သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-13
မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဆန့်ကျင်ကန့်ကွက်တာမရှိဘဲ ပြင်ပရောက်ရှိနေသူတွေနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ကြတာဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ပြောကြားလိုက်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံး ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်လိုက်ပါတယ်။
2019-01-13
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ သဘောထားအတိုင်းဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
2019-01-13
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က သရက်ပြင်ကျေးရွာအုပ်စု အလယ်ချောင်း ခမီရွာသစ် အနီးမှာ ဒီနေ့မနက်ပိုင်းက ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံမြိုတိုင်းရင်းသား ၃၀၀ နီးပါးဟာ နေအိမ်တွေစွန့်ခွါထွက်ပြေးနေရတယ်လို့ သိရပါတယ်။
2019-01-12
၂ဝ၁၉ ဇန်နဝါရီလ ၁၂ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ပိုမိုရှုပ်ထွေးလာတဲ့ ရခိုင်ဒေသနဲ့ ပြည်ထောင်စုအရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-01-12
၂ဝ၁၉ ဇန်နဝါရီလ ၁၂ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " ပိုမိုရှုပ်ထွေးလာတဲ့ ရခိုင်ဒေသနဲ့ ပြည်ထောင်စုအရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-01-12
Clean Yangon အဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တော် အမှိုက်လျော့ချရေး လှုပ်ရှားမှုအဖြစ် အမှိုက်စွန့်ပစ်မှုဆိုင်ရာ ကျောင်း အသိပညာပေးအစီအစဉ်ကို ဒဂုံမြိုသစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ရှိတဲ့ ကျောင်းပေါင်း ၁၀၀ ကျော်မှာ ပြုလုပ်ခဲ့ပါတယ်။
2019-01-12
ကချင်လူမျိုးတွေရဲ့ လုံခြုံရေးနဲ့ အနာဂတ် နိုင်ငံရေးအတွက် နည်းလမ်းသစ် ရှာဖွေနိုင်ရေး ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပက ကချင်လူမျိုး ၁၅၀ ကျော်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကချင်အမျိုးသား ညီလာခံ တစ်ရပ်ကို ဒီကနေ့ စတင် ကျင်းပနေပါတယ်။
2019-01-12
ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အကူအညီတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က သွားရောက်ပေးအပ်ခဲ့ပါတယ်။
2019-01-12
အမျိုးသားညီလာခံကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့တဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရှိတဲ့ ညောင်နှစ်ပင်ခန်းမကို စိုက်ပျိုးမွေးမြူရေး သင်တန်းခန်းမအဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ ပြောလိုက်ပါတယ်။
2019-01-12
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီဟာ မကြာခင် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြေညာချက် ထုတ်လိုက်ပါတယ်။
2019-01-12
NCA ပါ အချက်တွေအားလုံး ညှိနှိုင်းမှုတွေ ပြေလည်သွားပြီဆိုရင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ SSPP အဖွဲ့က ပြောကြားလိုက်ပါတယ်။
2019-01-12
သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားရေးသမားတွေဖြစ်တဲ့ ဦးတင့်လွင် အပါ ၈ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းမီဒီယာကောင်စီကို ဒီဇင်ဘာ ၂၇ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။
2019-01-12
ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို တညီတညွတ်တည်းဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ANP ဗဟိုဌာနချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ကြပါတယ်။
2019-01-12
နေပြည်တော်မှာ သံရုံးဖွင့်လှစ်လိုတဲ့ နိုင်ငံတွေကို ဒက္ခိဏသီရိမြို့နယ်က သံတမန်ဇုန်မှာ မြေတစ်ဧက ဒေါ်လာ ၅ သိန်းနှုန်းနဲ့ မြေနေရာ ချထားပေးနေကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။
2019-01-12
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ၊ ကလေး၊ ကလေးဝဘက်က အကျဉ်းစခန်းတွေက အကျဉ်းသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က RFA ကို ပြောပါတယ်။