ဝေငှခဲ့ပါတယ်။