သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-21
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တစ်ချိန်လုံး ကြိုးစားနေကြောင်း၊ ဆောင်ရွက်သမျှကို ပြည်သူကို ချပြမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2019-01-21
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဗိုလ်ချုပ် ဂွမ်မော် ခေါင်းဆောင်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုပုံစံနဲ့ အဆုံးသတ်ဖော်ဆောင်မလဲ ဆိုတာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2019-01-21
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စာမေးပွဲဖြေဆိုရေး အခက်အခဲမဖြစ်ဖို့အတွက် တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းသွားမယ်လို့ SSPP က ပြောပါတယ်။
2019-01-21
ကချင်ပြည်နယ်က ဝန်ကြီးတချို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ရာထူးကနေ နုတ်ထွက်ကြောင်း စာတင်ဖို့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အခုလ ၁၈ ရက်နေ့က ညွှန်ကြားလာတယ်လို့ ကာယကံရှင် ဝန်ကြီးတွေက RFA ကို ပြောပါတယ်။ RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
2019-01-21
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်လို့ လူထုသဘောထားအတိုင်းပါပဲလို့ NLD ပြောခွင့်ရသူက ပြောကြားထားပါတယ်။ လူထုသဘောထားသိဖို့ အစိုးရကမလုပ်နိုင်ရင် မြစ်ဝှမ်းတလျှောက်က ပြည်သူလူထုကိုယ်တိုင် ဆန္ဒသဘောထားကောက်ယူနိုင်တယ်လို့ BANCA ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးအသင်းက ပညာရှင်က ပြောပါတယ်။
2019-01-20
၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ပြင်ဆင်လိုက်တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ အလုပ်သမားအခွင့်အရေးတွေကို အပြည့်အဝရရှိရေးအတွက် လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ဦးဆောင်ပြီး လူအင်အား တစ်ထောင်ကျော်က ဒီကနေ့ ရန်ကုန်မြို့ သခင်မြပန်းခြံကနေ မဟာဗန္ဓုလပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2019-01-20
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရခိုင်ပြည်နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
2019-01-20
ဇန်နဝါရီလ ၁၆ ရက်နေ့က အမှတ် ၂ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ယာဉ်ကို မောင်တောမြို့နယ် ဝက်ကျိန်းရွာနား တံတားအနီးအရောက်မှာ အာဆာအကြမ်းဖက်အဖွဲ့က အင်အား ၁၀ ယောက်ခန့်က ချောင်းမြောင်းပစ်ခတ်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ ဒဏ်ရာရခဲ့ကြတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
2019-01-20
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ် တရာအိုင်ရွာရဲ့ အနောက်မြောက်ဘက်မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
2019-01-20
တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်တဲ့စနစ်မျိုးဖြစ်အောင် ပြင်ဆင်ပေးဖို့တာဝန်ဟာ လွှတ်တော်အလုပ်ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2019-01-20
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပြင်ဆင်ချက်မှာ ထောင်ဒဏ်ထည့်သွင်းပေးဖို့ အပါအဝင် အလုပ်သမားအခွင့်အရေးတွေကို အလုပ်သမားသမဂ္ဂအဖွဲ့ ၈ ဖွဲ့ စုပေါင်းပြီး ဒီနေ့ သခင်မြပန်းခြံကနေ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2019-01-20
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကို ပါတီစည်းကမ်းတွေ ချိုးဖောက်တဲ့အတွက် ပါတီကနေထုတ်ပယ်လိုက်ပြီလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။
2019-01-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရဆိုပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြည်နယ်ဝန်ကြီး ၃ ဦးကို မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ကြောင်း စာတင်ဖို့ ညွန်ကြားထားပါတယ်။
2019-01-20
အစိုးရတပ်မတော်ဘက်က တပ်မတော်တစ်ခုတည်း ထားရှိရေးမူနဲ့ ရက္ခိုင့်တပ်မတော် AA ဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် Confederation ရရှိရေးဆိုတဲ့ မူဝါဒကွဲပြားမှုတွေကြောင့် ဒီ ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
2019-01-20
၂ဝ၁၉ ဇန်နဝါရီလ ၁၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " တကျော့ပြန် မြစ်ဆုံစီမံကိန်းနဲ့ တရုတ်နိုင်ငံရဲ့ သြဇာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။